ဒီးန်၊ ဂျင်မီ

ဝီကီပီးဒီးယား မှ

အမေရိကန် ကျေးလက်အဆိုတော် ဂျင်မီဒီးန်သည် တက္က ဆက် ပြည်နယ် ရှိ ဆင်းရဲသော မိသားစုမှ ပေါက်ဖွားလာသူဖြစ်သည်။ ဂျင်မီဒီးန်သည် Bumming Around, A Thing Called Love, Slowly စသော တေးသီချင်းအယ်လ်ဘမ်များဖြင့် အောင်မြင် ကျော်ကြားသော ဆယ်စုနှစ်များကို ပိုင်ဆိုင်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ်များတွင်၎င်း၏ The Jimmy Dean Show (တစ်ကိုယ်တော်ဖျော်ဖြေပွဲ) များကို တင်ဆက်ခဲ့သည်။ ၎င်းသည် Big Bad John ဂန္ထဝင်တေးသီချင်း အယ်လ်ဘမ်ဖြင့် ၁၉၆၁ ခုနှစ်တွင် ဂရမ်မီဆုရရှိခဲ့ပြီး လူကြိုက် အများဆုံးသီချင်းအယ်လ်ဘမ်များတွင် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့သည်။ ၁၉၇၁ ခုနှစ်တွင် Diamonds Are Forever ဂျိမ်းစ်ဘွန်းဇာတ်ကားတွင် Willard Whyte ဇာတ်ကောင် နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သည်။ ကျေးလက်ဂီတ လောကတွင် အောင်မြင်ကျော်ကြားခဲ့သူ ဂျင်မီဒီးန်ကို ကွယ်လွန်ခါနီးအချိန်တွင် Hall of Fame(ထင်ပေါ်ကျော် ကြား သူတို့၏အမည်များကို ကမ္ပည်းထိုး မှတ်တမ်းတင်ထား သည့်ခန်းမ) တွင် မှတ်တမ်းတင်ရန် ရွေးချယ်ခဲ့ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. စွယ်စုံကျမ်းနှစ်ချုပ်(၂၀၁၁)