ဒိန်းမတ်နိုင်ငံ အုပ်ချုပ်ရေးစနစ်

ဝီကီပီးဒီးယား မှ

အစိုးရစနစ်[ပြင်ဆင်ရန်]

ဒိန်းမတ်နိုင်ငံကိုကိုယ်စားပြုဒီမိုကရေစီစနစ်ဖြင့်အုပ်ချုပ်နေပါသည်။ဤစနစ်အရပြည်သူလူထုကရွေးချယ်ထားသောနိုင်ငံရေးသမားများသည် အရေးကြီးသောဆုံးဖြတ်ချက်များကိုဒိန်းမတ်ပါလီမန်၊ဒေသကောင်စီနှင့်ဒေသန္တရကောင်စီတို့တွင်ချမှတ်ကြရသည်။

ဥပဒေပြုရေး၊အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးအာဏာ[ပြင်ဆင်ရန်]

ဒိန်းမတ်အစိုးရနှင့်ပါလီမန်တို့ကဥပဒေများကိုရေးဆွဲပေးပြီးအစိုးရအဖွဲ့နှင့်လူထုအုပ်ချုပ်ရေးစနစ်တို့ကယင်းဥပဒေများအားအတည်ပြုပြဋ္ဌာန်းပေးပါသည်။ မြို့နယ်နှင့်ဒေသန္တရတရားရုံးများ၊အထက်ရုံးနှင့်တရားရုံးချုပ်တို့ကနိုင်ငံသားအချင်းချင်း၊နိုင်ငံသားနှင့်ပုဂ္ဂလိကအဖွဲ့အစည်းများ၊နိုင်ငံသားနှင့်လူထုအာဏာ ပိုင်များအကြားဖြစ်ပွားသောအမှုအခင်းများအတွက်တရားစီရင်ခြင်းနှင့်ပြစ်ဒဏ်စီရင်ခြင်းများဆောင်ရွက်ပေးပါသည်။ ဤကဲ့သို့အာဏာကိုခွဲဝေထားခြင်းကြောင့်အာဏာအလွဲသုံးစားလုပ်မှုအားရှောင်ကြဉ်နိုင်သလိုကိုယ်စားပြုအစိုးရစနစ်ကိုလဲတည်ငြိမ်စေသည်။

၁၈၄၉ ခုနှစ်တွင်ဒီမိုကရေစီစနစ်စတင်ကျင့်သုံး[ပြင်ဆင်ရန်]

ဒိန်းမတ်အခြေခံဥပဒေ
ဒိန်းမတ်ဒီမိုကရေစီစနစ်ဖြစ်သည့်ကိုယ်စားပြုအစိုးရစနစ်ကို၁၈၄၉ခုနှစ်တွင်စတင်ကျင့်သုံးခဲ့သည်။၁၆၆ဝခုနှစ်မှစတင်ကျင့်သုံးခဲ့သော ဘုရင်အားအာဏာကုန်လွှဲအပ်ထားသည့်သက်ဦးဆံပိုင်စနစ်အစားဤစနစ်ကိုအစားထိုးကျင့်သုံးခဲ့ခြင်းဖြစ်သည်။ ဒိန်းမတ်နိုင်ငံ၏ပထမဆုံးသောဒီမိုကရေစီနည်းလမ်းကျအခြေခံဥပဒေဖြစ်သည့်၁၈၄၉ခုနှစ်ဇွန်အခြေခံဥပဒေကိုအခြေပြု၍အစိုးရစနစ်ကို ဖွဲ့စည်းပါသည်။ ပြောင်းလဲမှုအချို့ရှိလင့်ကစားပထမဆုံးအခြေခံဥပဒေမှအခြေခံအချက်အလက်များကို၁၉၅၃ခုနှစ်တွင်ထပ်မံရေးဆွဲခဲ့သည့်အခြေခံဥပဒေ ထဲတွင်ဆက်လက်အသုံးပြုခဲ့သည်။ အမျိုးသမီးများမဲဆန္ဒပေးခွှင့်ရရှိစေရန် ၁၉၁၅ ခုနှစ်တွင်ဒိန်းမတ်အခြေခံဥပဒေကိုပြင်ဆင်ရေးသားခဲ့သည်။

