ဒမရဟတ္ထ

ဝီကီပီးဒီးယား မှ

မုရိုးစည်ငယ်ကလေးကို လက်သန်းနှင့်လက်ညှိုး နှစ်ခုထောင်ထားသည့်ကြားတွင် ညှပ်၍ပြထားသောပုံ ဖြစ်သည်။ လက်ခလယ်နှင့် လက်သူကြွယ်နှစ်ချောင်းကို လက်မဖြင့် ဖိထားသောပုံ ဖြစ်သည်။ လက်ဝါးကိုမူ အတွင်းဘက်ရုပ်တု၏ မျက်နှာဆီသို့ လှည့်၍ထားသည်။ တခါတရံ မုရိုးစည် မပါသော်လည်း ဒမရဟတ္ထပုံဟုပင် ခေါ်ကြသည်။

အနက်သဘောအားဖြင့် ဓမ္မသဝန, ဓမ္မသာကစ္ဆာ မင်္ဂလာများကို သရုပ်ဆောင်သည်။

သိင်္ဂါရရသ, ဝီရရသ, ဟဿရသများကို ပေါ်လွင်စေသည်။

ဝီရိယပါရမီ, ပညာပါရမီ, ဈာနပါရမီစခန်းများသို့ ညွှန်ပြထားခြင်း ဖြစ်ပေသည်။

ပုံစံအားဖြင့် နန်းတွင်းကချေသည်များ၏ ကဟန်များတွင် တွေ့ရှိရသည်။

ဒမရဟတ္ထပုံများကို ကရွှင်မြူးတူးစေရန် အတွက်၎င်း, စိတ်လက် တက်ကြွစေရန် အတွက်၎င်း, လောကီစည်းစိမ်ချမ်းသာကို ခံစားနိုင်စေရန်အတွက်၎င်း ရည်ရွယ်၍ ထုလုပ် ရေးဆွဲလေ့ရှိကြသည်။ ဤပုံပါလျှင် မြူးကြွ၍ အသက်ဝင်လျက်နေသည်ဟု ပညာရှိများက မိန့်မှာဘူးပါသည်။ ဗုဒ္ဓဘာသာရေးတွင် တရားနာကြရန် တိုက်တွန်းသော အနက်သဘောရှိသည်ဟုလည်း အဓိပ္ပါယ်ကောက်ယူကြပါ သေးသည်။ အနုပညာ သဘင် ဂီတလောကတွင် ဤဟတ္ထမုဒြာပုံများကို အလွန်လေးစား အရေးထားခဲ့ကြလေသည်။ [၁]

[၂] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. DAMARA HASTA Icons in Bronze p.29, fig. 13. DÂNA MUDRĀ F.T. Iysicisn. p. 109.
  2. ၂.၀ ၂.၁ စဝ်ထွန်းမှတ်ဝင်း မဟာဝိဇ္ဇာ (ရန်ကုန်)၊ မဟာဝိဇ္ဇာဂုဏ်ထူး (ဟားဗဒ်) အထက်တန်း သုတေသန ပညာရှင်ဘွဲ့ (ဟားဗဒ်) ညွှန်ကြားရေးမှူး၊ သုတေသနနှင့် ကျမ်းပြုဌာနခွဲ သာသနာရေး ဦးစီးဌာန။ မြန်မာ့ရိုးရာ ပဋိမာ သိပ္ပံပညာ