တဲ ဝီလျံ
ဝီလျံတဲသည် ဆွစ်လူမျိုးတို့၏ မျိုးချစ်ပုဂ္ဂိုလ်ကြီးဟူ၍ သမိုင်းတွင် စာတင်ခြင်းခံရသော လေးသည်ကျော်ဖြစ်၏။ ၁၃ဝရ ခုနှစ်လောက်တွင် ဆွစ်ဇာလန်နိုင်ငံရှိ နယ်အချို့ကို ဩ စတြီးယားပြည်မှ ဟတ်စဗတ်မင်းဆက်က အုပ်စိုးလျက်ရှိသည်။
တစ်ခါသော် အားလဒေါ့မြို့ဈေး၌ ဩတတြီးယန်းအမျိုးသား မြို့ဝန် ဂက်စလာသည် မြင့်မားသောတိုင် ကြီးတစ်တိုင်ကို စိုက် ထူထားပြီးသော် တိုင်ထိပ်တွင် ဦးထုပ်တစ်လုံးကို တင်ထားစေ ၏။ တိုင်အနီးမှ ဖြတ်သန်းသွားလာသူတိုင်း ထိုဦးထုပ်ကို ဒူး ကွေး ဦးညွတ်ကာ အရိုအသေပြုကြရမည်ဟု ကျပ်တည်းစွာ အမိန့်ထုတ်ထားလေသည်။ ဤနည်းဖြင့် ဩစတြီးယန်း လူမျိုးတို့၏ တန်ခိုးဩဇာ လွှမ်းမိုးခြင်းကို ထင်ရှားစေလေ သည်။
တစ်နေ့သ၌ ဝီလျံတဲသည် မိမိ၏ သားငယ်ကလေးနှင့်အတူ ထိုနေရာအနီးသို့ ရောက်လာ၏။ တဲကား ရိုးသားဖြောင့်မတ် မြင့်မြတ်သောစိတ်ရှိသည်နှင့်အမျှ ရဲစွမ်းသတ္တိရှိသူလည်းဖြစ်လေ သည်။ လေးအတတ်တွင် လည်း အထူးကျွမ်းကျင်လိမ်မာသည်။ လူမျိုးခြားတို့က မတရားသဖြင့် ရက်စက်စွာ အုပ်စိုးခြင်းကို ကျေနပ်နှစ်သိမ့်စွာ ခံယူကြောင်းပြရသည့် အထိမ်းအမှတ် ဖြစ်သော အဆိုပါဦးထုပ်အား ဦးညွတ်အရိုအသေပေးခြင်းကို စက်ဆုပ်သဖြင့် သူသည်မမြင်ဟန် ပြုကာသွားလေသည်။ သို့ အတွက် ဝီလျံတဲအား ရက်စက်ကြမ်းကြုတ်လှသည့် မြို့ဝန်ထံ သို့ စစ်သားများက ဆွဲယူခေါ်ဆောင်သွားကြလေသည်။
တဲက မိမိသည် တိုင်ထိပ်ရှိ ဦးထုတ်ကိုလည်း မမြင်၊ အမိန့် ချထားကြောင်းလည်း မသိသဖြင့် အပြစ်မရှိကြောင်း ရဲဝံ့စွာ ဆို လေသည်။ သို့ရာတွင် ဂက်စလာသည် တဲ၏အကြောင်းကို ကြားသိထားသူဖြစ်၍ ဂိုက် တစ်ရာခန့်အကွာတွင်ရပ်နေသော တဲ၏သားကလေးခေါင်းပေါ်တွင် တင်ထားသည့် သစ်သော့သီး ကို မှန်အောင် မြားနှင့်ပစ်ပြနိုင်ပါက တဲအား အပြစ်မှလွှတ်မည် ဟု အမိန့်ချလေသည်။
တဲသည်ကား လက်တည့်လှသော်လည်း မိမိ၏ရင်သွေး ကလေးဖြစ်နေသဖြင့် လက်မရဲနိုင်ရှာပေ။ ထို့ကြောင့် မိမိ၏ ရင်သွေးအတွက် အသက်အန္တရာယ်နီးလှသော အလုပ်ကိုမလုပ် လိုရကား မိမိကိုပင် သတ်လိုကသတ်ရန် ပြောဆိုလေသည်။ သို့ရာတွင် ဂက်စလာက မိမိအမိန့်အတိုင်း ဆောင်ရွက်စေ၏။ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော သားငယ်ကလည်း သူ့ဖခင်၏ လက်စွမ်းကို ယုံကြည်သည့်အတိုင်း မိမိအားထိမှန်မည် မဟုတ် ဟု စိတ်ချသဖြင့် ချထားသောနေရာမှနေ၍ ဖခင်အား မြားနှင့် ပစ်ရန်တိုက်တွန်းကာ အချက်ပင်ပြနေလေသည်။ ဝီလျံတဲသည် မြားတောင့်မှ မြားတစ်ချောင်းကိုထုတ်ယူပြီးသော် သေချာစေ့ငု စွာစစ်ဆေး၍ သူ၏ခါးပတ်တွင်ထိုးထားလိုက်၏။
