ဒေါက်ခွပင်
| ဒေါက်ခွပင် (Spinach) | |
|---|---|
| ဒေါက်ခွပင်နှင့် ၎င်း၏ပန်း | |
| မျိုးရိုးခွဲခြားခြင်း | |
| လောက: | Plantae |
| Clade: | Angiosperms |
| Clade: | Eudicots |
| မျိုးစဉ်: | Caryophyllales |
| မျိုးရင်း: | Amaranthaceae |
| မျိုးဇာတ်: | Anserineae |
| မျိုးစု: | Spinacia |
| မျိုးစိတ်: | S. oleracea |
| ဒွိနာမ | |
| Spinacia oleracea | |
ရုက္ခဗေဒ အလိုအားဖြင့် ဒေါက်ခွပင်[၁] (စပင်းနစ်ပင်၊ အင်္ဂလိပ်ဘာသာ - Spinach) သည် စပင်နေးစီးအိုလာရေးစီး(spinacia oleracea) ဖြစ်၍ 'ကီနိုပိုအေးစီး'မျိုးရင်းတွင် ပါဝင်သည်။ ရှေးအခါကပင် အာရပ်လူမျိုးများသည် ဒေါက်ခွပင်များကို ဆေးဝါးအဖြစ် အသုံးပြုခဲ့ကြသည်။ ဥရောပတိုက်၌လည်း ရှေးအခါကပင် စပင်းနစ် ခေါ် ဒေါက်ခွရွက်ကို ဟင်းသီးဟင်းရွက် တစ်မျိုးအဖြစ် ပွဲလမ်းသဘင်နေ့များတွင် အမြတ်တနိုးထား၍ စားသုံးခဲ့ကြသည်။
ဒေါက်ခွပင်သည် လျင်မြန်စွာ ကြီးထွားနိုင်သေ တစ်နှစ်ခံ ပင်မျိုး ဖြစ်သည်။ အစေ့များကို စိုက်ပျိုးပြီးနောက် ရက်ပေါင်း ၄ဝ မှ ၅ဝ အတွင်း ကောင်းစွာ ကြီးထွားနိုင်သည်။ စပင်းနစ်ပင်၏ အရွက်များမှကြီး၍ထူပြီးလျှင် အရည်ရွှမ်းသည်။ အရွက်များကို အစိမ်းလိုက်သော်လည်းကောင်း၊ ချက်ပြုတ်၍သော်လည်းကောင်း စားသုံးကြသည်။ စားရာ၌ အနည်းငယ် ဝမ်းသက်တတ်သည်။
ဒေါက်ခွပင် အရွက်ထဲ၌ ဗီတာမင်ဘီဓာတ်လည်း အတော်အတန် ပါရှိပေသည်။[၂] မျက်စိအားကောင်းစေခြင်း၊ ဆံပင်ကျွတ်ခြင်းမှကာကွယ်နိုင်ခြင်း၊ ညဘက်အိပ်ပျော်စေခြင်း၊ ခုခံအားမြင့်စေခြင်း စသောအကျိုးကျေးဇူးများလည်း ရရှိနိုင်သည်။[၃]
ကိုးကား
[ပြင်ဆင်ရန်]- ↑ https://my.wiktionary.org/wiki/%E1%80%92%E1%80%B1%E1%80%AB%E1%80%80%E1%80%BA%E1%80%81%E1%80%BD
- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)
- ↑ Dr. Thin Yadanar @ Frances (28 March 2019)။ ဟင်းနုနွယ်စားခြင်းရဲ့ အံ့မခန်း အာနိသင်များ ။ ။။