ဒေါပုံသင်္ဘောကျင်း

ဝီကီပီးဒီးယား မှ

ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ သင်္ဘောကျင်း-ဒေါပုံကို ဒုတိယကမ္ဘာစစ်မဖြစ်မီ နှစ်ပေါင်း (၃၀) ကျော်က ဘားမားအင်ဂျင်နီယာရင်းကုမ္ပဏီကို အစိုးရမှဝယ်ယူပြီး၊အစိုးရ သင်္ဘောကျင်း-ဒေါပုံ အဖြစ် စတင်ဖွင့်လှစ် ခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာတိုင်းရင်းသား လုပ်သားများဖြင့် ပေ(၅၀)မှ ပေ(၁၀၀)ရှိ သစ်သားရေယာဉ်များကို တည်ဆောက်ခဲ့သည်။ ဂျပန်များစစ်ရှုံး၍ မြန်မာပြည်မှ ထွက်ခွာရာတွင် ဤသင်္ဘောကျင်းအား မြေလှန်စနစ်ဖြင့် ထပ်မံဖျက်ဆီးခြင်းခံခဲ့ ရသည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်းနိုင်ငံခြားသားလုပ်သားများနေရာတွင်တိုင်းရင်းသားလုပ်သားများက တာဝန်ယူဆောင်ရွက်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]