ထွန်းကြည်

ဝီကီပီးဒီးယား မှ

၁-၅-၃၈ ရက်နေ့တွင် မုံရွာမြို့၌ မွေးဖွားခဲ့ပြီး ၁၉၄၆ ခုနှစ်တွင် မုံရွာ အထက (၁)၊ ၁၉၅၀-၅၄ ခုနှစ်တွင် မုံရွာလူငယ်အစည်းအရုံး ဝင်၊ ၁၉၅၄-၅၈ ခုနှစ်တွင် စစ်တက္ကသိုလ် တက်ရောက်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ပြန်တမ်းဝင်အရာရှိအဖြစ် ခန့်အပ်ခြင်းခံရပြီး အမတ(၁)တွင် တပ်စုမှူး၊ မြစ်သားမြို့နယ် နလက ဥက္ကဋ္ဌ တာဝန်နှင့် ပြည်တွင်းပြည်ပ သင်တန်းများ တက်ရောက်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် အမြောက်တပ် (၁) တွင် တပ်ရေး။ တပ်ထောက်။ ၁၉၆၄ ခုနှစ်တွင် တခရ ကျောင်း (ဗထူး)နည်းပြအရာရှိ။ ၁၉၆၉ ခုနှစ်တွင် အမြောက်တပ် (၃) တပ်ခွဲမှူး၊ ၁၉၇၁ ခုနှစ်တွင် ခလရ (၂၆) ခွဲမှူး(ဗိုလ်မှူး) ၁၉၇၂ ခုနှစ်တွင် နမခ (အနောက်မြောက်တိုင်း စစ်ဌါနချုပ်) စစ်ဦးစီး (ဒုတိယတန်း)အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၇၆ ခုနှစ်တွင် ခလရ (၄၇) တပ်ရင်းမှူး။ တပ်ရင်းစည်းရုံးရေးကော်မတီဥက္ကဋ္ဌ၊ ၁၉၇၈ ခုနှစ်တွင် မြောက်ပိုင်းတိုင်း စစ်ဌါနချုပ် စစ်ဦးစီးမှူး(ပထမတန်း)၊ တိုင်းစည်းရုံးရေးကော်မတီ အတွင်းရေးမှူးနှင့် စဗဟမှူး။ တိုင်းစည်းရုံးရေးကော်မတီဝင်၊ ၁၉၈၃ ခုနှစ်တွင် တပ်မ (၈၈) တပ်မမှူး၊ တပ်မစည်းရုံးရေး ကော်မတီဥက္ကဋ္ဌ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ၁၉၈၅ ခုနှစ်တွင် နမခ (အနောက်မြောက်တိုင်း စစ်ဌါနချုပ်) တိုင်းမှူး၊ ထို့နောက် လပခ (အလယ်ပိုင်းတိုင်း စစ်ဌါနချုပ်) တိုင်းမှူး။ ၂၄-၉-၉၂ ရက်နေ့တွင် ကုန်သွယ်ရေးဝန်ကြီအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် တပ်မတော်မှ အငြိမ်းစားယူခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]