ထယ်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်

ရှေးကျောက်ခေတ်မှအစပြု၍ လူတို့သည် မြေကြီးကို ထွန် ယက်လျက်၊ သီးနှံပင်များကို စိုက်ပျိုးခဲ့ကြသည်။ သို့ရာတွင် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာအတွင်း၌သာလျှင်၊ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းတွင် အသုံးပြုကြသည့် ကရိယာတန်ဆာ ပလာများသည် ယခင်ကထက် တိုးတက်ကောင်းမွန်လာကြ သည်။ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၃ဝဝဝ ခန့်က အီဂျစ် လူမျိုးတို့သည် သစ်သားဖြင့်ပြုလုပ်သော ထယ်နှင့်ပေါက်ပြား များကို အသုံးပြုလျက် လယ်ယာမြေကိုပြုပြင်၍၊ ဂျုံစပါးကို စိုက်ပျိုးခဲ့ကြသည်။ ၁၇ ရာစုနှစ်များသို့တိုင်အောင် တောင်သူ လယ်သမားတို့သည် သစ်သားထွန်နှင့် ထယ်စသော စိုက်ပျိုးရေး ကရိယာများကိုသာ အသုံးပြုခဲ့ကြသည်။ ထယ်ဖြင့် လယ်ယာ မြေကို ထွန်ယက်ပြုပြင်ရာ၌ လူတို့သည် ကျွဲနွားနှင့်မြင်းတို့၏ အကူအညီကိုယူလျက် ဆောင်ရွက်ခဲ့ကြသည်။ ယနေ့တိုင်အောင် မြန်မာနိုင်ငံနှင့်တကွ အခြားတိုင်းနိုင်ငံတို့၌ ကျွဲနွားနှင့် မြင်းတို့ ဖြင့် လယ်ယာမြေများကို ထယ်ထိုးပြုပြင်လျက်ရှိကြသည်။ သို့ ရာတွင် ယခုခေတ်၌ သုံးစွဲလျက်ရှိကြသောထယ်မှာ သစ်သား ချည်းသက်သက် မဟုတ်တော့ဘဲ၊ ထယ်သွားနေရာတွင် ထက် သောသံချွန်ကို တပ်ဆင်ထားသဖြင့် ယခင်ကထက် ပိုမို၍ ခရီး ရောက်သည်။ ဤကဲ့သို့ ထယ်ကိုစံနစ်တကျ တီထွင်လိုက်ခြင်း ဖြင့်၊ လယ်မြေဧကကို တိုးချဲ့လုပ်ကိုင်နိုင်သည့်အပြင်၊ သီးနှံ ထွက်လည်း ပို၍ကောင်းလာသည်။ လယ်မြေကို ကျနစွာ ထွန် ယက်ပြုပြင်ပေးခြင်းသည် စိုက်ပျိုးရေးလုပ်ငန်း အောင်မြင်မှု၏ အခြေခံ အုတ်မြစ်ကြီးဖြစ်သည်။


ထယ်အမျိုးအစားပေါင်း များစွာရှိသည်။ ရိုးရိုးထယ်မျိုးမှာ ရှေ့ကနေ၍၊ ကျွဲနွားမြင်းစသော တိရစ္ဆာန်တို့ ရုန်းရသော ထယ် မျိုးဖြစ်ရာ၊ ထယ်ထိုးသူသည် လက်ကိုင်ကိုကိုင်လျက် နောက်မှ လမ်းလျှောက်လိုက်ရသည်။ အခြားတစ်မျိုးမှာ ဘီးများတပ်ဆင် ထားသော ထယ်ဖြစ်၍ ထယ်ထိုးသူသည် ထိုင်ခုံပေါ်မှ လိုက်ရ သည်။ ကျန်တစ်မျိုးမှာ မြင်းဖြင့်ဆွဲ၍သော်၎င်း၊ လယ်ထွန် စက်ဖြင့် ဆွဲ၍သော်၎င်း၊ အသုံးပြုရသော ထယ်မျိုးဖြစ်သည်။ ဤထယ်မျိုးတွင် ထယ်သွားများစွာ တပ်ဆင်ထားသဖြင့်၊ တစ်ကြိမ်တည်းနှင့် ထယ်ကြောင်းများစွာ ပြုလုပ်နိုင်သည်။ ထယ်ကိုစံနစ်တကျ တီထွင်ထားခြင်းအားဖြင့် မြေကြီးကို ကျန စွာ ပြုပြင်ပေးနိုင်ကြသည်။ ထယ်သွားဖြင့် မြေကြီးကိုဖော် ထုတ်နိုင်၏။ ထယ်သွားအထက်တွင် စောင်းရွှေရွှေရှိသော ထယ် သွားနှာယောင်ဖြင့် မြေစာကို ဘေးသို့ဖယ်ထုတ်လိုက်သည်။