အခြေခံဥပဒေဆိုင်ရာအခွှင့်အရေးများ[ပြင်ဆင်ရန်]

အခြေခံဥပဒေတွင်အစိုးရအဖွဲ့၏စည်းမျှဉ်းစည်းကမ်းများကိုပေါင်းစပ်ထည့်သွင်းထားပြီးအခြေခံအခွှင့်အရေးများနှင့်လွတ်လပ်ခွှင့်များအတွက်အာမခံချက် များအားထည့်သွင်းရေးဆွဲထားသည်။ဤအခြေအခံစည်းမျဉ်းစည်းကမ်းများသည်ဒိန်းမတ်ပြည်သူထူထု၏နေ့စဉ်လူမှုဘဝတွင်ကြီးကြီးမားမားလွှမ်းမိုးသော အချက်များဖြစ်သည်။ လူထုအနေဖြင့်လွတ်လပ်စွာထုတ်ဖော်နိုင်ခွှင့်၊လွတ်လပ်စွာစုဝေးနိုင်ခွှင့်လွတ်လပ်စွာယုံကြည်ကိုးကွယ်နိုင်ခွှင့်နှင့်လွတ်လပ်စွာပိုင်ဆိုင် နိုင်ခွှင့်တို့အားယင်းတို့၏အခြေခံဥပဒေဆိုင်ရာအခွှင့်အရေးများဟူ၍ရည်ညွှန်းပြောဆိုလေ့ရှိသည်။

ကမ္ဘာ့သက်တမ်းအရှည်ဆုံးဘုရင်စနစ်[ပြင်ဆင်ရန်]

တော်ဝင်မိသားစု
ဒိန်းမတ်ဘုရင်စနစ်သည်ကမ္ဘာပေါ်တွင်သက်တမ်းအရှည်ဆုံးဘုရင်စနစ်ဖြစ်သည်။ ဘုရင်များ၊ဘုရင်မများ၊မင်းသားများနှင့်မင်းသမီးများသည် ဒိန်းမတ်နိုင်ငံအားနှစ်ပေါင်းထောင်နှင့်ချီကာအုပ်စိုးခဲ့ကြသည်။ ပထမဆုံးသောလူသိများသည့်ဒိန်းမတ်ဘုရင်မှာ အေဒီ ၁၀ ရာစုတွင်အုပ်စိုးခဲ့သည့် Gorm den gamle ဂေါင်းမ်ဘုရင်ကြီးဖြစ်သည်။ den gamle ၏အဓိပ္ပာယ်မှာအင်္ဂလိပ်လို the old ဖြစ်၍ဗမာလိုအသက်ကြီးရင့်သူကိုဆိုလိုသည်။ ၁၆၆၀ ခုနှစ်နှင့် ၁၈၄၉ ခုနှစ်အထိသက်ဦးဆံပိုင်စနစ်ကိုကျင့်သုံးခဲ့သည်။

စည်းမျှဉ်းခံဘုရင်စနစ်[ပြင်ဆင်ရန်]

