ထုံးဟောင်းပုံပြင်
မည်သည့်လူမျိုး၌မဆို မိဖက သားသမီးတို့ကို အစဉ်အလာ အတိုင်း ပြောပြလေ့ရှိသော ဝတ္ထုပုံပြင်များရှိလေသည်။ ထိုဝတ္ထု ပုံပြင်တို့ ဖြစ်ပေါ်လာသော မူလဘူတအကြောင်းရင်းခံတို့သည် နှစ်ပရိစ္ဆေ ဒကြာလတ်သော် နှောင်းလူတို့ မမှတ်မိကြသဖြင့် ကွယ်ပျောက်၍သွားလေသည်။ သို့သော် ဝတ္ထုပုံပြင်တို့ကား ဝတ္ထုပုံပြင်အနေဖြင့် ကျန်ရစ်ခဲ့သည်။ စင်စစ် ဝတ္ထုပုံပြင်တို့သည် ရှေးခေတ်သမိုင်းနှင့် ဆက်စပ်နေသည်။ ကာလရွေ့လျော၍သာ လျှင် ထိုသို့ဆက်စပ်ခြင်းရှိသည်ကို လူတို့မမှတ်မိကြလေ။ ယင်းသို့ပင်ဖြစ်သော်လည်း ထိုဝတ္ထုပုံပြင်တို့သည် ရှေးခေတ်အယူ အဆများနှင့် သဘာဝအလျောက် ဖြစ်ပျက်ခဲ့သော အခြင်းအရာ များကို ဖော်ပြလျက်ရှိလေသည်။ ထိုကြောင့်ပင် ယင်းတို့ကို ဖတ်ရှုကြားနာရခြင်းဖြင့် ကျွန်ုပ်တို့သည် ရှေးဟောင်းခေတ်က စကြဝဠာဖြစ်ဟန် တည်ဟန်တို့နှင့်ဆိုင်သော အတွေးအခေါ် အယူအဆများကို၎င်း၊ သဘာဝဓမ္မကို လွန်၍ဖြစ်ပေါ်သော အစွဲအလမ်းများကို၎င်း သိကြရသည်။ ယင်းအယူအဆ အစွဲ အလမ်းများတွင် ကိုးကွယ်ပသသော နတ်များအကြောင်း လူတို့ မြေ|ာက်စားသော အာဇာနည် လူစွမ်းကောင်းများအကြောင်း၊ ယဉ်ကျေးမှုဆိုင်ရာ အစဉ်အလာများအကြောင်း ကိုးကွယ်မှု ဆိုင်ရာ အယူဝါဒများအကြောင်း၊ ရိုးရာဓလေ့ထုံးစံများ အကြောင်း စသည်တို့ပါဝင်ကြသည်။ ဤကဲ့သို့ မူလက လူ့ သမိုင်းဆိုင်ရာ အမှတ်သညာများ ဖြစ်ခဲ့သော်လည်း၊ နောင်သော အခါ ကာလရွေ့လျော၍ ဇာစ်မြစ်ကို နှောင်းလူတို့ ကောင်းစွာ မမှတ်မိကြသဖြင့် စိတ်ကူးဆန်းကြယ်သော အကြောင်းအရာများ အဖြစ်ဖြင့် ကျန်ရစ်သောပုံပြင်တို့ကို ထုံးဟောင်းပုံပြင်ဟု ခေါ် လေသည်။ ထုံးဟောင်းပုံပြင်သည် များသောအားဖြင့် ကိုးကွယ်သော အယူဝါဒနှင့် သက်ဆိုင်သည်။ ထိုအယူဝါဒ တို့နှင့် လုံးဝမသက်ဆိုင်ဘဲ၊ သာမန် ရိုးရာဓလေ့တို့ကို ပြဆို သော ဝတ္ထုပုံပြင်တို့ကို ဒဏ္ဍာရီဟုခေါ်လေသည်။
ထုံးဟောင်းပုံပြင်များသည် စကြဝဠာ မူလဖြစ်ပေါ်လာပုံနှင့် လူစွမ်းကောင်းများ၊ နတ် အစရှိသည်တို့၏ အကြောင်းအရာ ပုံပြင်များ ဖြစ်လေသည်။ ပြယုဂ်အားဖြင့် ဂရိပုံပြင်များတွင် ဂရိနိုင်ငံရှိနတ်များ လူစွမ်းကောင်းများအကြောင်းနှင့် စကြဝဠာ ဖြစ်ပေါ်လာပုံ ဒဏ္ဍာရီများ ပါဝင်လျက်ရှိသည်ကို ကြည့်လေ။
ထုံးဟောင်းပုံပြင် နှစ်မျိုးရှိသည်။ တစ်မျိုး
ကား ဆင်ခြင်တုံတရားနှင့်ယှဉ်သော ပုံပြင်များဖြစ်၏။ ပုံစံ
