တော်ပီဒိုနှင့် ‌ရေမြှုပ် ‌မြေမြှုပ်ဗုံးများ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ပြီးခဲ့သည့် ကမ္ဘာစစ်ကြီးနှစ်ခုစလုံးတွင် များစွာ‌သောသင်္ဘော တို့သည် ‌တော်ပီဒိုနှင့် ‌ရေမြှုပ်ဗုံးများ၏လက်ချက်ဖြင့် ပျက်စီး နစ်မြုပ်ခဲ့ကြရလေသည်။ ထိုလက်နက်တို့သည် ‌ရေမျက်နှာပြင် မှ၎င်း ‌ ‌ရေ‌အောက်မှ၎င်း သ‌င်္ဘောဆီသို့‌ရောက်လာ၍ ထိခိုက် ‌ပေါက်ကွဲ‌လေ့ရှိရာ စစ်သ‌င်္ဘောအချင်းချင်း အ‌မြောက်နှင့် ပစ် ခတ်သည့် ဒဏ်ထက်ပင် ပို၍ ‌ကြောက်စရာ‌ကောင်းလှ‌ပေသည်။

‌တော်ပီဒိုမှာ ၁၉ ရာစုနှစ် အစ‌လောက်ကပင် ‌ပေါ်‌ပေါက် လျက်ရှိပြီဖြစ်‌သော်လည်း ထိုအခါက များစွာအ‌ရေးပါ အရာမ ‌ရောက်ခဲ့လှ‌သေး‌ချေ။ ၁၈၆၂ ခုနှစ်‌လောက်တွင် ဩစတြီးယား ‌ရေတပ်မှ ‌ ‌ရေ‌ကြောင်းဗိုလ်ကြီး လပ်ပစ်ဆိုသူနှင့် စ‌ကော့လူမျိုး ‌ရောဗတ်ဝှိုက်ဟက်ဆိုသူတို့က ပူး‌ပေါင်းတီထွင်‌သော ‌တော်ပီဒို မျိုး‌ပေါ်လာမှသာ ‌တော်ပီဒိုကို ထိထိ‌ရောက်‌ရောက် အသုံးချ လာနိုင်သည်။

ထို‌တော်ပီဒိုမှာ အ‌လေးချိန် ‌ပေါင် ၃၀၀ သာစီး ၍ တစ်နာရီလျှင် ‌ခြောက်မိုင်နှုန်းမျှသာ သွားနိုင်သည်။ ထို ‌နောက်မှ တဖြည်းဖြည်း ပြုပြင်လာ၍ ယခုအခါ ‌တော်ပီဒို များသည် တစ်နာရီလျှင် မိုင် ၃၀ မှ မိုင် ၅၀ အထိ သွားနိုင် ကြသည်။ ကိုက်‌ပေါင်း ရဝ၀၀၊ ၈၀၀၀ အ‌ဝေးထိ ပစ်ခတ်နိုင် သည်။ ‌ရှေးအခါက ‌တော်ပီဒိုများ၏ သွားရာလမ်း‌ကြောင်းမှာ မမှန်ကန် မ‌ဖြောင့်တန်း‌သော‌ကြောင့် ပစ်ခတ်ရာ၌ များစွာ အခက်အခဲနှင့် ‌တွေ့ခဲ့ရလေသည်။ ‌နှောင်း‌ခေတ် သို့‌ရောက်‌သော် ‌တော်ပီဒို၌ ဂျိုင်ရိုစကုပ်ကို တပ်ဆင်‌ပေးကြ‌သော‌ကြောင့် ‌တော် ပီဒိုသည် ‌ဖြောင့်တန်းစွာ လိုရာသို့ သွားနိုင်ခဲ့သည်။

