မာတိကာသို့ ခုန်သွားရန်

တော်သလင်း မြစ်တွင်း သင်ဖြူးခင်း

ဝီကီပီးဒီးယား မှ

တော်သလင်း မြစ်တွင်း သင်ဖြူးခင်း သည် မြန်မာဆိုရိုးစကား ဖြစ်သည်။[]

အဓိပ္ပာယ်

[ပြင်ဆင်ရန်]

တော်သလင်း မြစ်တွင်း သင်ဖြူးခင်း ဆိုသည်မှာ တော်သလင်းလတွင် မြစ်ရေသည် လှိုင်းလေငြိမ်သက်ပြီး အလွန်ကြည်လင်ပြန့်ပြူးနေသောကြောင့် မြစ်ပြင်တစ်ခုလုံးကို သင်ဖြူးဖျာ ခင်းထားသကဲ့သို့ ထင်ရသည်ဟု ဆိုလိုသည်။ ဤဆိုရိုးစကားသည် တော်သလင်းလ၏ ရာသီဥတုနှင့် မြစ်ရေပြင်၏ အခြေအနေကို ဖော်ပြသည်။ တော်သလင်းလသည် မိုးရာသီကုန်ဆုံးခါနီးဖြစ်ပြီး မိုးရေများ လျော့နည်းလာသောကြောင့် မြစ်ရေများ ကြည်လင်လာပြီး လှိုင်းလေလည်း ငြိမ်သက်သွားသည်။ ထိုအခါ မြစ်ပြင်သည် အလွန်ပြန့်ပြူးနေသောကြောင့် သင်ဖြူးဖျာ ခင်းထားသကဲ့သို့ တင်စား၍ ဆိုလိုခြင်းဖြစ်သည်။ ဤအခြေအနေသည် လှေများသွားလာရန် အကောင်းဆုံးအချိန်ဖြစ်သောကြောင့် ရှေးခေတ်က ထိုအချိန်တွင် လှေပြိုင်ပွဲများ ကျင်းပလေ့ရှိကြသည်။

တော်သလင်းလ

[ပြင်ဆင်ရန်]

တော်သလင်းလသည် မြန်မာပြက္ခဒိန်၏ ၆ လမြောက်လဖြစ်ပြီး စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ကျရောက်သည်။

ကိုးကားချက်များ

[ပြင်ဆင်ရန်]
  • ယမာထုန်သူးတော့တယ်၊ သင်ဖြူးငယ် မြူစင်ဝယ်၊ ရေသဘင် သာညီဖွဲ့၊ ကန်ရာသီ ကြိမ်ဆဲပေမို့၊ ခါပွဲတော်၊ []
  • ရေစီးအဟုန် မညံ့မပြင်း မြစ်တွင်းသာသောကြောင့် သစ်ဖောင်ဝါးဖောင်အများ စုန်ဆင်းသည်၊ တော်သလင်းကို မြစ်တွ င်း သင်ဖြူးခင်းဟု ရှေးသူဟောင်းတို့ ဆိုရိုးရှိသည်။ []
  • မြန်မာလူမျိုးတို့ အမှတ်သညာပြုထားသည့်အတိုင်း တော်သလင်း မြစ်တွင်း သင်ဖြူးခင်းဟူ၍လည်းကောင်း၊ တော်သလင်းနေ ပုစွန်သေ ဟူ၍ လည်းကောင်း စကားရှိသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာဆိုရိုးစကား (ပထမအကြိမ် ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ အောက်တိုဘာ ၁၉၉၆။
  2. [၁၁၉၀-ခန့်] ဆယ့်နှစ်ချုပ်။ ၄၅။ ကိုးကား အမှား - Invalid parameter "'hsathnitchoke45" in <ref> tag. The supported parameters are: dir, follow, group, name.
  3. [၁၁၉၂] ဝေါလီ။ ၅၇။ ကိုးကား အမှား - Invalid parameter "'wawli57" in <ref> tag. The supported parameters are: dir, follow, group, name.
  4. [၁၃၁၀] မြန်လ။ ၅၄။ ကိုးကား အမှား - Invalid parameter "'myanla54" in <ref> tag. The supported parameters are: dir, follow, group, name.