ဒိုမိန်းအမည်

ဝီကီပီးဒီးယား မှ

အဓိပ္ပါယ်ဖွင့်ဆိုချက်[ပြင်ဆင်ရန်]

ဒိုမိန်းအမည်ဆိုတာ အင်တာနက် ချိတ်ဆက်ထားတဲ့ ကွန်ပျူတာတစ်ခု သို့မဟုတ် ကွန်ပျူတာအများကို ကိုယ်စားပြုတဲ့ အမည်တစ်ခုအနေနဲ့ ဆောင်ရွက်ပါတယ်။ ဒိုမိန်းအမည်ကို ဝဘ်ဆိုဒ်ရဲ့ URL မှာ တစ်စိတ်တစ်ပိုင်း ဖော်ပြပါတယ်။ ဒီလို ဒိုမိန်းအမည်မျိုးကို Host name လို့လည်း ခေါ်ပါသေးတယ်။

ဒိုမိန်းတွေဟာ ဒိုမိန်းအမည် မှတ်ပုံတင်လုပ်ငန်း တွေက အသုံးပြုသူတွေအတွက် ဝန်ဆောင်မှုပေးတဲ့ ကုန်ပစ္စည်း (Product) တစ်ခုလည်း ဖြစ်ပါတယ်။ ဒီလို ဒိုမိန်းအမည်မျိုးကိုတော့ မှတ်ပုံတင်ပြီး ဒိုမိန်းအမည် (Registered domain name) လို့ ခေါ်နိုင်ပါတယ်။

3.domain name အမည်ပေးစနစ် (Domain Name System - DNS) မှာ အခြားရည်ရွယ်ချက်တွေအတွက် လည်းသုံးပါတယ်။ဥပမာ e-mail လိပ်စာ တစ်ခုမှာ @ သင်္ကေတရဲ့ နောက်က အမည် နေရာမှာသုံးသလို .com လိုမျိုး Top-level domain name မှာလည်းသုံးပါတယ်။ Section Initiation Protocol (VoIP) တွေမှာလည်း သုံးပါတယ်။ DomainKeys တွေမှာလည်းသုံးပါတယ်။

4.တစ်ခါတစ်လေမှာ domain name ကို web-address လို့လည်း အလွယ်တကူ နှုတ်ကျိုးပြီး ခေါ်လေ့ရှိပါတယ်။(တကယ်တော့ ဒီလိုခေါ်တာဟာ မမှန်ပါဘူး)

နောက်ဖော်ပြမယ့် အကြောင်းအရာတွေဟာ မှတ်ပုံတင်ပြီး domain name များကိုပဲ အကျယ်တဝင့် ရှင်းထားတာဖြစ်ပါတယ်။

ခြုံငုံဖော်ပြချက်များ[ပြင်ဆင်ရန်]

IP Address တွေကို ကိန်းဂဏန်းတွေနဲ့ ကိုယ်စားပြုပါတယ်။ IP Address တွေကိုပိုနားလည်နိုင်အောင် အမည်ပေးရာမှာdomain name များရဲ့ hostnames အမျိုးအစားကိုသုံးပါတယ်။ ဘယ်website ကိုမဆို Internet(သို့) Intranet အတွင်းက မတူညီတဲ့ IP Address ရှိတဲ့ တခြားနေရာတစ်ခုကို ကူးပြောင်းစေနိုင်ပါတယ်။

ကိန်းဂဏန်းတွေနဲ့ address အစား အက္ခရာများနဲ့ address ကိုသုံးခြင်းဖြင့် Internet သုံးစွဲသူများအနေနဲ့ website များနဲ့server-based ဝန်ဆောင်မှုများကို လွယ်လွယ်ကူကူ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ domain name system ရဲ့ အလျော့အတင်းလုပ်ပေးနိုင်တဲ့ စွမ်းရည်ကြောင့် IP Address များစွာကိုdomain name တစ်ခုတည်းအဖြစ်အသုံးပြုနိုင်ပြီး domain name များစွာကိုလည်း IP Address တစ်ခုတည်းအတွက် သုံးနိုင်ပါတယ်။ ဒါ့ကြောင့် server တစ်ခုဟာ လုပ်ငန်းများစွာ ဆောင်ရွက်နိုင်သလို (တစ်သီးပုဂ္ဂလ website များစွာကို host လုပ်နိုင်သလိုမျိုး) လုပ်ငန်းတစ်ခုတည်းကိုပဲ server များစွာ ဖြန်ေ့၀ခိုင်းစေနိုင်ပါတယ်။ IP Addressတစ်ခုတည်းကိုပဲ server များစွာကိုယ်စားပြုနိုင်ပါတယ်။

