ဒိပန့်ကန်
ပုံပန်းသွင်ပြင်
ဒိပန့်ကန် | |
---|---|
တည်နေရာ | Lekhnath, Kaski District, Nepal |
ကိုဩဒိနိတ် | 28°10′48″N 84°04′08″E / 28.180°N 84.069°Eကိုဩဒိနိတ်: 28°10′48″N 84°04′08″E / 28.180°N 84.069°E |
အမျိုးအစား | lake |
ဒိပန့်ကန်သည် နီပေါနိုင်ငံ၊ ကတ်စ်ကီ (Kaski) ရှိ လက်ခ်နက်မြို့ (Lekhnath) တွင် တည်ရှိသည့် ကြည်လင်သည့် ရေကန်တစ်ခု ဖြစ်သည်။ [၁]ကမ္ဘာ့စိမ့်မြေအရပ်စာရင်းတွင်ပါဝင်သည့် Lekhnath တွင် ကန်ခုနစ်ခုရှိရာ ဤကန်သည် စတုတ္ထအကြီးဆုံးကန် ဖြစ်သည်။ ဤနေရာသည် ဟိမဝန္တာတောင်တန်းများနှင့် စိမ်းမြသည့် တောင်ကုန်းများကို ကြည့်ရှုခံစားနိုင်သည့်အတွက် ပျော်ပွဲစားထွက်သူများအကြား ထင်ရှားသည်။[၂] ထို့အပြင် ကြာပန်းအရိုင်းများနှင့် ငန်းများကြောင့်လည်း လူသိများကြသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Seven Vanishing Lakes of Lekhnath။ Ekantipur.com (2 April 2010)။ 27 July 2014 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 July 2014 တွင် ပြန်စစ်ပြီး။
- ↑ Dipang Lake (Feb 5, 2016)။ 26 April 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 12 December 2020 တွင် ပြန်စစ်ပြီး။