‌တော်ပီဒို၏ ပုံသဏ္ဌာန်မှာ ‌ဆေးပြင်းလိပ်နှင့် ပုံသဏ္ဌာန်တူ၍ အချင်း ၁၄ လက်မမှ ၂၁ လက်မ အထိရှိသည်။ အလျားသည် အချင်း၏ ၁၂ ဆမျှရှိတတ်သည်။ ‌တော်ပီဒို၏အမြီးတွင် ငါးမြီး သဖွယ် ပန်ကာများရှိ၍ ထိုပန်ကာများအနီး၌ ‌တော်ပီဒိုကို ‌မောင်းနှင်‌ပေးသည့်စက်ရှိသည်။ ထိုအပြင် ‌တော်ပီဒိုကို ‌ရှေ့ ‌နောက် သို့၎င်း ထက်‌အောင်သို့၎င်း သွားနိုင်ရန် ထိမ်း‌ပေး‌သော ဂီယာလည်းရှိသည်။ ထိုဂီယာတွင် ဂျိုင်ရိုစကုပ်တပ်ထားသည်။ ‌တော်ပီဒို၏ အလယ်ပိုင်းတွင် ဖိနှိပ်ထား‌သော ‌လေ‌လှောင်ခန်း ရှိသည်။ ကတာ့ပုံရှိ‌သော ‌ခေါင်းပိုင်းတွင် ‌ပေါက်ကွဲတတ်သည့် ယမ်းရှိ၍ က‌တော့ပုံထိပ်တွင် စနက်တံတပ်ထား‌လေသည်။

‌ရှေးက ‌တော်ပီဒို၌ ဒိုင်းနမိုက်(ယမ်းဘီလူး) အ‌လေးချိန် ၁၈ ‌ပေါင်းသာရှိခဲ့၍ ယခု‌ခေတ် ‌တော်ပီဒိုများတွင် တီ၊ အင်၊ တီ ယမ်းအ‌လေးချိန် ‌ပေါင် ၅၀၀ မျှပါဝင်‌လေသည်။ ‌တော်ပီဒိုကိုပစ်လွှတ်ရာတွင် ‌သင်္ဘောရှိ ‌တော်ပီဒိုပြွန်ထဲသို့ ထည့်ပြီးလျှင် ဖိနှိပ်ထား‌သော‌လေအားနှင့် ပစ်လွှတ်ရ၏။ ‌တော် ပီဒိုသည် သ‌င်္ဘောနှင့် ထိခိုက်မိရာတွင် ထိပ်မှစနက်တံသည် အထဲသို့ဝင်သွားခြင်းဖြင့် ‌တော်ပီဒို၏ယမ်းအိမ်ကို ‌ပေါက်ကွဲ ‌စေသည်။ ‌တော်ပီဒိုကို ‌ရေငုပ်သင်္ဘောနှင့် စစ်သင်္ဘောတို့မှာ သာမက ‌လေယာဉ်ပျံမှလည်း ပစ်လွှတ်နိုင်သည်။ ‌လေယာဉ်ပျံမှ ပစ်လွှတ်သည့် ‌တော်ပီဒိုသည် သင်္ဘောများမှ ပစ်လွှတ်သည့် ‌တော်ပီဒိုထက် အ‌လေးချိန်ချင်းတူညီလျှင် ယမ်းပိုမိုပါဝင်၍ ပိုမိုလျင်မြန်‌လေသည်။ ‌တော်ပီဒို၏ အ‌လေးချိန် ကြီးမား သည့်အ‌လျောက် ‌လေယာဉ်ပျံတစ်စီးလျှင် ‌တော်ပီဒိုတစ်ခုသာ တင်‌ဆောင်နိုင်သည်။ ‌လေယာဉ်ပျံမှ ပစ်လွှတ်‌သော ‌တော်ပီဒိုမှာ ‌ရေနှင့်ရိုက်မိသည့်ဒဏ်ကိုခံရ၍ ပိုမိုခိုင်ခံ့စွာ ရှိဖို့လို၏။

