ဒုလုတိကန်

ဝီကီပီးဒီးယား မှ
ဒုလုတိကန်
Lake Duluti
ဒုလုတိကန် သည် Tanzania တွင် တည်ရှိသည်
ဒုလုတိကန်
ဒုလုတိကန်
တည်နေရာArusha District
ကိုဩဒိနိတ်ကိုဩဒိနိတ်: 3°23′10″S 36°47′20″E / 3.386°S 36.789°E / -3.386; 36.789
အမျိုးအစားNatural freshwater lake, volcanic crater lake
ရေချိုင့်ဝှမ်းရှိရာ နိုင်ငံများတန်ဇန်းနီးယားနိုင်ငံ
အကျယ်ဆုံး အလျား၁.၁၁ km (၀.၆၉ mi)
အကျယ်ဆုံး အနံ၀.၇၃ km (၀.၄၅ mi)
မျက်နှာပြင် ဧရိယာ၀.၆ km2 (၀.၂၃ sq mi)[၁]
အနက်ဆုံး အနက်အရှိုင်း၉ m (၃၀ ft)[၂]
ပင်လယ်ရေ မျက်နှာပြင်အမြင့်၁,၂၉၀ m (၄,၂၃၀ ft)[၃]

ဒုလုတိကန် သည် တန်ဇန်းနီးယားနိုင်ငံ၊ အ‌ရှေ့ဒေသတွင် တည်ရှိသည့် မီးတောင်ပေါက်ကွဲရာမှ ဖြစ်လာသည့် ကန်တစ်ခု ဖြစ်သည်။[၄]ဤကန်သည် မြေနိမ့်လွင်ပြင်ဒေသကြီး၏ အရှေ့ဘက်အပိုင်း၏ အရှေ့ဘက်အစွန်းတွင် တည်ရှိသည်။ မီရုခရိုင်တွင် တည်ရှိပြီး တန်းဂီရုမြို့နှင့် နီးကပ်သည်။ အရုရှမြို့လယ်မှ ၁၄ ကီလိုမီတာ (၈.၇ မိုင်) အကွာတွင် တည်ရှိသည်။ အရုရှ - မိုရှိလမ်းမမှ ၁.၃၁ ကီလိုမီတာ(၀.၈၁ မိုင်) အကွာတွင် ဖြစ်သည်။

ကန်သည် ၆၃ ဟက်တာခန့် (၁၆၀ ဧက) လွှမ်းခြုံတည်ရှိသည်။ ပတ်ဝန်းကျင်တွင် ဒုလုတိတောရှိပြီး ၁၉ ဟက်တာ (၄၇ ဧက) ကုန်းမြေအဖြစ် တည်ရှိသည်။ ကန်၏ အလယ်ပိုင်း အနက်ဆုံးနေရာသည် ၉ မီတာ (၃၀ ပေ) ရှိသည်။ ကန်၏ ကန်ခြေအပိုင်းသည် တိမ်သည့်အပိုင်း ဖြစ်သည်။ ကန်၏ အနက်သည် နေရာတစ်ခုနှင့် တစ်ခု အပြောင်းအလဲ ရှိသည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. Nancy P. Mduma, Hans C. Komakech, Jing Zhang and Alfred N. Muzuka, "APPLICATION OF ISOTOPES AND WATER BALANCE ON LAKE DULUTI-GROUNDWATER INTERACTION, ARUSHA, TANZANIA," Manuscript under review for Hydrology and Earth System Sciences, published 8 June 2016, p. 3, online at https://www.hydrol-earth-syst-sci-discuss.net/hess-2016-176/hess-2016-176.pdf .
  2. Mduma, et al., p. 3.
  3. Mduma, et al., p. 3.
  4. Arusha Region
  5. lake duluti