ထယ်ရေးခဲဆွဲဖြင့် ထယ်သွားကိုထိန်းထားသည်။ အချို့ထယ် တို့တွင် ထယ်သွားနှာယောင်ရှေ့၌ သံသွားတစုံကို တပ်ဆင် ထား၍၊ မြေစာကို ခုတ်ထွင်ပေးသည်။ အချို့ထယ်များ၌မူ ထယ်သွားအစား လည်နိုင်သောသံပြားဝိုင်းများကို မြေပြင်နှင့် ခပ်စောင်းစောင်းတပ်ဆင်ထား၍ မြေကြီးကို တူးဆွကြသည်။

ရှေးအခါကပင် မြန်မာနိုင်ငံ၌ ထယ်သွားအမျိုးမျိုးကို အသုံး ပြုခဲ့ကြသည်။ ယင်းတို့အနက် စုတ်ချွန်း၊ အာလောင်၊ စက၊ ဘဲ၊ ကျေးနှင့် ကိုင်းဟုခေါ်သော ထယ်များမှာ အထင်ရှားဆုံး ဖြစ်သည်။ စုတ်ချွန်းထယ်သွားသည် အဖျားချွန်လျက် နားရွက်ကြီးသည်။ ထိုထယ်သွားကို မြေမာ၊ မြေစေးတွင် အသုံး ပြုသည်။ အာလောင် ထယ်သွားသည် အပြားဝိုင်း၍၊ နားရွက် အနေတော်ရှိသည်။ ထိုထယ်သွားကို မြေပျော့၊ မြေနုတွင် အသုံး ပြုသည်။ စကထယ်သည် မြေပျော့လည်းမဟုတ် မြေမာလည်း မဟုတ်သော စကမြေ၌သုံးသော ထယ်မျိုးဖြစ်သည်။ ဘဲ၊ ကျေး နှင့် ကိုင်းထယ်သွားများသည် မြေအောက်ကိုလှန်သော ထယ် သွားများဖြစ်သဖြင့် ယင်းတို့၌ နားရွက်ငယ်ငယ်ရှိကြ၏။

မြန်မာနိုင်ငံ၌ အသုံးများသောထယ်တို့သည် အရပ်ဒေသနှင့် မြေအမျိုးအစားကိုလိုက်၍ အကြီး၊ အလတ်၊ အငယ်ဟူ၍ သုံး မျိုးရှိသည်။ ထယ်တစ်မျိုးကို တစ်ပင်တိုင်ထယ်ဟုခေါ်သည်။ ထိုထယ်ကိုပြုလုပ်ရာ၌ သဘာဝအလျောက် ကောက်နေသော သစ်ကိုင်းကိုခုတ်ရွေ၍၊ ထယ်သွားပုံကျအောင် ပြုပြင်ယူသည်။