‌တော်ပီဒို ပစ်လွှတ်ရာ၌ ‌ရေငုပ်သင်္ဘောဖြစ်လျှင် ‌ ‌ရေ‌အောက်ပေ အများဆုံး ၅ ‌ပေအတွင်းမှ၎င်း၊ ‌လေယာဉ်ပျံဖြစ်လျှင် ‌ရေပြင်အထက် အမြင့်‌ပေ ၅၀ အတွင်းမှ၎င်း ပစ်လွှတ်၇‌လေသည်။ ‌ရေမြှုပ်ဗုံးသည်လည်း ကမ္ဘာစစ်ကြီးနှစ်ခုစလုံးတွင် အသုံး ပြုခဲ့‌သော အ‌ရေးကြီးသည့်လက်နက်ဖြစ်၏။ ‌ရေမြှုပ်ဗုံးမှာ လုံး ဝန်း‌သောသဏ္ဌာန်ရှိ၍ အချင်း ၃ ‌ပေမျှရှိသည်။ ‌ရေမြှုပ်ဗုံးများ ကို အသုံးပြုခဲ့သည်မှာ ကြာ မြင့်ပြီးဖြစ်သည်။ ၁၈ ရာစုနှစ် ကတည်းက အ‌မေရိကန်တို့ အသုံးပြု‌ကြောင်း သိရလေသည်။ ၁၈၃၉ ခုနှစ် မတိုင်မီက ‌ရေမြှုပ်ဗုံးများ ‌ပေါက်ကွဲ‌စေရန် စက် ကရိယာဖြင့် စီမံထား‌လေသည်။ ထိုနှစ်တွင် ဆာ ချား ပတ် စ‌လေက လျှပ်စစ်ဓာတ်အားဖြင့် ‌ပေါက်ကွဲ‌စေရန် စတင်စီမံရာ၌ ထ‌မြောက်‌အောင်မြင်‌လေသည်။ ‌ရေမြှုပ်ဗုံးကို ‌ရေထဲသို့ချရာတွင် ‌ရေငုပ်သ‌င်္ဘောများအတွက် ရည်စူးပါက ‌ ‌ရေ‌အောက် ‌ပေ ၂၄၀ ‌လောက်တွင် ချထားရ၍ ရိုးရိုးသ‌င်္ဘောများအတွက်ဖြစ်မူ ၅ ‌ပေ မှ ‌ပေ ၂၀ အတွင်း‌လောက်၌ ချထားရ၏။ ထိုသို့ အလိုရှိသည့် အနက်၌ တည်‌စေနိုင်ရန် ‌ရေမြှုပ်ဗုံးတို့ကို ‌ကျောက်ချထားရ သည်။ ‌ရေမြှုပ်ဗုံးနှင့် ပင်လယ်‌အောက်‌ခြေရှိ ‌ကျောက်ဆူးကို ‌ကြေးနန်းကြိုးဖြင့် ဆက်ထား၏။ ထို‌ကျောက်ဆူးမှာ