ယနေ့ခေတ်ဒိန်းမတ်နိုင်ငံတွင်ဒီမိုကရေစီဘောင်အတွင်းရှိစည်းမျဉ်းခံဘုရင်စနစ်ကိုကျင့်သုံးပါသည်။ဤစနစ်အရဘုရင်နှင့်ပါလီမန်တို့သည်ဥပဒေ ပြုခွှင့်အာဏာကိုခွဲဝေပိုင်ဆိုင်ထားကြသည်။ ဒိန်းမတ်ပါလီမန်အနေနှင့်ဥပဒေများကိုပြဋ္ဌာန်းခွှင့်ရှိသော်လည်းယင်းဥပဒေများအတည်ဖြစ်ရန်ဘုရင်ကလက်မှတ် ရေးထိုးပေးရန်လိုအပ်မည်ဖြစ်သည်။ တော်ဝင်မိသားစုအနေဖြင့်နိုင်ငံရေးအာဏာမရှိသော်လည်းတော်ဝင်မိသားစုဝင်အများစုမှာဒိန်းမတ်ပြည်တွင်းနှင့်ပြည်ပတို့ တွင်လူထုကိုယ်စားပြုတာဝန်အများစုတို့ကိုထမ်းဆောင်လျက် ရှိနေပါသည်။ ၁၉၅၃ ခုနှစ်တွင်ပြင်ဆင်ရေးဆွဲခဲ့သည့်ဒိန်းမတ်အခြေခံဥပဒေအရအမျိုးသမီးများအနေဖြင့်ထီးနန်းဆက်ခံနိုင်ခွှင့်ရရှိလာခဲ့ပြီဖြစ်သည်။


ဥပဒေပြုရေးအာဏာ[ပြင်ဆင်ရန်]

ဒိန်းမတ်အမျိုးသားလွှတ်တော်ဖော်လ်ခ်တင်းဂတ်(Folketinget)တွင်နိုင်ငံရေးပါတီများမှရွေးချယ်ထားသောအဖွဲ့ဝင်၁၇၉ဦးပါဝင်ပြီးပါလီမန်အဖွဲ့ဝင် များကိုလေးနှစ်တစ်ကြိမ်ရွေးကောက်တင်မြှောက်ပါသည်။ သို့သော်လည်းဝန်ကြီးချုပ်အနေဖြင့်ပါလီမန်အားသက်တမ်းလေးနှစ်မတိုင်မှီဖျက်သိမ်းနိုင်ပြီးရွေးကောက် ပွဲများပြန်လည်ကျင်းပစေခွှင့်ရှိသည်။ ပါလီမန်တွင်ဂရင်းလန့်နှင့်ဖာရိုးကျွန်းစုတို့မှအဖွဲ့ဝင်နှစ်ဦးစီကိုယ်စားပြုခွှင့်ရရှိထားသည်။

ပွင့်လင်းမှုနှင့်ဖုံးကွယ်ခြင်းမရှိမှု[ပြင်ဆင်ရန်]

ပွင့်လင်းမှုနှင့်ဖုံးကွယ်ခြင်းမရှိမှုတို့သည်ကိုယ်စားပြုအစိုးရစနစ်၏အရေးကြီးသောဝိသေသလက္ခဏာများဖြစ်ကြသည်။ဤအချက်ကြောင့်ပါလီမန်အတွင်းအခြေ အတင်ဆွေးနွေးငြင်းခုံမှုများကိုအများပြည်သူများသိရှိနိုင်ကြသလိုပြည်သူလူထုအနေဖြင့်လည်းနိုင်ငံရေးသမားများအားမိမိတို့သိလိုသမျှကိုစိတ်တိုင်းကျဆက် သွယ်မေးမြန်းခွှင့်ရရှိကြသည်။ လက်ရှိနို်င်ငံရေးစနစ်အပေါ်အမြဲတမ်းလေ့လာစောင့်ကြည့်နေကြပြီးသတင်းစာရှင်းလင်းပွဲများမှနေ၍ပွင့်ပွင့်လင်းလင်းထုတ်ဖော်ဝေ ဖန်မှုများလည်းပြုလုပ်ကြသည်။


