ထိပ်တင်ဧကန်

ဝီကီပီးဒီးယား မှ

ဝတ်တော်သိမ်းကြိုး

ထိပ်တင်ဧကန်[ပြင်ဆင်ရန်]

ထိပ်တင်ဧကန်။ မယ့်စိတ်မှာတော်မှန်။ သွေလှန်လို့ ထူးခြားဘဲ။ မယ်စိတ်ထဲက စွဲလှာနဲ။ ။

မြဲမြဲမြဲမြဲ သာ။ သဘောငယ်သာ ကြင်ကြင်ကြင်ပလေ။ သက်လုံးငယ်သာ ခင်ခင်ခင်ပလေး။ ။

မရှောင်လေငြား။ မှန်ရုံမှန်ရုံသား။ ။

ထိပ်ထားငယ်သာကြည်။ ကြွပါလာပါမည်။ ကြံစည်ကြံစည် ကြံစည်ရောရှု။ ပျိုတော်များတစ်စုငယ်နှင့်လေး။ ။

နှီးနှောစိတ်ထားပြီး စိတ်ထားပြီး။ နှီးနှောစိတ်ထားပြီး စိတ်ထားပြီး။ နှီးနှောစိတ်ထားပြီး စိတ်ထားပြီး။ ။

သွေလှန်လို့ ထူးခြားဘဲ။ မယ့်စိတ်ထဲက စွဲလှာနဲ။ ။

မြဲမြဲမြဲမြဲသာ။ သဘောငယ်သာ ကြင်ကြင်ကြင်ပလေ။ သက်လုံးငယ်သာ ခင်ခင်ခင်ပလေး။ ။

ဘုန်းပန်းပွင့်လူ။ ယဉ်တဲ့ယဉ်တဲ့သူ။ ။

ယူတော် ယူတော် ယူတော် သွေလွှဲ။ လာမှ လာလိုဘဲ။ ။

နှီးနှောစိတ်ထားပြီး စိတ်ထားပြီး။ နှီးနှောစိတ်ထားပြီး စိတ်ထားပြီး။ နှီးနှောစိတ်ထားပြီး စိတ်ထားပြီး။ ။

သွေလှန်လို့ ထူးခြားဘဲ။ မယ့်စိတ်ထဲက စွဲလှာနဲ။ ။

မြဲမြဲမြဲမြဲသာ။ ဆန်းလှလှဘွေရှာ။ ထွေရာယဉ်မျိုး။ ပုံလာဆင့်ဆင့်တိုးပါလို့။ ထွတ်စိုးစံတော်မူလေတည့်မှ။ ထွတ်စိုးစံတော်မူ။

ကျေးဇူးတင်ပါသည်[ပြင်ဆင်ရန်]

ပြုစုထိန်းသိမ်းပေးထားသော ဂီတဝိသောဓနီ face book group အား ကျေးဇူးအထူးတင်ပါသည်။ https://www.facebook.com/groups/GitaWinThawDaNi/