ထိုနောက် အခြားမြားတစ်စင်းကို ထုတ်ယူပြီးလျှင် မိမိ၏လေးတွင် တင်ကာ ချိန်လွှတ်လိုက်လေသည်။ အနီးရှိသူတို့ အသက်ပင် မရှူနိုင်ဘဲ ငေးမောကြည့်ရှုနေကြစဉ် မြားသည် သစ်သော့သီးကို တည့်တည့်ကြီးထိမှန်လေ၏။
ကောက်ကျစ်သောစိတ်ထားဖြင့် စောင့်စားကြည့်ရှုနေသော မြို့ဝန်ကား မချိပြုံးပြုံးလျက် ‘သင်သည် အလွန် လက်တည့်သူ ဖြစ်သည်။ သို့ရာတွင် အခြားမြားတစ်စင်းကို မည်သည့်အတွက် ထုတ်ထားရသနည်း’ ဟုမေးလေ၏။ ‘အကျွန်ုပ်၏သားအား မြားမှန်ခဲ့ပါလျှင် ဤထုတ်ထားသောမြားဖြင့် မင်းဆိုးမင်းညစ် အသင့်အား ပစ်၍ သတ်ရန် ဖြစ်သည်’ဟု ဝီလျံတဲက ရဲဝံ့စွာ ပြောပြလေ၏။ မြို့ဝန်မှာ ဒေါသအမျက် ခြောင်းခြောင်းထွက် ကာ တဲကိုဖမ်းစေ၍ ကြိုးဖြင့်တုတ်ပြီးသော် လူစန်းအိုင်ကြီး တစ်ဘက်ရှိ ထောင်အတွင်း၌ အကျဉ်းထားရန် အမိန့်ပေးလေ၏။
ဝီလျံတဲအား ထောင်သို့ပို့ရန် အိုင်ကိုဖြတ်ကူးနေစဉ် လေ ပြင်းမုန်တိုင်းကျသဖြင့် ဝီလျံတဲမှာ လှေပဲ့ကို ကူထိန်းပေး ၇လေသည်။ ထို့ကြောင့် လှေကို ကျောက်ဆောင်ပေါများသော ကမ်းစပ်တစ်နေရာတွင် ဆိုက်ကပ်ပြီးလျှင် ကမ်းပေါ်သို့တက်ကာ တောအုပ်တစ်ခုအတွင်းသို့ ဝင်ရောက်လွတ်မြောက်သွားလေ၏။ အခြွေအရံများနှင့် နောက်မှလိုက်ပါလာသော မြို့ဝန်အား တော အုပ်အတွင်းမှ ချောင်းမြောင်း၍ မြားဖြင့် ပစ်သတ်လိုက်လေ သည်။
ထိုအခါမှစ၍ တဲခေါင်းဆောင်သော ဆွစ်နယ်သုံးနယ်သည် ပူးပေါင်းကာ ဩစတြီးယန်း လူမျိုးတို့အား အောင်မြင်စွာ တော် လှန်ကြလေ၏။ ထိုအောင်မြင်မှုမှာ ဆွစ်လူမျိုးတို့၏ လွတ်လပ် ရေးအစဖြစ်ရာ မကြာမီ ဆွစ်တစ်မျိုးလုံး ဩစတြီးယန်း လူမျိုး တို့၏ လက်အောက်မှ လွတ်မြောက်ကြသည်ဟု ဆိုလေသည်။
ဝီလျံတဲ၏အကြောင်းမှာ သမိုင်းဝင်ဟု ယူဆလောက်ပေသည်။ သို့သော် အချို့သော သုတေသီ ပုဂ္ဂိုလ်တို့ကမူ တဲ၏အတ္ထုပ္ပတ်သည် ဒဏ္ဍာရီမျှသာဖြစ်၏ဟု ဆို ကြသည်။
ကိုးကား
[ပြင်ဆင်ရန်]မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)