ထိုနောက် ထယ်သွားတပ်၍ အသုံးပြုသည်။ ထိုထယ်၏ လက်ကိုင်၌ အောက်ခြေမှ ၉ လက်မမှ ၁၂ လက်မအကွာ လောက်တွင် အပေါက်ဖောက်၍ ထယ်သန်လျှိုထားသည်။ ထယ်သန်ကျွတ်မထွက်နိုင်အောင် ထယ်သန်၏အဖျားတွင် ပရစ် သပ်ကလေးတစ်ခုကို ကန့်လန့်ဖောက်၍ လျှိုသွင်းထားသည်။ ထယ်စူးသည့် အတိမ်အနက်ကို ချိန်ဆနိုင်ရန် ထယ်သန်ကို စရွေးပေါက်၌ အထက်အောင်သပ် ၂ ခုည|ပ်၍ ထိန်းပေးသည်။ ထိုတယ်ကို မြေအမျိုးအစားလိုက်၍ အပေါ့အလေး ပြုလုပ်ရ သည်။

ဒုတိယထယ်မျိုးသည် တစ်ပင်တိုင်ထယ်ကို ပြုပြင်ချဲ့ထွင် ထားသော ထယ်မျိုးဖြစ်သည်။ ထိုထယ်ကို ထယ်ကောက် သို့မဟုတ် ထယ်ဒူးကောက်ဟုခေါ်သည်။ ထိုထယ်၌ ထယ်လျှာ တိုင်ပါ၍ ယင်း၏တစ်ဘက်စွန်းကို ထယ်သွား၏ နားရွက် နောက်မှ ထယ်အုံး၌ရှိသော အပေါက်ထဲသို့ ထည့်သွင်း၍၎င်း၊ အခြားတစ်ဘက်စွန်းသို့ ထယ်သန်တွင်ဖောက်ထားသော အပေါက်ကို လျှိုသွင်း၍၎င်း တပ်ဆင်ထားသည်။

တတိယထယ်မျိုးသည် လွှတိုက်သစ်သားဖြင့် ပြုလုပ်သော ထယ်ဖြစ်သည်။ ထိုတယ်ကို တုံးလုံးထယ်ဟုခေါ်သည်။ ထို ထယ်၏လက်ကိုင်တိုင်နှင့် မုတ်တိုင်တို့ရှိ စရွေးပေါက်များတွင် ထယ်သန်လျှိုသွင်းထားသည်။ လက်ကိုင်တိုင် တစ်ဘက်သို့ စွန်းထွက်နေသော ထယ်သန်အဖျားကို ပရစ်တံဖြင့် ထိန်းထား သည်။ မုတ်တိုင်၌လည်း ထယ်အစူးအရှ၏ အတိမ်အနက်ကို ပြုပြင်ပေးရန် ပရစ်တံတစ်ခု တပ်ထားသည်။ ထယ်ကို ကန့် လန့်တပ်ဆင် နိုင်ရန် ထယ်သန်၏အဖျားတွင် ထိပ်စွန်းမှ ၂ ပေခန့်အကွာ၌ အပေါက်ကလေး ၃ ပေါက်ခန့်ကို ၅ လက်မစီ ခြားလျက် ဖောက်ထားသည်။ အထက်ပါထယ်များသည် မြေထဲ သို့စူးဝင်ရာ၌ ရင်တိုက်စူးဝင်လျက် ထယ်စာ ထယ်ခဲများကို ရှေ့သို့ပြန်ကျစေသည်။ ထိုကြောင့် ယင်းတို့ကို ရင်တိုက်ထယ် ဟု ခေါ်ကြသည်။ ထိုထယ်တို့၏ ချွတ်ယွင်းချက်များမှာ နှာ ယောင်မပါ၍ ဆွဲရာ၌ လေးလံခြင်း၊ ရွက်လိမ်မပါသဖြင့် ထယ် စာထယ်ခဲများ ကောင်းစွာမလန်ခြင်း၊ ညီညာသောထယ်ကြောင်း မရနိုင်သောကြောင့် ထယ်ကြောင်းချင်းစပ်ရန် ခဲယဉ်းပြီးလျှင် မြေရိုး သို့မဟုတ် ခုံများကျန်နေတတ်ခြင်း စသည်တို့ ဖြစ်လေသည်။