ဒိန်းမတ်လူ့အဖွဲ့အစည်းသည်ဒီမိုကရေစီလူ့အဖွဲ့အစည်းဖြစ်သလို(ဥပဒေဘောင်အတွင်းမှ)အခြေခံဥပဒေကြောင်းအရထူထောင်ထားသည့် လူ့အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အုပ်ချုပ်ရေးအာဏာကိုဒီမိုကရေစီနည်းလမ်းတစ်ကျထိန်းချုပ်ထားသလိုတရာရုံးများကိုလည်းစီမံအုပ်ချုပ်ရေးနှင့်သီးခြားစီခွဲထုတ်ဖွဲ့စည်း ထားသည်။ နိုင်ငံသားတိုင်းသည်အခြေခံအခွင့်အရေးများနှင့်လွပ်လပ်ခွင့်များပိုင်ဆိုင်ထားသလိုပြဌန်းထားသည့်ဥပဒေများအားလိုက်နာရန်လည်း တာဝန်ရှိသည်။ အုပ်ချုပ်ရေးဆိုင်ရာအာဏာပိုင်များတရားရုံးများအနေဖြင့်နိုင်ငံသားတိုင်းအားမျှတစွာဆက်ဆံရမည့်ဝတ္တရားရှိသည်။

လုပ်ငန်းဆိုင်ရာလျှို့ဝှက်ချက်[ပြင်ဆင်ရန်]

လူထုအာဏာပိုင်များအနေဖြင့်လုပ်ငန်းဆိုင်ရာလျှို့ဝှက်ချက်ကိုလိုက်နာကျရပါမည်။၎င်းတို့အနေဖြင့်သင်၏ခွှင့်ပြုချက်မရပဲသင်နှင့်ဆိုင်သော အချက်အလက်များကိုသင့်အလုပ်ရှင်၊သင့်ဆရာဝန်တို့ကဲ့သို့တပါးသောသူများအားပြောပြပိုင်ခွင့်မရှိချေ။

စာရွက်စာတမ်းများဖတ်ရှုနိုင်ခွင့်[ပြင်ဆင်ရန်]

လူထုအုပ်ချုပ်ရေးဆိုင်ရာအက်ဥပဒေအရသင့်အနေဖြင့်သင်၏အချက်အလက်များပါရှိသောစာရွက်စာတမ်းများကိုသိရှိဖတ်ရှုနိုင်ခွင့်ရှိသည်။ ဤစာရွက်စာတမ်းများအားသိရှိခွင့်တောင်းခံခဲ့လျှင်ယင်းတို့တွင်ပါဝင်သောအချက်အလက်များကိုသင့်အားပြောပြလိမ့်မည်ဖြစ်သည်။ သို့သော်လည်းယင်းအချက်အလက်များသည်တစ်ခြားသူတစ်ဦး(သို့)အဖွဲ့အစည်းတစ်ခုအားထိခိုက်နစ်နာစေမည်ဟုအာဏာပိုင်များကတွေ့ရှိလျှင် သင့်အားယင်းအချက်အလက်များပြောပြခြင်းကိုငြင်းဆန်နိုင်သည်။

ပါလီမန်၏စောဒကတတ်မှုများဖြေရှင်းရေးအရာရှိ[ပြင်ဆင်ရန်]

လူထုအုပ်ချုပ်ရေးဆိုင်ရာအမှားအယွင်းများနှင့်စောဒကတတ်မှုများကိုကိုင်တွယ်ဖြေရှင်းနိုင်ရန်စောဒကတတ်မှုများဖြေရှင်းရေးအရာရှိကိုပါလီမန်က ခန့်အပ်ထားသည်။ဤအရာရှိအနေဖြင့်စောဒကတတ်မှုအားအစမှစတင်၍ပြန်လည်စုံစမ်းစစ်ဆေးနိုင်သလိုလတ်တလောရောက်ရှိနေသည့်နေရာမှ လည်းဆက်လက်စစ်ဆေးနိုင်သည်။

နိုင်ငံသားများ၏အခွင့်အရေးနှင့်လူထုအာဏာပိုင်များအားစောဒကတတ်အမှုဖွင့်နည်း[ပြင်ဆင်ရန်]

