ဒေါ်ဒန်းမဗုဒ္ဓရုပ်ပွားတော်

ဝီကီပီးဒီးယား မှ
ဒေါ်ဒန်းမဗုဒ္ဓရုပ်ပွားတော်
ကိုဩဒိနိတ်27°26′37″N 89°38′43″E / 27.4435°N 89.6454°E / 27.4435; 89.6454ကိုဩဒိနိတ်: 27°26′37″N 89°38′43″E / 27.4435°N 89.6454°E / 27.4435; 89.6454
တည်နေရာKuenselphodrang, Thimphu, Bhutan
အမျိုးအစားstatue
ပစ္စည်းbronze
အမြင့်၅၄ မီတာ (၁၇၇ ပေ)
စတင်2006
ပြီးဆုံးSeptember 2015
ရည်ရွယ်Bring peace and prosperity to the world
ဝဘ်ဆိုဒ်buddhadordenma.org


ဒေါ်ဒန်းမဗုဒ္ဓရုပ်ပွားတော် သည် ဘူတန်နိုင်ငံတောင်တန်းပေါ်တွင် တည်ထားသည့် ကြီးမားသည့် စကြာမုနိဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ဖြစ်သည်။ ၎င်းကို လေးယောက်မြောက်ဘုရင် Jigme Singye Wangchuck နှစ်ခြောက်ဆယ်ပြည့်အဖြစ် တည်ထားခဲ့သည်။[၁] ရုပ်ပွားတော်ကြီးသည် ရုပ်ပွားတော်ငယ်များ ရာထောင်တို့၏ အပေါ်တွင် တည်ရှိသည်။ ထိုရုပ်ပွားတော်ငယ်များသည်လည်း ရုပ်ပွားတော်ကြီးကဲ့သို့ ပုံစံအတူတူပင် ဖြစ်သည်။ ကြေးနီဖြင့် ပြုလုပ်ထားကာ ရွှေချထားသည်။ [၂]ဒေါ်ဒန်းမဗုဒ္ဓရုပ်ပွားတော်ကြီးသည် Kuensel Phodrang အပျက်အစီးများ၏ အလယ်တွင် တည်ရှိသည်။ Kuensel Phodrang သည် ဆယ့်သုံးဦးမြောက် အုပ်ချုပ်သူဘုရင်၏ နန်းတော် Sherab Wangchuk ဖြစ်သည်။ တောင်ဘက်သို့ အပေါ်စီးမှ ကြည့်ရှုကာ ဘူတန်၏ မြူတန်၏ မြို့တော် ဆင်းဖု (Thimphu) ကို မြင်နိုင်သည်။ တည်ဆောက်မှုများကို ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့ပြီး ၂၀၁၀ ခုနှစ် အောက်တိုဘာလ တွင် ပြီးစီးရန် စီစဉ်ခဲ့သည်။ သို့သော် တည်ဆောက်မှုသည် ၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၅ တိုင်အောင် မပြီးစီးသေးပေ။ ရုပ်ပွားတော်သည် ကမ္ဘာပေါ်ရှိ အကြီးဆုံးရုပ်ပွားတော်များထဲမှ တစ်ခုဖြစ်ပြီး ၁၆၉ ပေ (၅၂ မီတာ) ရှိသည်။ ထို့အပြင် ၈ လက်မြင့်သည့် ကြေးနီဗုဒ္ဓရုပ်ပွားတော် ၁၀၀၀၀၀ ဆူနှင့် ၁၂ လက်မမြင့်သည့် ရုပ်ပွားတော် ၂၅၀၀၀ ဆူ ပါဝင်သည်။[၃][၄]

ရုပ်ပွားတော်ကို တရုတ်နိုင်ငံရှိ Aerosun Corporation of Nanjing က အမေရိကန်ဒေါ်လာ ၄၇ သန်းကုန်ကျစရိတ်ဖြင့် တည်ဆောက်ခဲ့သည်။ စီမံကိန်းတစ်ခုလုံး၏ ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကျော်ခဲ့သည်။ အတွင်းပိုင်းသည် အသီးသီး ဝင်ဆံ့သည်။ လှူဒါန်းသူများ၏ အမည်များကို ခန်းမတွင် ပြသထားသည်။ ၎င်းခန်းမသည် ရုပ်ပွားတော်ကြီး၏ ပလ္လင်ပုံစံ ဖြစ်ပေါ်စေသည်။ စေတီတော်၏ နမူနာပုံစံသည် ထင်ရှားသည့် ဘူတန်လူမျိုးဆရာဖြစ်သူ Jenzop Lopen Sangay က ရွှံ့စေးဖြင့် ပြုလုပ်ခဲ့သည်။ Jenzop Lopen Sangay သည် ဘူတန်နိုင်ငံ၊ Paro, Shaba မှ ဖြစ်သည်။ သူသည် ရုပ်ပွားတော်ကြီးကို စတင်တည်ဆောက်နေစဉ်အတွင်းတွင် တရုတ်နိုင်ငံရှိ စီမံကိန်းနေရာများကို သွားရောက်ကာ ထောက်လှမ်းခဲ့သည်။ သူ၏ အဓိကလက်ရာများကို major Dzongs and Temples of Bhutan including Punakha Dzong, Takstang, Wangduephodrang, Yonglagoenpa, Austsho Dratshang, Gelephu Dzong, Chukha Dzong, Tsangkha Chenrigzee Lhakhang များနှင့် အခြားနေရာများတွင် တွေ့မြင်နိုင်သည်။

ရုပ်ပွားတော်မှ မြင်ရသည့်အောက်ခြေတွင် Kuensel Phodrang သဘာဝဥယျာဉ် တည်ရှိပြီး ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ဥယျာဉ်သည် ၉၄၃.၄ ဧက ရှိသည့် သစ်တောဖြစ်ပြီး ရုပ်ပွားတော်ကြီးကို ဝန်းရံပတ်ထားကာ တည်ရှိသည်။ ထို့အပြင် အများပြည်သူဆိုင်ရာအားကစားရုံနှစ်ခုကိုလည်း ၂၀၁၅ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။[၅][၆]

Panoramic View of Buddha Dordenma

ကိုးကား[ပြင်ဆင်ရန်]

  1. "Buddha Dordenma consecrated"၊ Kuensel၊ 25 September 2015။ 29 December 2016 တွင် ပြန်စစ်ပြီး 
  2. Structural Designs။ Buddha Dordenma Project။ 30 January 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 December 2016 တွင် ပြန်စစ်ပြီး။
  3. October opening for tallest Buddha။ Buddha Dordenma Project။ 19 August 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 8 January 2012 တွင် ပြန်စစ်ပြီး။
  4. Buddha Dordenma Statue။ Tourism Council of Bhutan။ 9 April 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 29 December 2016 တွင် ပြန်စစ်ပြီး။
  5. Gigantic Buddha Dordenma Statue။ Bhutan Travel Bureau (28 February 2014)။ 30 December 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2021 တွင် ပြန်စစ်ပြီး။
  6. "Six outdoor gyms to be set up by March"၊ Kuensel၊ 17 January 2015။