ထူပါရာမယ

ဝီကီပီးဒီးယား မှ
ထူပါရာမယ
ථූපාරාමය
The Stupa
အချက်အလက်များ
တည်နေရာAnuradhapura
ကိုဩဒိနိတ်8°21′19″N 80°23′46″E / 8.35528°N 80.39611°E / 8.35528; 80.39611ကိုဩဒိနိတ်: 8°21′19″N 80°23′46″E / 8.35528°N 80.39611°E / 8.35528; 80.39611
ဘာသာရေး နှီးနွယ်မှုTheravada Buddhism
ခရိုင်Anuradhapura
စီရင်စုNorth Central Province
နိုင်ငံSri Lanka
အမွေအနှစ် သတ်မှတ်ခြင်းArchaeological protected monument
ဗိသုကာ
ဗိသုကာ အမျိုးအစားBuddhist Temple
တည်ထောင်သူKing Devanampiya Tissa (247-207 BC)
အနံ4

ထူပါရာမယသည် သီရိလင်္ကာနိုင်ငံတွင် တည်ရှိသည့် ဗုဒ္ဓဘာသာစေတီတော်တစ်ဆူ ဖြစ်သည်။ Mahamewna ဥယျာဉ်အတွင်းတွင် တည်ရှိသည်။ စေတီတော်သည် ကျွန်း၌ အစောဆုံးတည်ထားကိုးကွယ်ခဲ့သည့် စေတီပုထိုးတစ်ခုလည်း ဖြစ်သည်။ ဒေဝနမ္ပိယ တိဿဘုရင် Devanampiya Tissa (247-207 BC) ခေတ်ကာလက တည်ထားခဲ့သည်။[၁] စေတီတော်ကို အစိုးရက သီရိလင်္ကာနိုင်ငံ၏ ရှေးဟောင်းသုတေသနနယ်မြေအဖြစ် သတ်မှတ်ထားသည်။[၂]

သမိုင်း[ပြင်ဆင်ရန်]

Stone pillars around the Stupa suggest that there was a Vatadage with a conical roof and the Stupa in the center of the house

စေတီတော်[ပြင်ဆင်ရန်]

သုပရမစေတီတော်ကို ခေါင်းလောင်းပုံစံ တည်ဆောက်ထားသည်။ စေတီတော်သည် အချိန်နှင့်အမျှ ဖျက်ဆီးခြင်းလည်း ခံခဲ့ရသည်။ ဘုရင် Agbo II လက်ထက်တွင် စေတီတော်ကို လုံးဝဖျက်စီးပစ်ပြီး ဘုရင်သည် စေတီတော်ကို ပြင်ဆင်မွမ်းမံခဲ့သည်။ ယခုလက်ရှိအချိန်မြင်တွေ့ရသည့် စေတီတော်သည် အေဒီ ၁၈၄၂ တွင် တည်ဆောက်ပြီးစီးခဲ့သည့် ပုံစံဖြစ်သည်။[၃] ရာစုနှစ်များစွာကြာမြင့်၍ အကြိမ်များစွာ အသစ်ပြုပြင်မှုများပြုပြင်ပြီးသည့် ယနေ့အချိန်တွင် စေတီတော်အောက်ခြေ၏ အချင်းသည် ၅၉ ပေ (၁၈ မီတာ) ရှိသည်။ အမိုးခုံးသည် မြေပြင်မှ ၁၁ ပေ ၄ လက်မ (၃.၄၅ မီတာ) မြင့်ပြီး အချင်း ၁၆၄.၅ ပေ (၅၀.၁ မီတာ) ရှိသည်။ စေတီတော်တွင် နှမ်းဖတ်ကျောက်ဖြင့် ပြုလုပ်ထားသည့် စင်္ကြံလမ်းရှိသည်။ ထို့အပြင် စေတီတော်ကို ပတ်ရံထားသည့် ကျောက်တိုင်များသည် အတန်းနှစ်တန်း တည်ရှိသည်။ အစောပိုင်းကာလအတွင်းက စေတီတော်၏ ပတ်လည်သည် ကျောင်းတော်ပုံစံ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

Thuparamaya Stupa and Stone Pillars
Thuparamaya Stupa and Stone Pillars

ပြင်ပလင့်များ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Gunawardena၊ C. A. (2003)။ Encyclopedia of Sri Lanka (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Sterlin Publishers Pvt. Ltd., New Delhi-110020။ p. 290။ ISBN 81-207-2536-0
  2. Archaeological Sites (Map)။ Department of Archaeology။ 25 January 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 11 January 2021 တွင် ပြန်စစ်ပြီး။
  3. "සෙල්ලිපියට කොන්ක්‍රීට් දැමූ පින්වතුන්! (In Sinhala)"၊ Wijeya Newspapers၊ 16 September 2017။