သင်္ဘော‌ကျောက်ဆူးမျိုး မဟုတ်‌ပေ။

‌ရေမြှုပ်ဗုံးချသည့် ရည်ရွယ်ချက်မှာ မိမိဘက်ကဆိပ်ကမ်းများ သို့ ရန်သူသ‌င်္ဘောများ ချဉ်းကပ်ခြင်း၊ ရပ်နားခြင်းမပြုနိုင်‌အောင် ဖြစ်သည်။ ‌ရေမြှပ်ဗုံးများကို ရန်သူလာနိုင်မည့် အ‌ရေးကြီးသည့် လမ်း‌ကြောင်းများကို ပိတ်ဆို့ရန်အတွက်လည်း အသုံးချနိုင်‌ပေ သည်။ အချို့‌ရေမြှပ်ဗုံးများ၌ အထိန်းရှိ၍၊ အချို့၌ အထိန်းမရှိ ‌ချေ။ အထိန်းရှိသည့် ‌ရေမြှပ်ဗုံးများကို ကမ်း‌ခြေမှ‌ကြေးနန်းကြိုး ဖြင့် ဆက်သွယ်ထား၍၊ ‌ပေါက်ကွဲ‌စေလိုသည့်အခါတွင် လျှပ်စစ် ဓာတ်အားလွှတ်‌ပေး၍ ‌ပေါက်ကွဲ‌စေနိုင်သည်။ သူ့အလို အ‌လျောက် မ‌ပေါက်ကွဲ နိုင်ကြ‌ပေ။ ထို‌ကြောင့် ကမ်း‌ခြေတွင် ဝင်ထွက်‌နေကြ‌သော မဟာမိတ်သ‌င်္ဘောများနှင့် မိမိဘက်က သ‌င်္ဘောများအတွက် စိတ်ချနိုင်‌ပေသည်။ အထိန်းမရှိဘဲ အလို လို‌ပေါက်ကွဲနိုင်‌သော ‌ရေမြှုပ်ဗုံးများမှာ စနက်တံကဲ့သို့ ထိပ်၌ အတံ ငယ်ပါရှိသည်။

သ‌င်္ဘောနှင့် တိုက်မိ‌သောအခါ ‌ပေါက်ကွဲ ‌စေနိုင်ရန် ထို‌ရေမြှုပ်ဗုံးကို စက်ကရိယာဖြင့်၎င်း လျှပ်စစ်ဓာတ် ဖြင့်၎င်း စီမံထားသည်။ ထို‌ရေမြှုပ်ဗုံးတို့၌ အထိန်းမရှိခြင်း‌ကြောင့် ရန်သူသ‌င်္ဘောများသာမက မဟာမိတ်သ‌ဘေင်္ာများပင် မကြာခဏ နစ်မြုပ်ကြရလေသည်။

ဒုတိယကမ္ဘာစစ်ကြီးအတွင်းက ဂျာမန်တို့၏ ‌ရေမြှုပ်ဗုံးများ တွင် သံလိုက်ဓာတ်ထည့်သွင်းထား‌သော‌ကြောင့် ‌ရေမြှုပ်ဗုံး၏ သံလိုက်နယ်အတွင်း ဝင်‌ရောက်လာ‌သောသ‌င်္ဘောများသည် ပျက် စီးကုန်ကြသည်။ ထိုအ‌ကြောင်းကို မသိမီက ဗြိတိသျှသ‌င အများအပြားပင် ပျက်စီးနစ်မြုပ်ခဲ့ကြရလေသည်။

‌ရေမြှုပ်ဗုံးများကိုအသုံးပြု၍ တိုက်ခိုက်သကဲ့သို့ ‌ရေမြှုပ်ဗုံး ရန်မှ ကာကွယ်ရန်ကိုလည်း ကြိုးစားကြံစည်ကြရလေသည်။ ‌ရေ မြှုပ်ဗုံးရန်မှ ကာကွယ်နိုင်ရန်နည်းတစ်နည်းမှာ တံငါသင်္ဘော နှစ်စင်း၏အကြား၌ ကြိုးကွင်းတန်း၍ ငါးပိုက်ဆွဲသကဲ့သို့ ဆွဲ ယူရသည်။ ‌ရေမြှုပ်ဗုံး၏ ‌ကျောက်ဆူးကြိုးကို ဖြတ်မိသဖြင့် ‌ရေမြှုပ်ဗုံး ‌ရေပေါ်သို့တက်လာ‌သောအခါ ‌သေနတ်နှင့်ပစ်ခတ် ဖျက်ဆီးပစ်ရ‌လေသည်။ ရိုးရိုး‌ကြေးနန်း ကြိုးကိုအသုံးပြု၍ ဆွဲ ယူပါက ရံဖန်ရံခါ ‌ကျောက်ဆူးကြိုးမပြတ်ဘဲ ‌ရေမြှုပ်ဗုံးပါလာ တတ်သဖြင့် ‌ရေမြှုပ်ဗုံးတို့ ပြန့်ကြဲ၍သွား တတ်သည်။

