ဒါရမ်း ရဲတိုက်
ပုံပန်းသွင်ပြင်
| ဒါရမ်း ရဲတိုက် နှင့် ကသီဒရယ် ဘုရားရှိခိုးကျောင်း* | |
|---|---|
| UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
| ဒါရမ်း ရဲတိုက် - ဝင်းအတွင်းမှ မြင်ရပုံ | |
| တည်ရှိသည့် နိုင်ငံ | |
| အမျိုးအစား | ယဉ်ကျေးမှု |
| ရွေးချယ်သည့်စံနှုန်း | ii, iv, vi |
| ကိုးကား | ၃၇၀ |
| ဒေသ** | ဥရောပနှင့် မြောက်အမေရိက |
| သတ်မှတ်ခြင်း မှတ်တမ်း | |
| စတင်သတ်မှတ်ခြင်း | ၁၉၈၆ (ဒသမအကြိမ်) |
| * ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ | |
ဒါရမ်းရဲတိုက် သည် အင်္ဂလန်နိုင်ငံ ဒါရမ်းမြို့တွင် တည်ရှိသော နော်မန် ရဲတိုက် တစ်ခု ဖြစ်ပြီး ယခင်က ဒါရမ်းဘစ်ရှော့ ၏ စံအိမ်နေရာ ဖြစ်ခဲ့သော်လည်း ၁၈၃၇ ခုနှစ်မှစ၍ ဒါဟမ်းတက္ကသိုလ်ကောလိပ် မှ နေရာယူထားခဲ့သည်။ ၁၉၈၆ ခုနှစ်မှစ၍ ဒါရမ်း ကသီဒရယ် ဘုရားရှိခိုးကျောင်း နှင့် တွဲဖက်၍ အင်္ဂလန်နိုင်ငံအတွင်းရှိ ယဉ်ကျေးမှု ဆိုင်ရာ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရပြီး အများပြည်သူ လာရောက် လေ့လာကြည့်ရှုနိုင်ရန် ဖွင့်လှစ်ထားခဲ့သော်သည်။ လက်ရှိ အလုပ်လုပ်ကိုင်ဆောင်ရွက်နေသော နေရာဖြစ်ပြီး ကျောင်းသား ၁၀၀ ကျော်နေထိုင်ရာ နေရာ ဖြစ်သဖြင့် လမ်းညွှန်ပါသော လည်ပတ်မှု အတွက်သာ ခွင့်ပြုထားသည်။ ရဲတိုက်သည် ဒါဟမ်း ကျွန်းဆယ်ပေါ်ရှိ ဝဲယားမြစ်၏ အထက် တောင်ကုန်းပေါ်တွင် ရှိပြီး ဒါရမ်း ကသီဒရယ် ဘုရားရှိခိုးကျောင်းနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။