ထိုချွတ်ယွင်းချက်များမရှိစေရန် မြန်မာနိုင်ငံတော် စိုက်ပျိုး ရေးဌာနတွင် ထယ်တစ်မျိုး တီထွင်ထားသည်။ ထိုထယ်ကို သိပ္ပံထယ်ဟုခေါ်သည်။ သိပ္ပံထယ်သွားတွင် အနောက်နိုင်ငံ များ၌လုပ်သော ထယ်သွားမျိုးတို့၏ ကောင်းမွန်သော အချက် အလက်များပါရှိသည်။ ထိုထယ်သွားကို မြန်မာတောင်သူလယ် သမားများ သုံးရင်းစွဲဖြစ်သော ထယ်ဒူးထယ်တုံးများတွင် လွယ် လင့်တကူ တပ်ဆင်၍ရသည်။ ထိုပြင် သိပ္ပံထယ်သွားသည် အနောက်နိုင်ငံထယ်သွားများလောက် အလေးချိန်မစီးသဖြင့် အစိုစိုက်ခြင်း၊ အခြောက်စိုက်ခြင်း နှစ်မျိုးစလုံးအတွက် အသုံး ပြုနိုင်သည်။

သိပ္ပံထယ်သွား အမှတ် ၁၊ ၂၊ ၃၊ ၄ ဟူ၍ လေးမျိုးရှိ သည်။ အမှတ် ၁ သိပ္ပံထယ်သွားသည် ထယ်သွား အလတ်စား သို့မဟုတ် စကထယ်သွားမျိုးဖြစ်သည်။ အလေးချိန် ၃ ပိဿာ နှင့် ၈၈ ကျပ်သားခန့်ရှိသည်။ ထယ်ကြောင်းအနက် ၄ လက်မ မှ ၆ လက်မအထိ၊ အကျယ် ၆ လက်မမှ ၈ လက်မအထိ ထိုး နိုင်သည်။ ထိုထယ်သွားမျိုးကို မြေနုမြေလတ်များတွင် အသုံးပြု ကြသည်။

အမှတ် ၂ သိပ္ပံထယ်သွားသည် ထယ်သွား အငယ်စားမျိုး ဖြစ်သည်။ အလေးချိန် ၃ ပိဿာနှင့် ၅ ကျပ်သားခန့်ရှိသည်။ ထယ်ကြောင်းအနက် ၃ လက်မမှ ၅ လက်မအထိ၊ အကျယ် ၄ လက်မမှ ၇ လက်မ အထိထိုးနိုင်သည်။ ထိုထယ်မျိုးကို မြေစေး၊ မြေမာများ၌ သုံးရန်သင့်လျော်သည်။ အမှတ် ၃ သိပ္ပံ ထယ်သွားသည် အကြီးဆုံးဖြစ်၍ အလေးချိန် ၅ ပိဿာ ၅၅ ကျပ်သားခန့်ရှိသည်။ ထယ်ကြောင်းအနက် ၃ လက်မမှ ၆ လက်မအထိ၊ အကျယ် ၆ လက်မမှ ၉ လက်မအထိ ထိုးနိုင် သည်။ မြေထဲ အမြစ်နက်နက် ဆင်းသောအပင်များ စိုက်ပျိုး ရာ၌ ထိုထယ်ကြီးများကို အသုံးပြုလေ့ရှိသည်။ အမှတ် ၄ သို့မဟုတ် ဝ (သုည) သိပ္ပံ ထယ်သွားသည် အသေးဆုံးဖြစ် သည်။ အလေးချိန် ၂ ပိဿာခွဲရှိသည်။ ထယ်ကြောင်းအနက် ၃ လက်မမှ ၅ လက်မအထိ၊ အကျယ် ၄ လက်မမှ ၇ လက်မ အထိ ထိုးနိုင်သည်။ ထိုထယ်သွားမျိုးကို မြေနု၊ နုံးမြေများတွင် အသုံးပြုကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)