ထို့‌ကြောင့် လွှကဲ့သို့ ‌ခွေးသွားစိတ်အသွားများပါရှိ‌သော ‌ကြေးနန်း ကြိုးကို အသုံးပြုရသည်။ ထိုနည်းကို ပထမကမ္ဘာစစ်ကြီးက တည်းက အသုံးပြုခဲ့ကြသည်။ အခြားတစ်နည်းမှာ ‌ရေမြှုပ်ဗုံး ချထားသည့် နယ်နိမိတ်အတွင်း အခြားဗုံးများချ၍ ‌ပေါက်ကွဲ‌စေ ‌သောနည်းဖြစ်သည်။ ‌ရေမြှုပ်ဗုံးများကို ရှင်းပစ်ရန်အတွက် အများဆုံးအသုံးပြုခဲ့၍ အထိအ‌ရောက်ဆုံးဟုဆိုနိုင်‌သောကရိယာ မှာ သ‌င်္ဘောဦးပိုင်း‌အောက်တွင် တပ်ဆင်ရသော ပါရာဗိန်း ဟု‌ခေါ်‌သော ‌တော်ပီဒိုပုံသဏ္ဌာန်မျိုးရှိသည့် ကရိယာဖြစ်သည်။ ထိုကရိယာကို အင်္ဂလိပ်ရေတပ် အရာရှိတစ်ဦးဖြစ်သူ စီ၊ ဒီ၊ ဗာနီ တီထွင်ခဲ့သည်။ ထို‌ရေမြှုပ်ဗုံးရှင်းကရိယာတွင် ဒလက် အသွားများ ဆူး‌တောင်သဖွယ်ပါရှိ၍ ထိုအသွားများနှင့် ‌ရေမြှုပ် ဗုံးတို့၏ ‌ကျောက်ဆူးကြိုးကို ဖြတ်‌တောက်မိ‌သောအခါ ‌ရေမြှုပ် ဗုံးသည် ‌ ‌ရေ‌ပေါ်သို့ ‌ ‌ပေါ‌လော‌ပေါ်လာတတ်သည်။ ထိုအခါ ‌သေနတ်နှင့်ပစ်၍ ဖျက်ဆီးရသည်။

ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့ကြ‌သော ‌ပေါက်ကွဲ‌စေ တတ်သည့် ဗုံအမျိုးမျိုးတို့အနက် ‌ကြောက်မက်ဖွယ်‌ကောင်း ‌သော ဗုံးများမှာ ‌မြေမြှုပ်ဗုံးနှင့် ‌ရေမြှုပ်ဗုံးများဖြစ်သည်။ အခြား ဗုံးများကို အသုံးပြုသည့်အခါတွင် အသံလာရာကို ချိန်ဆ၍ ‌ရှေုာင်တိမ်းနိုင်ရန် အခွင့်အ‌ရေးရရှိနိုင်‌သော်လည်း ‌မြေမြှုပ်ဗုံး ‌ရေမြှုပ်ဗုံးများကိုမူကား မတိမ်း‌ရှောင်နိုင်သဖြင့် အထူးပင် ‌ကြောက်မက်ဖွယ်‌ကောင်း‌ပေသည်။ မည်သည့်‌နေရာ၌ ဗုံးမြှုပ် ထားမှန်း မသိရသဖြင့် စစ်တပ်များသည် ‌ရှေ့သို့ချီတက်ခြင်း ရပ်နားခြင်းပြုရန်အတွက် များစွာအ‌နှောင့်အယှက် ‌တွေ့ကြုံခဲ့ကြ ရ‌လေသည်။

