ထရူးဒို့စ်ဒေသရှိ ပန်းချီဆွဲထားသော ဘုရားရှိခိုးကျောင်းများ
ပုံပန်းသွင်ပြင်
ထရူးဒို့စ်ဒေသရှိ ပန်းချီဆွဲထားသော ဘုရားရှိခိုးကျောင်းများ* | |
---|---|
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ | |
တည်ရှိသည့် နိုင်ငံ | ဆိုက်ပရပ်စ် |
အမျိုးအစား | ယဉ်ကျေးမှု |
ရွေးချယ်သည့်စံနှုန်း | ii, iii, iv |
ကိုးကား | ၃၅၁ |
ဒေသ** | ဥရောပနှင့် မြောက်အမေရိက |
သတ်မှတ်ခြင်း မှတ်တမ်း | |
စတင်သတ်မှတ်ခြင်း | ၁၉၈၅ (နဝမအကြိမ်) |
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည် ** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ |
ထရူးဒို့စ်ဒေသရှိ ပန်းချီဆွဲထားသော ဘုရားရှိခိုးကျောင်းများ သည် ဆိုက်ပရပ်စ်နိုင်ငံ အလယ်ပိုင်း ထရူးဒို့စ်တောင်တန်းများတွင် တည်ရှိသော ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာ တစ်ခုဖြစ်သည်။ ထိုအဆောက်အဦး အစုအဝေးတွင် ဘိုင်ဇန်တိုင်းခေတ် နှင့် ဘိုင်ဇန်တိုင်းခေတ်လွန် မှန်စီရွှေချများဖြင့် မွမ်းမံထားသည့် ဘိုင်ဇန်တိုင်း ဘုရားကျောင်း နှင့် ဘုန်းကြီးကျောင်း ၁၀ ခုပါဝင်သည်။ ထို အဆောက်အဦးတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
- ရုဖ်မှ စိန့်နီကိုလပ်စ်၏ ဘုရားကျောင်း၊ကာကိုပက်ထရီးယား
- အာဂျီယို့စ် အိုင်အိုယန်နစ် ( စိန့်ဂျွန်) လမ်ပါဒစ်စတစ် ဘုန်းကြီးကျောင်း၊ ကာလိုပါနာဂျီအိုတစ်
- ပါနာဂီးယား (အပျိုစင်) ဖော်ဗွီယိုတစ်ဆာ (အာစီနိုး) ဘုရားကျောင်း၊ နီကီထရိုင်
- ပါနာဂီးယား (အပျိုစင်) တိုး အာရာကိုး ဘုရားကျောင်း၊ လန်ဂေါဒီးယား
- ပါနာဂီးယား (အပျိုစင်) ဘုရားကျောင်း၊ မော်တိုးလပ်စ်
- အာ့ချ်အန်ဂျလို မိုက်ကယ် (အာ့ချ်အန်ဂျယ် မိုက်ကယ်) ဘုရားကျောင်း၊ပီဒိုးလပ်စ်
- တီမီယို့စ် စထရာဗို့စ် (မြင့်မြတ်သော လက်ဝါးကပ်တိုင်)ဘုရားကျောင်း၊ ပီလန်ဒရီ
- ပါနာဂီးယား (အပျိုစင်)ပိုဒီသိုး၊ ဂါလာတာ
- စထရာဗရော့စ် ( မြင့်မြတ်သော လက်ဝါးကပ်တိုင်) ဘုရားကျောင်း၊ ပလက်တာနစ်တာစာ
- အာဂီယာ ဆိုတီယာ (ကယ်တင်ရှင်၏ ပုံပြောင်းလဲခြင်း) တိုး ဆိုတီရော့စ် ဘုရားကျောင်း၊ ပါလိုင်ချိုရီ အိုရိန်းနစ်
အစပိုင်း ၁၉၈၅ က ယူနက်စကိုမှ ဘုရားကျောင်း ၉ ခုကိုသာ ထည့်သွင်းခဲ့သော်လည်း ၂၀၀၁ ခုနှစ်တွင် ပလိုင်ချိုရီ ဘုရားကျောင်း ပါဝင်လာခဲ့သည်။[၁] ပါနာဂီးယား ခရိုင်ဆိုကော်ဒါလီယိုတစ်ဆာ ဘုရားကျောင်၊ဆပီးလီးယားကို ၂၀၀၂ တွင် ထပ်မံတိုးချဲ့ရန် အတွက် စာရင်းသွင်းခဲ့သော်လည်း လက်ရှိတွင် ယာယီစာရင်း၌သာ ပါဝင်နေသေးသည်။[၂]
ကိုးကား
[ပြင်ဆင်ရန်]- ↑ Painted Churches in the Troödos Region။ World Heritage List။ UNESCO။ 24 November 2010 တွင် ပြန်စစ်ပြီး။
- ↑ Church of Panagia Chrysokourdaliotissa, Kourdali (extension to "Painted Churches in the Troodos Region")။ UNESCO။ 31 July 2012 တွင် ပြန်စစ်ပြီး။