ထီးဖြူတော်
ထီးဖြူတော် ရာဇဘိသေကကျမ်း အလိုအရ မင်းမြောက်တန်ဆာငါးပါး အဝင်ဖြစ်သည်။
ထီးဖြူတော်မျိုး ၄ စင်း
[ပြင်ဆင်ရန်](၁) ထီးရွက်ကိုးဆင့် ထီးရိုး ဆယ်တောင်ရှိသော 'နဝဒဏ္ဍထီး'၊
(၂) ထီးရွက် အမှတ်မရှိ ထီးရိုးခြောက်တောင်ရှိသော 'မနောဟရထီး'၊
(၃) ထီးရွက်အမှတ်မရှိ ထီးရိုးငါးတောင်ရှိသော 'အာတပတြထီး'၊
(၄) ထီးရွက်အမှတ်မရှိ ထီးရိုးလေးတောင်ရှိသော 'ဝိဇယတြထီး'။
မှတ်ချက် - ရှေ့သုံးစင်းကား ရာဇပလ္လင်မှာ ဆောင်းသော ထီးတော်များဖြစ်၏။ ဝိဇယတြထီးကား ယွန်းကြွ စက်ချီတော်မူရာ စသည်တို့၌ အမြဲဆောင်ဆောင်းသော ထီးတော်ဖြစ်၏။
မင်းခဏ်းလင်္ကာ ကဗျာစာတမ်းတို့၌လည်း ထီးဖြူတော် ၄ စင်းကို ဖော်ပြထားသည်။
'ကနကဒဏ်၊ ထီးမွန် ၂ စင်း၊ ဝင်းဝင်းလျှံပတ်၊ တမွတ်နှစ်ဆူ၊ ရောင်မူညီးညီး၊ ယာဉ်ထီးလေးပါး' ဟု စပ်ဆိုထားကြ၏။
မှတ်ချက် - ယာဉ်ထီးဟူရာ၌ ဧကရာဇ်မင်းမြတ်တို့စီးသော ဆင်ယာဉ် ရထားယာဉ် လှေယာဉ် သုံးပါး၌ ထီးဖြူတော်များ စိုက်ဆောင်ရသည်ကိုစွဲ၍ 'ယာဉ်ထီး' ခေါ်တွင်စေသည်။
ထီးဖြူတော် ၈ စင်း
[ပြင်ဆင်ရန်]ဒိသာဇေယျကျမ်းတွင် ထီးဖြူတော် ရှစ်ဖြာဟု ဖော်ပြ၏။
(၁) ကနက္ကဒဏ် ထီး၊
(၂) သူရိယထီး၊
(၃) ပဒုမာထီး၊
(၄) သမုတိထီး၊ ဟူ၍ လက်ဝဲထီးလေးစင်း၊
(၅) ကမ္ဗုထီး၊
(၆) စန္ဒထီး၊
(၇) ကုမုဒထီး၊
(၈) ဝိသကြုံထီးဟူ၍ လက်ယာထီး ၄ စင်းအားဖြင့် ရှစ်စင်းထီးဖြူ မှတ်ယူရာ၏။