Host name များကိုASCIIစာလုံးများ -a မှ z (စာလုံးအကြီးအသေးမလို)၊ 0 မှ 9 ထိဂဏန်းများ၊ hyphen(-)စတာတွေနဲ့အသီးသီးဖြစ်စေ စုပေါင်းလျက်ဖြစ်စေ အမည်ပေးခွင့်ရှိပါတယ်။ မှတ်ပုံတင်လုပ်ငန်းတွေအနေနဲ့လည်း စည်းမျဉ်းများနဲ့ကိုက်ညီတဲ့ domain name များကိုသာ မှတ်ပုံတင်ပေးပါတယ်။ စည်းမျဉ်းမကိုက်ညီသော domain name တစ်ခုမှာ လုံး၀အသုံးမကျပါ။

နိုင်ငံတကာ domain name စနစ် (Internationalized Domain Name;IDN System) ကို host name များရှိ character အသုံးပြုခွင့် စည်းမျဉ်းများကို ကျော်လွှားနိုင်ဖို့ တီထွင်ထားပါတယ်။ domain name များကို domain ဟူ၍ တိုတိုတုတ်တုတ် ခေါ်လေ့ရှိပြီး domain name မှတ်ပုံတင်ဝယ်ယူသူများကို domain owner များဟုခေါ်ကြပါတယ်။

ယေဘူယျသဘောတရားအရ IP Address တစ်ခုနဲ့ server အမည်တစ်ခု အပြန်အလှန်ပြောင်းလဲနိုင်ပါတယ်။ Internet service တော်တော်များများမှာ sever တွေဟာ ဘယ်ဟာသုံးပြီးပြီလဲဆိုတာ မသိနိုင်ပါဘူး။ ဒါပေမယ့် web ကိုစိတ်ဝင်စားမှု အဆမတန် တိုးပွားလာတာကို ကြည့်ခြင်းအားဖြင့် server တွေထက် website အရေအတွက် ပိုများနေတယ်ဆိုတာ သိနိုင်ပါတယ်။ ဒါကိုလိုက်လျောညီထွေဖြစ်စေဖို့ hypertext transfer protocol(HTTP) ကနေ client မှ server ကို ဘယ်အမည်ကတော့ဖြင့်သုံးပြီးပြီ ဖြစ်ကြောင်း သတင်းပေးပို့စေပါတယ်။ ဒါကြောင့် IP Address တစ်ခုရှိတဲ့ server တစ်ခုဟာ ကွဲပြားတဲ့ domain name တွေနဲ့ site များစွာကိုဆောင်ရွက်နိုင်ပါတယ်။ ဒီစွမ်းရည်ကို virtual hosting လို့သုံးနှုန်းပြီး web hosts များအသုံးများပါတယ်။

ဥပမာ 208.77.188.166 ဆိုတဲ့ IP Address ဟာ အောက်ပါ site တွေကို ကိုယ်စားပြုနိုင်ပါတယ်။

example.com

www.example.com

example.net

www.example.net

example.org

www.example.org

domain name တစ်ခုကို မှတ်ပုံတင်လိုက်တာနဲ့ host name နဲ့ သက်ဆိုင်တဲ့ data တွေကို user ဆီပို့ပေးပါတယ်။

Top-level domains[ပြင်ဆင်ရန်]

domain name တိုင်း Top-level domain(TLD) name နဲ့ အဆုံးသတ်ရပါတယ်။TLD name များဟာ (character အနဲဆုံး 3 လုံးပါဝင်တဲ့) မျိုးတူ အမည်စာရင်းထဲက တစ်ခုဖြစ်နိုင်သလို ISO - 3166 ကို အခြေခံထားတဲ့ character နှစ်လုံးပါ territory code လည်းဖြစ်နိုင်ပါတယ်။ Top-level domain များကို first-level domain လို့လည်းတစ်ခါတစ်ရံခေါ်ကြပါတယ်။

other-level domains[ပြင်ဆင်ရန်]

top-level domain အပြင် second-level domain(SLD) လည်းရှိပါသေးတယ်။ SLD တွေဟာ .com .net တို့လို TLD တွေရဲ့ ဘယ်ဘက်မှာရှိပါတယ်။

နောက် third-level domain တွေကို second-level domain တွေရဲ့ ဘယ်ဘက်မှာ ဖော်ပြလေ့ရှိပါတယ်။

fourth level fifth-level စသည် အကန့်အသတ်မရှိ ရှိနိုင်ပါသေးတယ်။ level တစ်ခုစီကို အစက် (dot) (သို့မဟုတ်) ပုဒ်ဖြတ်သင်္ကေတ (period symbol) တစ်ခုစီနဲ့ ခြားထားပါတယ်။

third-level နဲ့ သူ့ရဲ့အထက် level များကို sub domain လို့လည်းခေါ်ပါတယ်။ ဒါပေမယ့် sub domain ဆိုတဲ့ term ကို technical အရ level အားလုံးမှာ သုံးပါတယ်။ ဘာကြောင့်လဲဆိုရင် top-level domain ကိုယ်တိုင်ကိုယ်က root domain (zeroth-level domain လို့ ခေါ်ပြီး dot တစ်ခုတည်းနဲ့ သတ်မှတ်ထားပါတယ်) ရဲ့ sub domain ဖြစ်နေလို့ပါ။