လူထုအုပ်ချုပ်ရေးဆိုင်ရာအက်ဥပဒေအရလူထုအာဏာပိုင်များသည်နိုင်ငံသားများကိုမျှမျှတတဆက်ဆံကျရမည်ဖြစ်သည်။ဤအက်ဥပဒေအရ နိုင်ငံသားတစ်ယောက်၏တောင်းဆိုမှုအားငြင်းပယ်ခဲ့လျှင်ဖြေရှင်းချက်ပေးရမည်ဖြစ်သည်။ ဤအက်ဥပဒေအရစောဒကတတ်မှုအားစစ်ဆေးကြားနာရန်နှင့်စောဒကတတ်သူနိုင်ငံသားအားရရှိထားသောသတင်းအချက်အလက်များအားပြန် လည်ပေးအပ်ရန်အချိန်ကာလအပိုင်းအခြားတစ်ခုသတ်မှတ်နိုင်ခွင့်ရှိမည်ဖြစ်သည်။ဤအက်ဥပဒေကဝန်ကြီးဌာနများ၊အေဂျင်စီများ၊ကောင်စီများ ၊ဘုတ်အဖွဲ့များ၊မြူနီစပယ်နှင့်ဒေသအာဏာပိုင်များကဲ့သို့ကော်မတီများအနေဖြင့်လိုက်နာကြရမည့်လုပ်ထုံးလုပ်နည်းများကိုဖော်ပြပေးထားခြင်းဖြစ် ပါသည်။

စောဒကတတ်မှုများဖြေရှင်းရေးအရာရှိသည်အစိုးရနှင့်မပတ်သတ်ပဲသီးခြားလွတ်လပ်စွာဆောင်ရွက်သူဖြစ်သည်။ အာဏာပိုင်များအနေဖြင့်ဥပဒေ နှင့်လုပ်ထုံးလုပ်နည်းများအရလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဟုသံသယရှိသူ၊အမှုနှင့်ပတ်သတ်၍မှားယွင်းစွာလုပ်ဆောင်သည်ဟုသံသယရှိသူမည်သူမဆို စောဒကတတ်မှုများဖြေရှင်းရေးအရာရှိနှင့်တွေ့ဆုံကာအကူအညီတောင်းခံနိုင်သည်။ သို့သော်ဤအရာရှိနှင့်မတွေ့ဆုံမှီအခြားသောနည်းလမ်းများဖြင့် ဖြေရှင်းနိုင်ရန်အရင်ကြိုးစားသင့်ပါသည်။ နိုင်ငံသားတိုင်းသည်စောဒကတတ်မှုများဖြေရှင်းရေးအရာရှိ၏အကူအညီကိုအခကြေးငွေတစ်စုံတစ်ရာပေးရန် မလိုအပ်ပဲတောင်းခံရယူနိုင်ကြသည်။


ရာဇဝတ်မှုနှင့်ပြစ်ဒဏ်စီရင်ခြင်း



နိုင်ငံသားတစ်ဦးအနေဖြင့်ရာဇဝတ်မှုကျူးလွန်ကြောင်းသက်သေအထောက်အထားတွေ့ရလျှင်ရဲဌာနမှစုံစမ်းစစ်ဆေးမှုများပြုလုပ်ချင်း၊တရားရေးဌာနမှတရားစွဲဆိုခြင်းနှင့်တရားရုံးမှပြစ်ဒဏ်ကျခံသင့်ခြင်းရှိ၊မရှိဆုံးဖြတ်ခြင်းတို့ကို ဆောင်ရွက်ကြမည်ဖြစ်သည်။


၂၄ နာရီကြိုတင်ထိန်းသိမ်းထားနိုင်ခွှင့်



ရာဇဝတ်မှုနှင့်ပတ်သက်၍စွဲချက်တင်ခံရမည့်သူအားရုံးတင်တရားစွဲဆိုခြင်းမပြုမှီ ၂၄ နာရီကြိုတင်၍ထိန်းသိမ်းထားနိုင်ခွင့်ရှိသည်။ စွဲချက်တင်ခံရ သူအားအမှုစစ်ဆေးနေစဉ်ကာလတစ်လျှောက်ဆက်လက်ထိန်းသိမ်းထားသင့်မသင့်ကိုလည်းတရားသူကြီးကအဆုံးအဖြတ်ပေးနိုင်သည်။
ရာဇဝတ်မှုနှင့်စွဲချက်တင်ခံထားရသူသည်ရုံးတင်စစ်ဆေးနေစဉ်တစ်လျှောက်မိမိစိတ်ဆန္ဒအလျောက်စကားပြောဆိုခွင့်ရှိမည်မဟုတ်ပဲမိမိ၏ရှေ့နေမှ တဆင့်သာပြောဆိုခွှင့်ပြုနိုင်မည်ဖြစ်သည်။


ဒဏ်တပ်ခြင်းနှင့်အကျဉ်းချထားခြင်း



ဒဏ်တပ်ခြင်းနှင့်အကျဉ်းချထားခြင်းဟူ၍ပြစ်ဒဏ်နှစ်မျိုးနှစ်စားရှိသည်။


ဆိုင်းငံ့ပြစ်ဒဏ်နှင့်လက်ငင်းပြစ်ဒဏ်



ထောင်ဒဏ်ကျခံရသူအနေဖြင့်ဆိုင်းငံ့သို့မဟုတ်ဆိုင်းငံ့ခြင်းမရှိသောပြစ်ဒဏ်နှစ်မျိုးအနက်တစ်မျိုးမျိုးကိုကျခံရမည်ဖြစ်သည်။ ဆိုင်းငံ့ပြစ်ဒဏ်ကျခံ ရသူအနေဖြင့်နောက်တစ်ကြိမ်ရာဇဝတ်မှုကျူးလွန်ခဲ့လျှင်ဆိုင်းငံ့ထားသောပြစ်ဒဏ်ကိုပါကျခံပေးရမည်ဖြစ်သည်။


သေဒဏ်မရှိ



ဒိန်းမတ်နိုင်ငံတွင်သေဒဏ်စီရင်ခြင်းမရှိသောကြောင့်အမြင့်ဆုံးပြစ်ဒဏ်အဖြစ်ထောင်ဒဏ်တသက်ကိုသာတရားရုံးများအနေဖြင့်ချ မှတ်နိုင်မည်ဖြစ်သည်။


အသက် ၁၅ နှစ်အောက်လူငယ်များ



အသက်(၁၅)နှစ်ထက်ငယ်ရွယ်သူများအားပြစ်ဒဏ်စီရင်ခွှင့်မရှိချေ။ သို့သော်လည်းယင်းတို့အားလူမှုရေးဆိုင်ရာလုပ်ငန်းများလုပ်ဆောင်စေရန်ချမှတ် ပေးနိုင်သည်။ဥပမာအနေဖြင့်လူမှုရေးဆိုင်ရာသင်တန်းများတက်ရောက်စေခြင်း၊လူငယ်ပြုပြင်ထိန်းသိမ်းရေးဌာနများသို့စေလွှတ်ခြင်းများပြုလုပ်နိုင် ပါသည်။


ရာဇဝတ်မှတ်တမ်း



ဆိုင်းငံ့နှင့်ဆိုင်းငံ့ခြင်းမရှိသောပြစ်ဒဏ်နှစ်မျိုးလုံးတွင်ဆိုးဝါးသောအကျိုးဆက်များရှိနေနိုင်သည်။ ပြစ်ဒဏ်ကျူးလွန်ခဲ့သူတိုင်းအတွက်ယင်းတို့ကျူး လွန်ခဲ့သောပြစ်မှုအမျိုးအစားနှင့်ကျခံခဲ့သောပြစ်ဒဏ်တို့ကိုဖော်ပြရေးသားထားသည့်ရာဇဝတ်မှတ်တမ်းတစ်စောင်စီရှိမည်ဖြစ်သည်။ လုပ်ငန်းရှင်များ အနေဖြင့်အလုပ်သမားများမငှားရမ်းမှီရာဇဝတ်မှတ်တမ်းအားတောင်းယူကြည့်ရှုလေ့ရှိသောကြောင့်ရာဇဝတ်မှုကျူးလွန်ခဲ့သူများအနေဖြင့်အလုပ်ရရှိ ရန်လွယ်ကူမည်မဟုတ်ချေ။


အခမဲ့တရားရုံးစရိတ်အထောက်အပံ့



ဝင်ငွေနဲပါးသူများအနေဖြင့်တရားရင်ဆိုင်ရသည့်အခါများတွင်တရားရုံးစရိတ်အထောက်အပံ့တောင်းခံနိုင်ခွင့်ရှိသည်။ ရုံးစရိတ်အထောက်အပံ့ရရှိ သူ၏တရားရင်ဆိုင်စဉ်ကာလအတွင်းကုန်ကျမည့်စရိတ်များအားလူထုအာဏာပိုင်များကထောက်ပံ့ပေးအပ်သွားမည်ဖြစ်သည်။


ဥပဒေပိုင်းဆိုင်ရာအကူအညီပေးမှု



ဥပဒေပိုင်းဆိုင်ရာအခက်အခဲတစ်စုံတစ်ရာရှိလျှင်ဥပဒေအကြံပေးဗျူရို (Advokatvagten)နှင့်ဆက်သွယ်၍ အကူအညီတောင်းခံနိုင်သည်။ ရှေ့နေများအနေနှင့် အကူအညီတောင်းခံသူရင်ဆိုင်နေရသောအမှုအခင်းနှင့် သင့်လျော်မည့်အကြံဉာဏ်များအားအခမဲ့ (သို့မဟုတ်) သင့်တင့်သောအဖိုးအခ ဖြင့် ပေးအပ်သွားမည်ဖြစ်သည်။

ဒိန်းမတ်ရဲတပ်ဖွဲ့[ပြင်ဆင်ရန်]


မည်သူမဆိုရဲတပ်ဖွဲ့အားဆက်သွယ်နိုင်သည်။



ရဲတပ်ဖွဲ့၏အဓိကတာဝန်မှာ ဥပဒေများအားပြည်သူများလိုက်နာစေရန်ထိန်းသိမ်းစောင့်ရှောက်ပေးခြင်း ရာဇဝတ်မှုများအားကာကွယ်တားဆီးခြင်၊ စုံစမ်းဖော်ထုတ်ပေးခြင်းနှင့် ဖြေရှင်းပေးခြင်းတို့ဖြစ်သည်။ ပျောက်ဆုံးနေသောပစ္စည်းများ၊ လူများနှင့်ပတ်သတ်၍လည်းကောင်း၊ရာဇဝတ်မှုတခုခု အတွက် သတင်းပေးလိုလျှင်သော်လည်းကောင်း၊ ရဲတပ်ဖွဲ့အားမည်သူမဆိုဆက်သွယ်နိုင်သည်။

        • ဥပမာ.. သင့်ပစ္စည်းများခိုးယူခြင်းခံရလျှင်ဒဏ်ရာအနာတရဖြစ်အောင်လုပ်ခြင်းခံရလျှင် သို့မဟုတ် ဖိနှိပ်ချုပ်ချယ်ခံနေရသည်ထင်နေလျှင် ရဲတပ်ဖွဲ့အား ဆက်သွယ်နိုင်သည်။
        • နိုင်ငံကူးလက်မှတ်နှင့် ယာဉ်မောင်းလိုင်စင်တို့ကိုရဲတပ်ဖွဲ့မှထုတ်ဝေပေးလျက် ရှိသည်။

ဆန္ဒပြခြင်း



ရဲတပ်ဖွဲ့အားကြိုတင်အသိပေးထားပြီးလျှင်မည်သူမဆိုလွတ်လပ်စွာဆန္ဒပြခွှင့်ရှိသည်။ ရဲတပ်ဖွဲ့အနေဖြင့်ပဋ္ဋိပက္ခတစ်စုံတစ်ရာမရှိစေရန်ဆန္ဒပြရာနေရာသို့ လာရောက်စောင့်ရှောက်ပေးမည်ဖြစ်သည်။


အက်စ်အက်စ်ပီစနစ်



SSP system အရ(ကျောင်း၊လူမှုရေးအာဏာပိုင်အဖွဲ့အစည်းနှင့်ရဲတပ်ဖွဲ့ Skole,Social myndigheder နှင့်Politi) ရဲတပ်ဖွဲ့သည်ကျောင်းများ၊ လူမှုရေးအာဏာပိုင်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ လူငယ်များအတွင်းရာဇဝတ်မှုများမဖြစ်ပွားစေရန်ကာကွယ်တားဆီးပေးလျက် ရှိသည်။


ရဲတပ်ဖွဲ့အတွက်စည်းမျဉ်းစည်းကမ်းများ



လူတစ်ဦးအားရပ်တန့်စစ်ဆေးခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း၊မေးခွန်းများမေးမြန်းခြင်းတို့ပြုလုပ်ရာတွင်ရဲတပ်ဖွဲ့အနေဖြင့်လိုက်နာရမည့်စည်းမျဉ်း စည်းကမ်းများပြဋ္ဌာန်းထားသည်။ ဥပမာအားဖြင့်ရဲတပ်ဖွဲ့ဝင်များသည်ကြမ်းတမ်းစွာဆောင်ရွက်ခြင်း (သို့မဟုတ်) ထိုသို့ဆောင်ရွက်ရန်ခြိမ်းခြောက်ခြင်းများ မပြုလုပ်ရသလို ထိန်းသိမ်းခံထားရသူ၏ အခွင့်အရေးများကိုလည်း အသိအမှတ်ပြုရမည်ဖြစ်သည်။


လူထု၏ထောက်ခံမှုကိုလိုလားသောရဲတပ်ဖွဲ့



        • ရဲသည်လူထုထောက်ခံမှုကိုရယူလိုသောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ရဲတပ်ဖွဲ့၏မမျှမတဆက်ဆံခံရသည်ဟု ခံစားရသူ မည်သူမဆိုလူထု ရှေ့နေများမှတစ်ဆင့်စောဒက တတ်နိုင်ကြသည်။

ဤသို့သောစောဒကတတ်မှုများအားလူထု ရှေ့နေအဖွဲ့ကကိုင်တွယ်ဖြေရှင်းနေချိန်တွင် လူထုရှေ့နေအဖွဲ့၏လုပ်ဆောင်ချက်များအား လွှမ်းမိုးနိုင်သော သီးခြားအဖွဲ့အစည်းတစ်ခုဖြစ်သည့် ရဲတပ်ဖွဲ့နှင့်ဆိုင်သောစောဒကတတ်မှုများဆိုင်ရာ ခရိုင်ဘုတ်အဖွဲ့က အနီးကပ် စောင့်ကြပ်ကြည့်ရှုပေးနေမည်ဖြစ်သည်။


လက်စားခြေမှုများအားလက်မခံ



ဥပဒေကြောင်းအရမဟုတ်ပဲ မိမိအားထိခိုက်နစ်နာအောင်လုပ်သူအား ပြန်လည်လက်စားချေတုံ့ပြန်ခြင်းများကို လက်ခံမည်မဟုတ်သလို ယင်းသို့ပြုလုပ်ခြင်းအတွက်လည်း အပြစ်ပေးအရေးယူခြင်းခံရမည် ဖြစ်သည်။


ကမ္ဘာ့အရေးနှင့်ဒိန်းမတ် ၏အခန်းကဏ္ဌကိုဆက်ဖတ်ရန်အခန်းဆက် ၃ ကိုနှိပ်ပါ။