ဒစ်မောခရစ်တပ်စ်
Democritus | |
---|---|
မွေးဖွား | c. 460 BC Abdera, Thrace |
ကွယ်လွန် | c. 370 BC (aged around 90) |
ခေတ် | Pre-Socratic philosophy |
ဒေသ | အနောက်တိုင်း အတွေးခေါ် |
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school) | Pre-Socratic philosophy |
အဓိက စိတ်ဝင်စားရာ |
|
မှတ်သားလောက်သည့် အတွေးအကြံ |
|
သူ့အပေါ်ဩဇာလွှမ်းမိုးမှုများ
| |
ဒစ်မောခရစ်တပ်စ် (အင်္ဂလိပ်: Democritus /dɪˈmɒkrɪtəs/; ဂရိ: Δημόκριτος, Dēmókritos) သည် ဆိုကရေးတီးအကြို ဒဿနခေတ်၊ ရှေးခေတ်ဂရိ တွေးခေါ်ပညာရှင်တစ်ဦးဖြစ်၍ အဓိကအားဖြင့် ၎င်းကို စကြဝဠာဆိုင်ရာ အက်တမ်သီအိုရီ ဖော်ထုတ်ခြင်းအတွက် သတိတရရှိကြသည်။[၂]
ဒီမော့ခရစ်တပ်စ်ကို ခရစ်ကြို ၄၆၀ ၌ သရေ့စ်ပြည် အာ့ဘ်ဒီရာမြို့ (Abdera) တွင် ဖွားမြင်ခဲ့သည်။[၃] သို့သော် မွေးသောသက္ကရာဇ်နှင့်ပတ်သက်၍ အငြင်းပွမှုများလည်း ရှိကြသည်။ ၎င်း၏ တိကျသောဆောင်ရွက်မှုနှင့်ပတ်သက်၍လည်း သဲသဲကွဲကွဲသိရန် အတော်ပင်ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ရင်းမြစ်စာပေများ၌ ၎င်း၏ လမ်းပြဆရာ လူးဆစ်ပပ်စ်နှင့်တွဲ၍ အတူယှဉ်တွဲဖော်ပြကြသောကြောင့်ဖြစ်၏ ။
အက်တမ်အပေါ် ၎င်းတို့၏ တွေးထင်ယူဆချက်သည် ၁၉ ရာစု၏ အက်တမ်တည်ဆောက်ပုံကို နားလည်ခြင်းနှင့် အနည်းငယ်၊ တစ်ဝက်တစ်ပျက်တူညီမှုရှိရာ ၁၉ ရာစု ပုဂ္ဂိုလ်များက ဒစ်မောခရစ်တပ်စ်ကို အတွေးခေါ်ဆရာထက် သိပ္ပံဆရာတစ်ဦးနှင့် ပို၍တူသည်ဟု ယူဆသတ်မှတ်စေနိုင်ခဲ့သည်။[၄] ရှေးခေတ်အေသင်မြို့၏ မသိကျိုးကျွန်ပြုခြင်းခံရသူ ဒစ်မောခရစ်တပ်စ်ကို ပလေတိုက ၎င်း၏ စာအုပ်များကို မီးရှို့ဖျက်ဆီးချင်ခဲ့သည်အထိ မနှစ်မြို့ခဲ့ပေ။[၅] မြောက်ပိုင်းဇာတိသား အတွေးခေါ်ဆရာ အရစ္စတိုတယ်က ၎င်းကို ကောင်းစွာအသိအမှတ်ပြုခဲ့ကာ ပိရုတာဂိုးရပ်စ်၏ ဆရာလည်းဖြစ်သည်။[၆]
အများက ဒစ်မောခရစ်တပ်စ်သည် ခေတ်သစ်သိပ္ပံဘာသာရပ်၏ ဖခင်အဖြစ် ယူဆသတ်မှတ်ကြလေသည်။[၇][၈] ၎င်း၏ လက်ရာများ ရှင်သန်ကျန်ရစ်မှုမရှိပေ။ ၎င်း၏ကျယ်ပြန့်လှသော စာပေလက်ရာများထဲမှ အပိုင်းအစများကိုသာလျှင် ယခု၌ ၎င်း၏လက်ရာအဖြစ်သိရှိကြသည်။[၉]
ကိုးကား
[ပြင်ဆင်ရန်]- ↑ DK 59 A80: Aristotle, Meteorologica 342b.
- ↑ Barnes (1987).
- ↑ Russell, pp. 64–65.
- ↑ Stephen Toulmin and June Goodfield, The Architecture of Matter (Chicago: University of Chicago Press, 1962), 56.
- ↑ Diogenes Laërtius, Lives and Opinions of Eminent Philosophers, ix. 40: "Aristoxenus in his Historical Notes affirms that Plato wished to burn all the writings of Democritus that he could collect".
- ↑ Diogenes Laertius, Lives of Eminent Philosophers Book IX, Chapter 8, Section 50.
- ↑ Pamela Gossin, Encyclopedia of Literature and Science, 2002.
- ↑ "Who Was Democritus?"၊ 11 December 2015။
- ↑ Democritus at Stanford Encyclopedia of Philosophy
ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |