ဒရူစ်လူမျိုးစု

ဝီကီပီးဒီးယား မှ

ဒရူစ်လူမျိုးစုတွေဟာကမ္ဘာလုံးအနှံ့အပြားမှာတစ်မီလီယံလောက်ရှိနေပါတယ်။ ဒရူစ်လူမျိုးစုတွေဟာအထူးသဖြင့်ဆီးရီးယား၊ဂျော်ဒန်၊လက်ဘနွန်နဲ့ အစ္စရေးနိုင်ငံတွေမှာပြန့်နှံ့နေထိုင်လျက် ရှိပါတယ်။

ဒရူစ်လူမျိုးစုတွေဟာအာရပ်လူမျိုးနွယ်ထဲကလူနည်းစုဖြစ်ပြီးဒရူစ်လူမျိုးစုတွေကိုးကွယ်တဲ့ ဒရူစ်ဘာသာတရားရဲ့အခြေခံဟာအစ္စလမ်ဘာသာကနေကွဲထွက်လာတဲ့ဘာသာတရားဖြစ်ပါတယ်။ ဒရူစ်ဘာသာတရားဟာ၁၁ရာစုလောက်ကပေါ်ထွက်ခဲ့ပြီးမိမိတို့လူမျိုးစုကျင့်ထုံးကျင့်ဝတ် နဲ့သာရှင်သန်နေထိုင်ကြတာမို့သီးခြားကွဲထွက်နေတဲ့ထူးထူးခြားခြားလူမျိုးစုနွယ်အဖြစ် စိတ်ဝင်စားစရာကောင်းလှပါတယ်။ ဒရူစ်ဘာသာတရားမှာဘုရားတဆူထဲသာရှိပြီးမေရှိယ(ကယ်တင်ရှင်) ပြန်ကြွလာမှာကိုယုံကြည်သက်ဝင်ကြပါတယ်။

ဒရူစ်ဘာသာတရားကိုစတင်မှူဟာလွန်ခဲ့တဲ့နှစ်ပေါင်း၁၀၀၀လောက်ကတည်းကလျှို့ဝှက်စွာ တည်ရှိနေခဲ့ပါတယ်။ ဒရူစ်တွေရဲ့ယုံကြည်မှူဟာအဓိကအားဖြင့်Al-Hakim (အယ်လ်ဟာကင်)ကိုဗဟိုပြုပါတယ်။ သပြေီးနောက်မှာပြန်ပြီးလူအဖြစ်အသက်ရှင်တာကိုလဲသက်ဝင် ယုံကြည်မှူရှိပါတယ်။

ဒရူစ်တွေရဲ့ယုံကြည်မှူအရခရစ်တော်နဲ့သန့်ရှင်းသောဝိညာဉ်တော်ဟာတူတူပဲလို့ယူဆမှူ ရှိပါတယ်။ ဒရူစ်တွေဟာမိမိတို့ဟာအစ္စရေးလူမျိုးစုတွေထဲကဆင်းသက်လာပြီးပျောက်ဆုံး သွားတဲ့လူမျိုးနွယ်စုတစုဖြစ်တယ်လို့ခံယူကြသူတွေလဲဖြစ်ပါတယ်။ ဒီ့အပြင်ဆိုကရေးတီး၊ပလေတိုတို့ဟာလဲပရောဖက်တွဖြေစ်တယ်လို့လဲယူဆမှူတွေရှိနေပါတယ်။

ဒရူစ်လူမျိုးစုတွေဟာလက်ထပ်ထိမ်းမြားခြင်းမှာတဦးတယောက်ကိုသာလက်ထပ်ခွင့်ရှိပြီး မိမိလူမျိုးစုအတွင်းကသာအပြန်အလှန်လက်ထပ်မှူကိုလက်ခံကျင့်သုံးကြပါတယ်။ မိမိတို့ရဲ့ဓလေ့ထုံးစံကွယ်ပျောက်မှာကိုစိုးရွံလို့ဖြစ်ပါတယ်။ ယောက်ျားနဲ့မိန်းမ တန်းတူအခွင့်အရေးရရှိပြီးနှစ်ဖက်လုံးကွာရှင်းခွင့်ရှိပါတယ် ဒရူစ်လူမျိုးစုတွေဟာတောင်တန်းဒေသတွေမှာသီးခြားမိမိလူမျိုးစုတွေ စုပေါင်းပြီးနေထိုင်ကြပါတယ်။

ဒရူစ်လူမျိုးစုတွေဟာအသီးအနှံကိုအဓိကစားသုံးပြီးဝက်သားစားခြင်းကို တရားဝင်ကန့်ကွက်ခြင်းမရှိပေမဲ့စားသုံးမှူနည်းပါးပါတယ်။ ဒရူစ်လူမျိုးစုအများစုဟာစိုက်ပျိုးရေးနဲ့အသက်ရှင်သန်နေထိုင်လေ့ရှိကြပါတယ်။

ဒရူစ်လူမျိုးစုတွေရဲ့ထူးခြားတဲ့အချက်ကတော့မိမိတို့ရဲ့အသက်လုံခြုံစိတ်ချမှူအတွက် ဒရူစ်လူမျိုးဖြစ်ခြင်းနဲ့ဒရူစ်ဘာသာကိုကိုးကွယ်တယ်ဆိုတာကိုဖုံးကွယ်ရင်လဲအပြစ်မရှိဘူး လို့ယုံကြည်တဲ့အတွက်ဒရူစ်ဘာသာတရားနဲ့ကျင့်ဝတ်ထုံးစံတွေကိုလျှို့ဝှက်စွာကျင့်သုံးခွင့် ရှိပါတယ်။

ဒါကြောင့်အချို့သောနေရာဒေသတွေမှာဒရူစ်လူမျိုးတွေကိုဆူနီမွတ်စလင်(သို့)ဆီးရီးယား ခရစ်ယာန်တွေအဖြစ်ရောထွေးထင်မှတ်လေ့ရှိပါတယ်။ ယခုအခါမှာ တရုတ်ပြည်မှာဒရူစ်လူမျိုးစုအသိုင်းအဝိုင်းဟာလျှို့ဝှက်စွာတည်ရှိနပြေီလို့ လဲဆိုပါတယ်။