ဒန္တသုခပင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
Scoparia dulcis
Kallurukki.jpg
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Lamiales
မျိုးရင်း: Plantaginaceae
မျိုးဇာတ်: Gratioleae
မျိုးစု: Scoparia
မျိုးစိတ်:
S. dulcis
ဒွိနာမ
Scoparia dulcis
Synonyms[၁]
  • Ambulia micrantha Raf.
  • Capraria dulcis (L.) Kuntze
  • Gratiola micrantha Nutt.
  • Scoparia grandiflora Nash
  • Scoparia nudicaulis Chodat & Hassl.
  • Scoparia procumbens Jacq.
  • Scoparia purpurea Ridl.
  • Scoparia ternata Forssk.

ပုံသဏ္ဌာန် : -တစ်နှစ်ခံ ပင်ပျော့ပင် မျိုးဖြစ်သည်။ အရွက်သည် ရွက်ဆိုင် ထွက်၍ သေးငယ်ပြီး လှံစွပ်ပုံ ထွက်သည်။ ရွက်ရင်း သည် အနည်းငယ် ချွန်သည်။ ရွက်နား ညီသည်။ အပွင့်သည် အစိမ်းရောင် သန်း၍ အဖြူရောင် ပွင့်ငယ် ကလေးများ ဖြစ်သည်။ အသီးသည် လှံရှည် ပုံဏ္ဌာန် ဖြစ်သည်။ အပင် - တစ်နှစ်ခံ ပင်ပျော့ ပင်ငယ်မျိုး ဖြစ်သည်။ အမြင့် ၁-၃ ပေ ခန့် ထိရှိသည်။ ကိုင်းဖြာသည်။ ပင်စည်နှင့် အကိုင်း အခက် လေးထောင့် သဏ္ဌာန် ရှိ၍ သေးငယ်ပြီး အစိမ်း ရောင် ရှိသည်။ ပင်စည် အရင်းပိုင်း နားတွင် အပွေး အနည်းငယ် ရှိသည်။ ပင်စည် ပေါ်ရှိ အဆစ် ကလေး များမှ ကိုင်းဖြာ ထွက်သည်။ အရွက် - ၃ ရွက်ဆိုင် ထွက်သည်။ အလျား ၁ လက်မခန့် ထိရှည်၍ အရွက် အထက်ပိုင်း အနားတွင် ခွေးသွားစိပ် များရှိပြီး အရွက်အောက် ဘက်ပိုင်း အနား ညီသည်။ ရွက်ထိပ် ချွန်၍ ရွက်ရင်း သွယ်သည်။ ရွက်ကြောများ ထင်ရှားသည်။ ရွက်ပြား ချောသည်။ အပွင့်

-တေ့ဆိုင်ရွက် သုံးရွက်ထွက်သော အဆစ်တခုစီတိုင်းတွင် စိမ်းရောင်သမ်းသော နှမ်းစေ့အရွယ်အပွင့်ဖူး နှစ်ခုစီပါရှိသည်။

- စိမ်းရောင် သမ်းသော အဖြူရောင်ရှိ၍ အလွန် သေးငယ်သည်။ အသီး - အက်ကွဲသီး ဖြစ်သည်။ အခန်း လေးခန်းပါ၍ အခန်းတစ်ခန်း စီ၌ သေးငယ်သော အညိုရောင် အစေ့ ကလေးများ မြောက်မြားစွာ ပါရှိသည်။ အမြစ် - ရေသောက်မြစ် အနည်းငယ် တုတ်၍ ရှည်လျားပြီး ယင်းမှ ဘေးမြစ်များ ဖြာထွက်သည်။ ဘေးမြစ်များ တွင် သေးငယ်သော မြစ်မြွှာ ကလေးများ ရှိ၏။ အမြစ် အပေါ်ယံ နူးညံ့သော အခွံဖြင့် ဖုံးအုပ်နေ၍ အတွင်းသား မာကျောသည်။ ညိုဝါရောင် ရှိသည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : ပဉ္စငါးပါး၊ အရွက်၊ အမြစ်။ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ နေရာ အနှံ့အပြား တွင် ပေါက်ရောက်သည်။ သဘာ၀ အလျောက် ပေါက်ရောက်သည်။ အသုံးဝင်ပုံ : အာနိသင် - မြန်မာ ဆေးကျမ်းများ အလိုအရ ဒန္တသုခ ပင်သည် ချုပ်၏၊ စေးချွဲ၏။ တုန်တက်တတ်သော အဖျား ရောဂါ အတွက် အသုံးပြု၏။ သွားကိုက် ရောဂါ ကုသရာ တွင် အထူး အကျိုးပြု၏။ အမြစ် သည် ရာသီသွေး လွန်ခြင်း၊ ညောင်းကျခြင်း တို့ကို နိုင်၏။ ဖြေဆေး အဖြစ်လည်း သုံးနိုင်၏။ အရွက် သည် အဖျားရောဂါ တို့ကို နိုင်၏။