‌မြေမြှုပ်ဗုံးများကို စစ်မျက်နှာအ‌ရှေ့ပိုင်းနှင့် အ‌နောက်ပိုင်း တို့တွင် မြှုပ်နှံထားတတ်၏။ ‌မြေမြှုပ်ဗုံး၏ ‌ဘေးဒဏ်ကို စိုးရိမ် ရခြင်းမှာ ‌ပေါက်ကွဲရာတွင် ပြင်းထန်ရုံမျှမက လို‌သောအချိန် တွင် ‌ပေါက်ကွဲရန် ပြုလုပ်ထားနိုင်ခြင်း‌ကြောင့်လည်းဖြစ်၏။ ‌မြေမြှုပ်ဗုံးများကို အထူးသဖြင့် စစ်ဆုတ်ရာတွင် မြှုပ်နှံထားခဲ့ တတ်ကြသည်။ ယခင်က အထူး‌ကြောက်မက်ဖွယ် ‌ကောင်း‌သော ‌မြေမြှုပ်ဗုံးမှာ တီ၊ အင်၊ တီ‌ခေါ် ဗုံးဖြစ်‌သော်လည်း ဒုတိယ ကမ္ဘာစစ်ကြီးအတွင်းကမူ ထိုထက်ပြင်းထန်၍ ‌ကြောက်မက်ဖွယ် ‌ကောင်း‌သော တီ၊ အင်၊ တီနှင့် ‌ရောစပ်ထားသည့် ‌မြေမြှုပ်ဗုံး တစ်မျိုးကို အသုံးပြုခဲ့ကြသည်။ တီ၊ အင်၊ တီ ဆိုသည်မှာ ထရိုင်နိုက်တရို ‌တော်လျူအင်ကို အတို‌ကောက် ‌ခေါ်ထားခြင်း ဖြစ်၏။

‌မြေမြှုပ်ဗုံးများတွင် သံလိုက်ဓာတ်ထည့်၍ ထားတတ်‌သေးသည်။ ထို‌မြေမြှုပ်ဗုံးမျိုးကို သံလိုက်ဗုံးဟု‌ခေါ်၏။သံလိုက်ဗုံးများကို များ‌သောအားဖြင့် ကုန်းမှာထက် ရေ‌ကြောင်း ဘက်ဆိုင်ရာတွင် ပို၍အသုံးပြု၏။ ‌ရေမြှုပ်ဗုံးများမှာ အားလုံးလိုလိုပင် သံလိုက်ဗုံးများဖြစ်သည်။ သံလိုက်ဗုံးများကို သ‌ဘေင်္ာသွားရာလမ်း ‌အောက်တွင် အ‌လေးဆွဲ၍ ချထား‌လေ့ရှိသည်။

ထိုသို့ ချထားရာတွင် ‌ရေ‌အောက် ၁၅ ‌ပေမှ ‌ပေ ၃၀ အထိ အဆင့်ဆင့် ချထား‌လေ့ရှိ၏။ သ‌င်္ဘောခုတ်‌မောင်းလာ ‌သောအခါ သံလိုက်ဓာတ်ဆွဲငင်မှု‌ကြောင့် ဗုံးသည်‌ပေါက်ကွဲ၏။ သ‌င်္ဘောနှင့် မထိမိဘဲနှင့် ‌ပေါက်ကွဲနိုင်‌သော‌ကြောင့် အထူး ‌ကြောက်မက်ဖွယ်‌ကောင်း‌ပေသည်။ လို‌သောအချိန်တွင်မှ ‌ပေါက် ကွဲ‌စေရန် ပြုလုပ်ထား‌သော သံလိုက်ဗုံးများလည်းရှိသည်။ ‌မြေမြှုပ်ဗုံးနှင့် သံလိုက်ဗုံးတို့ကို ဒုတိယကမ္ဘာစစ်အတွင်းက ‌ကြောက်မက်ဖွယ်ရာ‌ကောင်း‌သော လက်နက်ဆိုးများအဖြစ် အသုံးပြုခဲ့ကြသည်။ ယခုစစ်ပြီးကာလ၌မူ ထိုဗုံးများသည် လူ့ အကျိုး‌ဆောင်ရွက်ရန်အတွက် များစွာ အသုံးဝင်‌ပေသည်။