အားဖြင့် နတ်များသည် ပညာရှိသည်၊ တန်ခိုးရှိသည်ဟူသော
အကြောင်းများဖြစ်သည်။ နောက်တစ်မျိုးမှာမူ ယုတ္တိမရှိ၊ ဆန်း
ကြယ်သော စိတ်ကူးမျှသာ ဖြစ်လေသည်။
ရှေးနှစ်ပေါင်း ထောင်ပေါင်းများစွာက ကမ္ဘာမြေပေါ်တွင် နေထိုင်ခဲ့ကြသော ရှေးဦးလများသည် ကမ္ဘာအကြောင်း၊ နေလ ကြယ်များအကြောင်းကို လေ့လာစုံစမ်းကြရာမှ ပုံပြင်များကို ထွင်ခဲ့ကြလေသည်။ ထိုအခါမှစ၍ ထုံးဟောင်းပုံပြင်များ စတင် ပေါ်ပေါက်လာပြီးလျှင် ယခုခေတ်အထိ ဆင်းသက်ထွန်းကား လာသည်။
ထုံးဟောင်းပုံပြင်များကို ဘက်ဘီလုံးနီးယားနှင့် အီဂျစ် ယဉ်ကျေးမှုများတွင် အများဆုံးတွေ့ရသည်။ ခေတ်နောက်ကျ သော အချို့လူရိုင်းများမှာကား ယခုထက်တိုင် ထိုထုံးဟောင်း ပုံပြင်များကို တကယ်အဖြစ်ကဲ့သို့ ယုံကြည်ကြသည်။ ထုံး ဟောင်းပုံပြင်များနှင့် စပ်လျဉ်း၍ အထင်ရှားဆုံးမှာ ဂရိလူမျိုး တို့၏ ထုံးဟောင်းပုံပြင်များ ဖြစ်သည်။ ဂရိလူမျိုးတို့သည် စာပေလိုက်စားသောသူများဖြစ်၍ သူတို့၏ထုံးဟောင်းပုံပြင်များ မှာ စာပေတွင် အထင်အရှားကျန်ရစ်လေသည်။
ထုံးဟောင်းပုံပြင်များကို အခြားရပ်ဝေးနိုင်ငံများတွင်လည်း တွေ့ရသည်။ ထူးခြားသည့်အချက်တစ်ခုမှာ မိုင်ပေါင်းမည်မျှ ပင် ဝေးကွာသော်လည်း၊ ထုံးဟောင်းပုံပြင်များမှာ အံ့0x100သဖွယ်ရာ ခပ်ဆင်ဆင်တူနေကြခြင်းဖြစ်လေသည်။ ထိုထက်ထူးခြားသော အချက်မှာ လူတစ်မျိုး၏ အကျင့်စာရိတ္တသည် ထိုလူမျိုး၏ ထုံးဟောင်းပုံပြင် များ၌ ပေါ်လွင်နေခြင်းပင်ဖြစ်သည်။ ဂရိထုံး ဟောင်းပုံပြင်များသည် ဂရိလူမျိုးများ၏ အလှဂုဏ်ကို စွဲလမ်း နှစ်သက်ခြင်းကို ဖော်ပြလေသည်။ နော်ဝေး၊ ဒိန်းမတ် စသော ဥရောပမြောက်ပိုင်းနိုင်ငံများ၏ ထုံးဟောင်း ပုံပြင်များသည် စစ်သွေးစစ်စိတ်ကို ဖော်ပြသည်။ ဟိန္ဒူထုံးဟောင်းပုံပြင်များမှာ ကား အယူဝါဒ၏ ဆန်းကြယ်နက်နဲပုံကို ပြသလေသည်။
လူရိုင်းများ၏ ထုံးဟောင်းပုံပြင်များမှာမူကား ကမ္ဘာဦးလူတို့၏ စိတ်ကူး စိတ်သန်းကိုပြသည်။ အထက်ဖော်ပြပါ ထုံးဟောင်း ပုံပြင်များအပြင် ထူးချွန်၍ အံ့0x100သဖွယ်ကောင်းသော လူတို့၏ အဖြစ်အပျက်များအကြောင်းနှင့် စပ်လျဉ်း၍လည်း ထုံးဟောင်း ပုံပြင်များ ဖြစ်ပေါ်တတ်လေသည်။ သို့ရာတွင် သိပ္ပံပညာ ပြန့်ပွားလာခြင်း၊ သမိုင်းဆရာများက တိကျမှန်ကန်သည်ကို လိုလားခြင်းတို့ကြောင့် ထုံးဟောင်းပုံပြင်များ နောက်ထပ် ရုတ်တရက် မဖြစ်ပေါ်လာတော့ဘဲ၊ ရှေးဟောင်းပုံပြင်များကိုပင် ယုံကြည်မှု နည်းပါးလာကြလေသည်။
