ဒါနသုခ အသင်း

ဝီကီပီးဒီးယား မှ

ဒါနသုခ အသင်းသည် မြန်မာကုမ္မာရီအသင်း နဲ့ ခေတ်ပြိုင် ပေါ်ပေါက်လာခဲ့တဲ့ အမျိုးသမီးအသင်းအဖွဲ့တခုဖြစ်ပြီး မူလ စတင်စဉ်က ဘာသာရေး၊ လူမှုရေး ရည်ရွယ်ချက်တွေနဲ့ပဲ ပေါ်ပေါက်ခဲ့တာဖြစ်ပေမဲ့ တစတစ နိုင်ငံရေး အထိ ပါဝင်လာခဲ့ပါတယ်။

ဥက္ကဋ္ဌမှာ ဒေါ်ကြင်အိမ် ဖြစ်ပြီး၊ အကျိုးဆောင်မှာ ဒေါ်လှခင် ဖြစ်ခဲ့ကာ ရန်ကုန်မြို့မှာ ဖွဲ့စည်းပေါ်ပေါက်ခဲ့သည်။ ဂျီစီဘီအေ အဖွဲ့ကြီးပေါ်ပေါက်လာခဲ့ပြီး ဝံသာနု လှုပ်ရှားမှု တွေ တစထက် တစ အားကောင်း လာသော အခါ ဝံသာနု ကုမ္မာရီ အသင်း အဖြစ် အမည်ပြောင်းလဲပြီး တခြား ဝံသာနု အသင်းတွေနဲ့ လက်တွဲဆောင်ရွက်ခဲ့ပါတယ်။ ဂျီစီဘီအေ ကနေ ၂၁ ဦးအဖွဲ့ ခွဲထွက်သွားသော အခါ ဝံသာနု ကုမ္မာရီ အသင်းတွေဟာ သပိတ်မှောက် ဂျီစီဘီအေ အသင်းကြီးနဲ့ တွဲပြီး၊ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ကြသည်။ အင်္ဂလိပ်ကို မုန်းတီးကြောင်း ဖော်ပြတဲ့အနေနဲ့ လိပ်ခွံဘီး တွေကို ရိုက်ချိုးပြသ တာမျိုး ကနေ တိုင်းရင်းသား ဆိုင်တွေမှာပဲ အားပေးပြီး နိုင်ငံခြားသား ဆိုင်တွေမှ ဝယ်ယူသုံးစွဲခြင်း မပြုလုပ်ရေး လှုံ့ဆော်ကြတာမျိုးတွေအထိ ဝံသာနုစိတ်ဓာတ် ဖော်ပြတဲ့လုပ်ငန်းတွေကို နည်းအမျိုးမျိုးနဲ့ လုပ်ဆောင် ခဲ့ကြတဲ့အပြင် အစိုးရအမိန့်ကို အာဏာ ဖီဆန်ရာတွေမှာလဲ တက်တက်ကြွကြွ ပါဝင်ခဲ့ကြသည်။ ဂျီစီဘီအေ အဖွဲ့ချုပ်ကြီး ပြိုကွဲသွားပြီးနောက် ဝံသာနုကုမ္မာရီအသင်း တွေဟာလဲ တစထက်တစ ယုတ်လျော့ ပျောက်ကွယ် သွားခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  • ဝင်းတင့်ထွန်း (ဩဂုတ် ၂၀၁၀)။ ဗမာပြည် နိုင်ငံရေးပါတီအဖွဲ့အစည်း အသင်းအပင်းများ အညွှန်း။ ပထမ အကြိမ်။ နေ့သစ်အင်အားစု၊ ဂျပန်။