စစ်ဒဏ်‌ကြောင့် အိမ်များ၊ လမ်းများပျက်စီးခဲ့ကြရာ စစ်ပြီးကာလ ပြန်လည် ထူ‌ထောင်‌သော‌ခေတ်၌ အ‌ဆောက်အအုံပျက်များ ပိတ်ဆို့‌နေ‌သောလမ်းများကို ‌ဖောက်ခွဲ ဖယ်ရှားပစ်ရန်အတွက် ‌မြေမြှုပ်ဗုံးများကို များစွာအသုံးပြုကြ၇‌လေသည်။ ထိုပြင် လမ်း သစ်များ‌ဖောက်လုပ်ခြင်း၊ အိမ်‌မြေရာသစ်များချထားခြင်း စသည် တို့ကိုပြုလုပ်နိုင်ရန်အတွက် ‌တောင်များကိုဖြိုရာတွင်လည်း ‌မြေ မြှုပ်ဗုံးများကို အသုံးပြုကြရသည်။ စစ်ပြီးကာလ၌ ‌ရေလမ်း ဘက်တွင်လည်းသင်္ဘောအသွားအလာ စည်ကားလာပြီဖြစ်ရာ ‌ရေလမ်းတွင် အန္တရာယ်ဖြစ်‌စေ‌သော ‌ရေခဲ‌တောင်များကို ဖြိုခွဲရန် အတွက် ‌ရေမြှုပ်ဗုံးနှင့် သံလိုက်ဗုံးများကို အသုံးပြုကြရပေ သည်။ အနာဂတ်ကာလတွင် တူး‌မြောင်း‌ဖောက်ခြင်း၊ ‌တောင် ကိုဖြတ်၍ လိုဏ်‌ခေါင်း‌ဖောက်ခြင်း စသည့် လမ်းပန်းဆက် သွယ်‌ရေးဆိုင်ရာ လုပ်ငန်းများတွင် ‌မြေမြှုပ်ဗုံး၊ သံလိုက်ဗုံး၊ ‌ရေမြှုပ်ဗုံးတို့သည် လူ့အကျိုး‌ဆောင်ရွက်ရန်အတွက် အသုံး ဝင်မည် ဖြစ်‌လေသည်။

‌တော်ပီဒိုကို အဆင့်ဆင့် တိုးတက်ပြုပြင်လာခဲ့ကြသည်တွင် ယခုအခါ ယင်းကို‌ရေထဲ၌ တရှိန်ထိုး ပစ်လွှတ်နိုင်ရုံ သာမက၊ သွား‌စေလို‌သော လမ်း‌ကြောင်းအတိုင်း ပဲ့ကိုထိန်း‌ပေးခြင်းဖြင့် လိုအပ်‌သော ‌ရေအတိမ်အနက်သို့ ‌ရောက်ရှိ‌အောင် သွား‌စေနိုင် ၏။ ‌တော်ပီဒိုတွင် အင်ဂျင်စက်တပ်ဆင်ထားသဖြင့် ခရီး‌ဝေး သို့‌ရောက်‌အောင်လည်း ‌မောင်းနှင်နိုင်သည်။ ယခု ကာလ‌ပေါ် ‌တော်ပီဒို၏ အစိတ်အပိုင်းတို့ကို ခွဲခြား၍ကြည့်လျှင် ‌အောက်ပါ အတိုင်း ‌တွေ့ရလိမ့်မည်။

(၁) ‌တော်ပီဒို‌ခေါင်း[ပြင်ဆင်ရန်]

