မာတိကာသို့ ခုန်သွားရန်

ဒီမိုဒရာဘူတာ

ဝီကီပီးဒီးယား မှ
Demodara
တည်နေရာSri Lanka
ကိုဩဒိနိတ်6°54′10″N 81°03′47″E / 6.9028736°N 81.0629186°E / 6.9028736; 81.0629186ကိုဩဒိနိတ်: 6°54′10″N 81°03′47″E / 6.9028736°N 81.0629186°E / 6.9028736; 81.0629186
စီမံခန့်ခွဲသူSri Lanka Railways
ရထားလိုင်း(များ)Main line
အကွာအဝေး၂၉၂.၃ km (၁၈၁.၆ mi) from Colombo
ပလက်ဖောင်းများ1 side platform
အခြား အချက်အလက်များ
ဘူတာရုံ ကုဒ်DDR
သမိုင်းကြောင်း
ဖွင့်ခဲ့5 February 1923

ဒီမိုဒရာဘူတာ သည် သီရိလင်္ကာနိုင်ငံ၊ Uva စီရင်စု၊ မြို့တော် ဘတ်ဒူလာ (Badulla) တွင် တည်ရှိသည့် ဘူတာတစ်ခု ဖြစ်သည်။ ကိုလံဘိုမြို့မှ ၂၇၇.၇၁ ကီလိုမီတာ (၁၇၂.၅၆ မိုင်) အကွာ အဓိကလမ်းမကြီးပေါ်ရှိ တတိယမြောက်နောက်ဆုံးဘူတာဖြစ်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၈ ကီလိုမီတာ (၅ မိုင်) တွင် တည်ရှိသည်။ အဓိကလမ်းမကြီးပေါ်တွင် ပြေးဆွဲနေသည့် Podi Menike နှင့် Udarata Menike အမြန်ရထားများအပါအဝင် အားလုံးသော ရထားများသည် ဒီမိုဒရာဘူတာတွင် ရပ်တန့်ကြသည်။

ရထားဘူတာသည် ထိုဒေသတည်ရှိသည့် ပတ်ကာသွားသည့် ရထားလမ်းကြောင့် ထင်ရှားသည်။ ၎င်းကို “ဒီမိုဒရာပတ်လမ်း” ဟု သိကြသည်။ ရထားသည် သူ့ကိုတိုင်ကိုယ်ပင် ဖြတ်သန်းကာ တည်ရှိ၍ ပတ်နေပြီး ဥမင်တစ်ခုမှ ထွက်ပေါ်လာသည်။ ရထားပတ်လမ်း၏ အရှည်သည် ခန့်မှန်းခြေ ၉၀၀ မီတာ (၃၀၀၀ ပေ) ရှိပြီး ဥမင်သည် ၃၂၀ မီတာ (၁၀၅၀ ပေ) ရှည်သည်။ ဤရထားလမ်းသည် ပတ်လမ်း၌ ဥမင်တည်ရှိနေသည့် ကမ္ဘာပေါ်မှ တစ်ခုတည်းသော လမ်းဖြစ်သည်ဟု ဆိုကြသည်။[][] ဘဒ်ဒူလာသို့ ရထားလမ်းချဲ့သည့်တည်ဆောက်မှုများ ဆောက်ရွက်သည့်အခါ အင်ဂျင်နီယာများနှင့် ကွင်းဆင်းလေ့လာသူများ ကြုံတွေ့ခဲ့ရသည်မှာ ဒီမိုဒရာရှိ တောင်ကုန်းများအကြားတွင် မျက်နှာပြင်အမြင့်သည် များလွန်းနေပြီး လမ်းကြောင်းဖွေရှာရန် ခက်ခဲနေသည်။

ခရီးစဉ်

[ပြင်ဆင်ရန်]
ယခင် ဘူတာ   Sri Lanka Railways   နောက် ဘူတာ
Uduwara   Main Line   Ella

ကိုးကား

[ပြင်ဆင်ရန်]
  1. Gyan C. A. Fernando (2001)။ Colombo to Badulla on the Udarata Menike Express Great Railway Journeys of the World 2008-11-01 တွင် ပြန်စစ်ပြီး။
  2. Aryadasa Ratnasinghe (13 June 1999)။ Train to Badulla The Sunday Times 2008-11-01 တွင် ပြန်စစ်ပြီး။