ထွေတလာလာ

ဝီကီပီးဒီးယား မှ

ဗောဓိသံသာကြိုး

ရေးသူ[ပြင်ဆင်ရန်]

မြောက်ဘက်တိုက်ဝန် (နေမျိုးမဟာကျော်ထင်)

ထွေတလာလာ[ပြင်ဆင်ရန်]

ထွေတလာလာ။ နေမသာသာ။ ချမ်းပင်ချမ်းမြဧ။ ။

မှိုင်းမှိုင်းဝေဝေ။ မိုဃ်းပင်မိုဃ်းကစွေ။ မှိုင်းမှိုင်းဝေဝေ။ တောင်လေသုတ်ဖြူး။ ဆောင်းဦး ဆောင်းဦးဟေမာ။ ကိုယ်ထီးနေရာမှာ။ ။

ရွာလာရွာလာ ရော့ရော့စွေ။ လွမ်းမပြေထွေထူး ထပ်ချည်ငဲ့လေ။ ။

သံသရာကံဟောင်း ကပ်ချည်ငဲ့လေး။ ။

မိုဃ်းရောလေရော။ ချမ်းလို့သေအောင်မော။ ။

မိန်းမော မိန်းမော စိတ်ကယ်တွင်။ ကိုယ်ထီးနေမရွှင်။ ။

ထိပ်တင်လေ လွန်ထွေပြား။ ဟိုမှာသည်မှာသား။ ။

ဟိုအဆောင်သွားပါလို့။ သည်အဆောင်သွားပါလို့။ မင်းမျာ့းထိပ်ခေါင်တင်လေတည့်မှ။ မင်းမျာ့းထိပ်ခေါင်တင်။

ကျေးဇူးတင်ပါသည်[ပြင်ဆင်ရန်]

ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/