‌တော်ပီဒို‌ခေါင်းထဲတွင် ရန်သူသ‌ဘေင်္ာကို ‌ဖောက်ခွဲဖျက်ဆီး ရန် ခဲယမ်းမီး‌ကျောက်ကို သို‌လှောင်ထား၏။ တစုံတစ်ခုနှင့် ထိခိုက်မိ‌သော‌ကြောင့်ဖြစ်‌စေ၊ သံလိုက်ဓာတ်အားလှုပ်ရှားမှု ‌ကြောင့်ဖြစ်‌စေ၊ ‌တော်ပီဒို၏ ခေါင်းပိုင်းရှိ စနက်တံသည် ယမ်း အိုးကို မီးငြိ‌ပေါက်ကွဲ‌စေသည်။

(၂) ‌လေအိုး[ပြင်ဆင်ရန်]

စက်ခုတ်‌မောင်းရန်အတွက် ‌အောက်ဆီဂျင်လို၏။ သို့ဖြစ်၍ ‌လေအိုးထဲတွင် ‌အောက်ဆီဂျင်ပါရှိ‌သော ‌လေကို သိပ်သည်းစွာ ဖိနှိပ်သို‌လှောင်ထားသည်။

(၃) အထိန်းကရိယာပါရှိ‌သောအပိုင်း[ပြင်ဆင်ရန်]

‌တော်ပီဒိုကို ‌ရေထဲတွင် ပစ်လွှတ်သည့်အခါ၌ လိုအပ်‌သော ‌ရေအတိမ်အနက်တွင် ‌တောက်‌လျှောက် သွားနိုင်ရန် အထိန်း ကရိယာဖြင့် ထိန်း‌ပေးရသည်။ ထိုပြင် ‌တော်ပီဒိုဝမ်းထဲရှိ စက် များအတွက် လိုအပ်‌သော စက်ဆီအိုးများကိုလည်း ဤအစိတ် အပိုင်းတွင် ထည့်သွင်းထားသည်။

(၄) စက်ခန်း[ပြင်ဆင်ရန်]

‌လေအိုးထဲမှ ‌လေပူဖြင့်၎င်း၊ ဆီအိုးထဲမှ စက်ဆီဖြင့်၎င်း၊ ‌တော်ပီဒိုအင်ဂျင်စက်ကို ခုတ်‌မောင်း၍ ပဲ့ပိုင်းတွင် တပ်ဆင်ထား သည့် ပန်ကာများကို လည်‌စေလျက် ‌တော်ပီဒိုကို တစ်နာရီလျှင် ‌ေ၇‌ကြောင်းမိုင် ၄၀ နှုန်းဖြင့် သွား‌စေနိုင်သည်။

(၅) ဂျိုင်ရိုကရိယာခန်း[ပြင်ဆင်ရန်]

‌တော်ပီဒိုကို ချိန်ထား‌သောလမ်း‌ကြောင်းအတိုင်း ‌ဖြောင့်တန်း စွာ ခုတ်‌မောင်းနိုင်ရန် တက်မကို ဂျိုင်ရိုစကုပ်ဖြင့် ထိန်း‌ပေးရ သည်။ ‌လေအားဖြင့် ထိုဂျိုင်ရိုစကုပ်ကိုလည်ပတ်‌စေသည်။

(၆) ပဲ့ပိုင်း[ပြင်ဆင်ရန်]

ပဲ့ပိုင်းတွင် ‌တော်ပီဒိုကို ခုတ်‌မောင်းသည့် ပန်ကာများ၊ ‌တော်ပီဒိုကို ‌ဖြောင့်တန်းစွာ သွား‌စေသည့် ‌ထောင်လိုက်တက်မ၊ ‌ရေအတိမ်အနက်ကို လိုအပ်သလို ထိန်း‌ပေးသည့် အလျားလိုက် တက်မများ တပ်ဆင်ထားရှိ‌လေသည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)