အသုံးပြုပုံ- ပဉ္စငါးပါး ၁။ ဒန္တ သုခ ပြုတ်ရည်နှင့် အမြစ်သည် သွားကိုက် ရောဂါ အတွက် အလွန်ကောင်း သောဆေး ဖြစ်၏။ ၂။ ပဉ္စ ငါးပါး ပြုတ်ရည်ကို ငုံပေးခြင်း ဖြင့် လည်းကောင်း ၊ အမြစ်ကို အစိမ်း လိုက် ကြိတ်၍ သိပ်ပေးခြင်း ဖြင့် လည်းကောင်း ၊ ပဉ္စ ငါးပါး ကို ပြာချ၍ သွားဖုံး နှင့် သွားကြား ကို သိပ်ပေး ခြင်းဖြင့် လည်းကောင်း သွားကိုက် သွားနာ ပျောက်၏။ ၃။ ပဉ္စ ငါးပါး ကြိတ်ရည် တွင် ဆားထည့် ၍ အနာ ပေါ်လိမ်း ပေးခြင်း ဖြင့်အနာ အသားနု တက်ပြီး ပျောက်ကင်း စေ၏။ ၄။ ဆီးပူ ခြင်း၊ နည်းခြင်း၊ သွေးပါ ခြင်းတို့ အတွက် ပဉ္စ ငါးပါး အခြောက် လှန်းပြီး လက်ဖက်ခြောက် ကဲ့သို့ ခပ်သောက် က ပျောက်၏။ ၅။ ပဉ္စ ငါးပါး ပြုတ်ရည် တွင် သကြား ထည့်သောက် က ချောင်းဆိုး သွေးပါ ရောဂါ ပျောက်၏၊ အရွက် ၁။ အရွက်ကို အဖျား ရောဂါ ပျောက်ဆေး ၊ အော့အန် သော ရောဂါ ပျောက်ဆေး၊ ဖြေဆေး အဖြစ် ဖော်စပ် အသုံးပြုရ၏။ အမြစ် ၁။ အမြစ် ကို ပြုတ်၍ ရာသီသွေး လွန်ခြင်း၊ ညောင်းကျ ခြင်းတို့ ၌ တိုက်ရ၏။ ၂။ အမြစ်ကို ဆန်ဆေးရည် နှင့် သွေး၍ ဆားထည့် သောက်က အနာဝင် ဖျားခြင်း ပျောက်၏ ဟုဖော်ပြထားသည်။ သို့ရာတွင် သေချာပိုးသတ်သန့်စင်မထားသော အပင်အစိတ်အပိုင်းများ‌ေကြာင့် မလိုအပ်သော ဘေးထွက်ဆိုးကျိုးများဖြစ်ပေါ်နိုင်သောကြောင့် သေချာချင့်ချိန်၍ သုံးသင့်သည်။ ref>မော်ကွန်းတင်ပြီးမိတ္တူ။ 14 August 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 24 October 2011 တွင် ပြန်စစ်ပြီး။</ref>

ကိုးကား[ပြင်ဆင်ရန်]

  1. The Plant List: A Working List of All Plant Species22 May 2016 တွင် ပြန်စစ်ပြီး