ထုံးဟောင်းပုံပြင်များသည် ရှေးခေတ်သမိုင်းနှင့် ရှေးခေတ် လူတို့၏ ဓလေ့ထုံးစံများ၊ ရှေးခေတ်က ထွန်းကားခဲ့သော လူမှု စံနစ်နှင့် ယဉ်ကျေးမှုများ စသည်တို့ကို လေ့လာရာတွင် များစွာ ပင် အထောက်အပံ့ပြုပေသည်။ လူမျိုးတစ်မျိုး၏ ထုံးဟောင်း ပုံပြင်များကို နှိုင်းရှည့်လေ့လာခြင်းဖြင့်လည်း မြေ|ာ်မှန်း၍မကြည့် နိုင်သော ရှေးခေတ်ကာလက လူတစ်မျိုးနှင့်တစ်မျိုး ပြုလုပ်ခဲ့ ကြသော အဆက်အသွယ်များနှင့် ထိုသူတို့၏ဆိုင်ရာ ယဉ်ကျေး မှုများကို သိရှိနိုင်ပေသည်။
ထို့အပြင် ထုံးဟောင်းပုံပြင်များသည် စာပေပညာကို လေ့လာရာတွင်လည်း များစွာအသုံးဝင်သေး၏။ ကျွန်ုပ်တို့ သင်ကြားလေ့လာနေရသော စာပေပညာရပ်များတွင် ထုံး ဟောင်းပုံပြင်များ၌ ဥပမာရပ်များ၊ အထောက်အထားများကို ရံဖန်ရံခါတွေ့ရှိတတ်၏။ သို့ဖြစ်၍ ထုံးဟောင်းပုံပြင်များကို ကောင်းစွာသိရှိမထားခဲ့လျှင် စာပေပညာ၏ တန်ဖိုးကို ကောင်း စွာနားလည် သဘောပေါက်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။
ထုံးဟောင်းပုံပြင်များတွင် တန်ခိုးကြီးသောနတ်များ၊ ဘီလူး ကြီးများ၊ လှပချောမွေ့သော နတ်သမီးများအကြောင်း ပါရှိ တတ်ရာ၊ ယုတ္တိတန်သည်လည်းရှိ၏။ ယုတ္တိမတန်သည်လည်း ရှိလေသည်။ အချို့ပုံပြင်များမှာ ကလေးသူငယ်များ၏ ရဲစွမ်း သတ္တိကို တိုးပွားစေ၍၊ အချို့ပုံပြင်များမှာ ကြောက်စိတ်ကို ဖြစ်ပေါ်စေ၏။ အချို့ပုံပြင်များမှာ ကြေကွဲဝမ်းနည်းစရာကောင်း သော သနားဖွယ် ဝတ္ထုဇာတ်လမ်းများဖြစ်၏။ ထိုပုံပြင်များကို သင်ခန်းစာအဖြစ် လေ့လာစေခြင်းအားဖြင့် ကလေးသူငယ်များ တွင် ဆိုးသောအကျင့်စာရိတ္တများ ပပျောက်စေ၍ တကိုယ် ကောင်းမကြံလိုခြင်း၊ သူတစ်ပါး၏အကျိုးကို ဆောင်ရွက် လိုခြင်း၊ အမျိုးကို ချစ်ခင်လေးစားခြင်း၊ အယူဝါဒကို ရိုသေ ကိုင်းရှိုင်းခြင်း အစရှိသော မြင့်မြတ်သည့်စိတ်ထားများ ကိန်း အောင်းအောင် ဆောင်ရွက်နိုင်လေသည်။
မြန်မာတို့တွင် ထုံးဟောင်းပုံပြင်များရှိသည်။ ယင်းထုံး ဟောင်းပုံပြင်များတွင် နတ်၊ နဂါး၊ ဂဠုန်၊ ကိန္နရာ ကိန္နရီ စသည်တို့ပါဝင်သည်။ မြန်မာ့ထုံးဟောင်းပုံပြင်များသည် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်းများကို ဖော်ပြလေ့ရှိကြသည်။ နတ်၊ နဂါး၊ ဂဠုန်၊ ကိန္နရာ ကိန္နရီတို့ပါဝင်သော ထုံးဟောင်း ပုံပြင်များမှာ ကလေးများအတွက် စိတ်ပျော်ရွှင်ဖွယ်ရာ ပုံဝတ္ထု များ ဖြစ်ကြသည်။ သို့ရာတွင် စင်စစ်ကား စိတ်ပျော်ရွှင်မှု အတွက်ချည်း သာမဟုတ်ဘဲ၊ အတုယူဖွယ်၊ မှီငြမ်းကိုးကားဖွယ် သာဓကထုံးပုံများလည်း ဖြစ်ချေသည်။ ရှေးသူဟောင်း မြန်မာ လူမျိုးများသည် ယင်းသို့သော ထုံးပုံများကို အထောက်အထား သက်သေသာဓကပြု၍ စီရင်ထုံးများကို ဆုံးဖြတ်ရာ၌ပင်လျှင် ကိုးကားခဲ့ကြသည်။ ပမာဆောင်ရသော်၊ မိမိ၏သဘောတူညီ ချက်ဖြင့် လာရောက်တည်းခို အိပ်စက်သော ဧည့်သည်၏ စီးပွားဥစ္စာ ပါသမျှတို့ကို အိမရှင်က မပျောက်ပျက်အောင် ထိန်းသိမ်းတာဝန်ယူ၏။ ပျောက်ပျက်ခဲ့သော် အိမ်ရှင်က ပေးလျော်စေဟူသော တရားဖြတ်ထုံးကို စီရင်ရာ၌ 'ငါးကြင်း မြီးတွင် တင်ကျီးမြီးကူးသတည်း'ဟူသော ထုံးဟောင်းပုံပြင်ကို သာဓကပြုခဲ့ကြသည်။ ထိုထုံးဟောင်းပုံပြင်၏သဘောမှာ ငါး ကြင်းသည် တင်ကျီး၏အိမ်၌ စားသောက်ယစ်မူး၍ အိပ်ပျော် စဉ်၊ တင်ကျီးသည် ငါးကြီး၏အမြီးကိုဖြတ်၍ သစ်ပင်ထက်၌ တင်ထား၏။ ငါးကြင်းနိုးလတ်သော် အမြီးပျောက်၍ တင်ကျီး နှင့် ခိုက်ရန်ဖြစ်ရာ မဟာသမ္မတထံ အယူခံလေသည်။ မဟာ သမ္မတလည်း အိမ်ရှင်တို့ နှစ်သက်၍လက်ခံပြီးလျက်၊ ဧည့်သည် ၏ဥစ္စာ သူ့အိမ်မှာပျောက်သော်၊ ခိုးသူကိုအပ်စေ၊ မအပ်နိုင်သော် အိမ်ရှင်ကလျော်စေဟု စီရင်၏။ ထိုစီရင်ချက်အရ အိမ်ရှင် တင်ကျီးသည် သူ၏အမြီးကိုဖြတ်၍၊ ဧည့်သည်ငါးကြင်းအား ပေးလျော်ရလေသည်။ ထိုနည်းနှင်နှင်ပင် 'သံကိုကြွက်စား၊ သား ကိုစွန်ချီ'ဟူသော ထုံးဟောင်းပုံပြင်၊ 'ပိုနေမြဲ၊ ကျားနေမြဲ' ဟူသော ထုံးဟောင်းပုံပြင် အစရှိသည်တို့သည် ရှေးသူဟောင်း မြန်မာတို့၏ တရားစီရင်ဆုံးဖြတ်ရာ၌ ကိုးကားသော သက်သေ သာဓက ထုံးဟောင်းပုံပြင်များ ဖြစ်ပေသည်။
ယနေ့တိုင် ထင်ရှားသော အခြားမြန်မာ့ထုံးဟောင်းပုံပြင် အချို့မှာ ကမ္ဘာတည်စအကြောင်းပုံပြင်၊ မအိပ်မနေ အသက်ရှည်၊ မေးပါများစကားရ၊ သွားပါများ ခရီးရောက်ဟူသော မောင် ပေါက်ကျိုင်းပုံပြင်၊ နေနတ် သားနှင့် နဂါးမတို့မှ ပေါက်ဖွား သော ပျူစောထီး ပုံပြင်၊ နဂါး၊ ဂဠုန် စသည့်သူတော် ၇ ဦး တို့ ဝိုင်းဝန်းကူညီကာ သရေခေတ္တရာပြည်ကြီးကို စတင်တည် ထောင်ခဲ့သည်ဟူသော ပုံပြင်၊ ဟံသာဝတီပြည်ကြီးကို ဝိဇ္ဇာဓိုရ် နှင့် နဂါးမတို့မှဖွားမြင်သော သမလမင်းတည်ထောင်ခဲ့သည့် အကြောင်းပုံပြင် စသည်တို့ဖြစ်သည်။[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)