ထိပ်တင်ဆန်း

ဝီကီပီးဒီးယား မှ
ထိပ်တင်ဆန်း

ထိပ်တင်ဆန်းသည် မန္တလေးမြို့မ အပျော်တမ်း တူရိယာ အဖွဲ့အသင်းကြီး၏ မန်နေဂျာအဖြစ် တာဝန်ထမ်းဆောင်ပြီး ပင်တိုင်အဆိုတော်တစ်ယောက် ဖြစ်သည်။

ထိပ်တင်ဆန်းသည် မန်းစည်ပင်တေးဂီတကိုလဲ စတင်တည်ထောင်ခဲ့သူဖြစ်ပြီး ဂီတမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာနိုင်ငံဂီတအစည်းအရုံး(မန္တလေးတိုင်း)တွင်လဲ တိုင်းတွဲဖက်အတွင်းရေးမှူး တာဝန်ထမ်းဆောင်လျက်ရှိသည်။ မြို့မနှင့်အတူ စီးရီးများစွာထွက်ရှိခဲ့ပြီး ပရိသတ်အကြိုက် သီချင်းများစွာ သီဆိုခဲ့သူလဲ ဖြစ်သည်။

သူ၏စတိုင်[ပြင်ဆင်ရန်]

မန္တလေးတွင် ထိပ်တင်ဆန်းအား တွေ့လိုက်လျှင် သူ၏ ဝတ်စားပုံသည် သူများနှင့်မတူ တမူထူးခြားနေ၏။ ဘိတ်သိပ်ဆရာ မင်္ဂလာဆောင် သွားမည့်ပုံစံနှင့် တူနေသည်။ တစ်ခါတစ်လေ ထိုအဝတ်အစားများနှင့် စက်ဘီးစီးပြီးသွားတာ တွေ့ရတတ်သည်။ မြန်မာဆန်လှသည်။ အလှူများ၊ မင်္ဂလာဆောင်များတွင် မြန်မာသီချင်းများကို ပိုင်ပိုင်နိုင်နိုင် ဆိုနိုင်သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၀၉-ခုနှစ်၊ ဇူလိုင် ၁ဝရက် မွန်းလွဲပိုင်း မန္တလေးမြို့ နန်းတော်ရှေ့ရှိ နေအိမ်တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်မှာ အသက် (၆၃)နှစ်ရှိပြီဖြစ်ပြီး သမီးငယ်တစ်ဦး ကျန်ရှိခဲ့သည်။ ကွယ်လွန်ချိန်အထိ အနုပညာတာဝန်များကို ထမ်းဆောင်ခဲ့ပြီး မန်းစည်ပင်တေးဂီတက အနားယူပြီးနောက်တွင် မြို့မအသင်းကြီးမှာပင် တစ်စိုက်မတ်မတ် ပါဝင်လှုပ်ရှား ဆောင်ရွက်သွားခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မော်ကွန်းတင်ပြီးမိတ္တူ။ 22 February 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 17 January 2021 တွင် ပြန်စစ်ပြီး။