ထျဲန်းဟော် ၁

ဝီကီပီးဒီးယား မှ

ထျဲန်းဟော် အမှတ် ၁ (TH-1) (တရုတ် - 天河一號) (နဂါးငွေ့တန်း အမှတ် ၁) [၁] တရုတ်နိုင်ငံ ထျဲန်းကျင်းမြို့၊ အမျိုးသား စူပါ ကွန်ပျူတာ စင်တာတွင် တည်ရှိသည့် စူပါ ကွန်ပျူတာ ဖြစ်သည်။ [၂][၃] ၂၀၁၀ ခုနှစ် အောက်တိုဘာလတွင် ထျဲန်းဟော် အမှတ် ၁ အေ (TH-1A)အဖြစ် အဆင့်မြှင့်တင်ခဲ့ပြီးနောက် တွက်ချက်နှုန်း တစ်စက္ကန့်လျှင် 2.507 petaflops (ပီတာမှာ ၁၀ ၏ ၁၅ ထပ်ကိန်း ဖြစ်သည်) ရှိပြီး အမေရိကန်ပြည်ထောင်စု တင်နက်စီပြည်နယ် အုတ်ခ်ရစ်ဂျ်ရှိ ဂျက်ဂွါ (Jaguar) စူပါကွန်ပျူတာကို ကျော်လွှားကာ ကမ္ဘာပေါ်တွင် တွက်ချက်နှုန်း အမြန်ဆုံး စူပါကွန်ပျူတာ တစ်ခုဖြစ်သည်။ မူလ TH-1 ရော TH-1A ပါ လင်းနစ်စနစ်ကို အသုံးပြုသည်။ TH-1 ကို ရေနံရှာဖွေရေးနှင့် လေယာဉ်အမောင်းသင်စက်များတွင် အသုံးပြုသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. "China takes HPC heavyweight title."၊ October 28, 2010။ 
  2. China’s Defense University builds World Third fastest supercomputer၊ www.china-defense-mashup.com၊ 29 October 20092009-10-29 တွင် ပြန်စစ်ပြီး
  3. "我国首台千万亿次超级计算机研制成功 (China builds its first petaFLOP level supercomputer)" (in Chinese)၊ SINA.com News and XinhuaNet.com News၊ 2009-10-29။ 2009-10-29 တွင် ပြန်စစ်ပြီး