ဒေတာဘေ့စ်
Jump to navigation
Jump to search
ဒေတာဘေ့စ် (Database) ဆိုသည်မှာ အကြောင်းတစ်စုံတရာ အတွက် အသုံးချနိုင်ရန် အတွက် အချက်အလက်များကို စနစ်တကျ စုစည်းထားခြင်း ဖြစ်ပြီး ပုံမှန်အားဖြင့် ဒစ်ဂျစ်တယ် ပုံသဏ္ဌာန်ဖြင့် သိမ်းဆည်းထားလေ့ ရှိသည်။ အချက်အလက်များကို ပြင်ပကမ္ဘာမှ အချက်အလက် စုစည်းမှု ပုံသဏ္ဌာန် (ဥပမာ ဟိုတယ်များရှိ လွတ်နေသော အခန်းများ) သို့မဟုတ် အချက်အလက်များကို ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူသည့် ပုံသဏ္ဍန် ( ဥပမာ အခန်းလွတ်နေသော ဟိုတယ်ကို ရှာဖွေခြင်း) စသည့် ပုံသဏ္ဌာန် မျိုးဖြင့် စုစည်း သိမ်းဆည်းထားလေ့ ရှိသည်။ ဒေတာဘေ့စ် ဆိုသော အသုံးအနှုန်းသည် အသုံးပြုသူမှ ရှုမြင်သည့် အချက်အလက်များကို ခေါ်ဆိုသကဲ့သို့ ဖိုင်များ၊ ကွန်ပျူတာ မှတ်ဉာဏ်များ နှင့် ကွန်ပျူတာ အချက်အလက် သိုမှီးရာ နေရာများတွင် အမှန်တကယ် သိမ်းဆည်းထားသည်ကိုလည်း ခေါ်ဆိုတတ်သည်။