ထွန်းတင် (ဝန်ကြီးဟောင်း)

ဝီကီပီးဒီးယား မှ

ဦးထွန်းတင် (၁၉၀၈-????) သည် မြန်မာ နိုင်ငံရေးသမားနှင့် ဝန်ကြီးဟောင်း ဖြစ်သည်။

ငယ်ဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

၁၉၀၈ ခု၊ မေလ ၅ ရက်တွင် ဦးဘိုးကြင်၊ ဒေါ်ကျေးမျှင်တို့မှ ရန်ကုန်၌ ဖွားသည်။

မော်လမြိုင် အစိုးရကျောင်း၊ ရန်ကုန် ကူရှင်ကျောင်းတို့တွင် ပညာသင်သည်။ ဆယ်တန်းကို ကူရှင်ကျောင်းမှ အောင်ပြီး ရန်ကုန်တက္ကသိုလ်တွင် ပညာဆက်သင်ရာ ၁၉၃၃ ခုတွင် ဥပဒေ ဝိဇ္ဇာဘွဲ့ ရသည်။

နိုင်ငံရေး လှုပ်ရှားမှုများ[ပြင်ဆင်ရန်]

၁၉၂၀ ပထမ ကျောင်းသားသပိတ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝင်ပါခဲ့သည်။ ၁၉၃၁ ခုတွင် တက္ကသိုလ် ကျောင်းသားသမဂ္ဂကို တည်ထောင်ရာ ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူရသည်။ ပညာရေးစနစ်သစ် ဖြစ်လာရန် ဆောင်ရွက်သည်။

၁၉၄၉-၅၅ ရန်ကုန် မြို့တော်ဝန် အဖြစ်လည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့ (မြူနီစပါယ်) ဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်သည်။

ရန်ကုန်ဆိပ်ကမ်း အလုပ်သမားဘုတ်အဖွဲ့ အုပ်ချုပ်ရေးကော်မတီ သဘာပတိ၊ ပြည်ထောင်စုဘဏ် သဘာပတိ၊ (၁၉၅၄ တွင် တည်ထောင်သော) ဘီအိုစီကုမ္ပဏီလီမိတက် ဒါရိုက်တာ၊ ဓာတ်သတ္တုပင်ရင်းအခြေအမြစ်များ တိုးတက်အောင်ဆောင်ရွက်ရေး ကော်ပိုရေးရှင်းအဖွဲ့ဝင်၊ တွင်းထွက်ပင်ရင်းအခြေအမြစ်များဆိုင်ရာ အကြံပေးအဖွဲ့ဝင်၊ ရန်ကုန်တက္ကသိုလ်ကောင်စီအဖွဲ့ဝင်၊ အလုပ်သမားအစည်းအရုံးအဖွဲ့ချုပ် အလုပ်အမှုဆောင်၊ ရန်ကုန်ဆိပ်ကမ်းလုပ်သား သမဝါယမအသင်းလီမိတက် အမှုဆောင် ဟူသော အရာဌာနများကို ထမ်းဆောင်ရသည်။

၁၉၄၉-၅၄ နှစ်များတွင် အပြည်ပြည်ဆိုင်ရာ ယူနက်စကို နှီးနှောဖလှယ်ပွဲသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် အိန္ဒိယနိုင်ငံ မိုက်စိုနယ်သို့ လည်းကောင်း၊ ၁၉၅၂ ခု အရှေ့အာရှတိုင်းဆိုင်ရာ မြို့တော်ဝန်များ ချစ်ကြည်ရေးခရီးစဉ်အဖြစ် တိုကျို၊ ဟီရိုရှီးမား၊ အတာမီ၊ ဟောင်ကောင်၊ မနီလာ၊ ဘန်ကောက်၊ စင်္ကပူတို့သို့ လည်းကောင်း၊ ၁၉၅၃ ခုတွင် အလုပ်သမားလေ့လာရေးအဖွဲ့ ခေါင်းဆောင်အဖြစ် အင်ဒိုနီးရှား၊ ဂျပန်၊ အမေရိကန်၊ မက္ကဆီကို၊ အာဂျင်တီးနား၊ ဘရာဇီးနိုင်ငံများသို့ လည်းကောင်း၊ ၁၉၅၄ ခုတွင် နဝမအကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂအစည်းအဝေးသို့ မြန်မာကိုယ်စားလှယ်အဖြစ် လည်းကောင်း သွားရသည်။

ပထမအကြိမ် ရွေးကောက်ပွဲတွင် ဗိုလ်တထောင် တောင်ပိုင်းမဲဆန္ဒနယ်မှ အမတ်အဖြစ် အရွေးခံရပြီး သတ္တုတွင်းဝန်ကြီးဌာန ပါလီမန်အတွင်းဝန်အဖြစ် ဆောင်ရွက်သည်။ ၁၉၅၆ ခု၊ ဧပြီလ ၂၇ ရက်တွင် ပြုလုပ်သော ရွေးကောက်ပွဲတွင် သိမ်ဖြူ မြောက်ပိုင်းမဲဆန္ဒနယ်မှ အမတ်ရွေးခံရပြီး ပညာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး ဖြစ်လာသည်။ [၁]

မိသားစုဘဝ[ပြင်ဆင်ရန်]

ဘဝနိဂုံး[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ဦးထွန်းတင်၊ ပညာရေးနှင့် ယဉ်ကျေးမှုဌာန ဝန်ကြီး။ ပြည်ထောင်စုသား။ အတွဲ ၅၊ အမှတ် ၂၀။ ၁၉၅၆၊ ဩဂုတ် ၉။