တောလည်ရာကျမ်း

ဝီကီပီးဒီးယား မှ

၁။ စံတော်မီ ဝိသေသလက္ခဏာ

အင်္ဂလိပ်ကျမ်းစာတွင် မောရှေ၏ စတုတ္ထကျမ်းဟု သမုတ်ထားသော ဤကျမ်းသည် Septuagint တွင် Arithmoi ဟုခေါ်သည်။ အဘယ်ကြောင့်ဆိုသော် အခန်းကြီး(၁)တွင် ပါရှိသည့် ဇယားပါ ကိန်းဂဏန်းများအတိုင်း  အခန်းကြီး(၂၆)တွင်လည်း ပြန်လည် ရေတွက်ပြထားသည်။

ဟေဗြဲကျမ်းမူ အသုံးအနှုန်းက ကျမ်းစာတစ်ခုလုံးကို ပိုမိုခြုံငုံမိသည်။ Bemidbõr ဟု ဆို၍ “ကန္တာရတောထဲတွင်” ဟု အဓိပ္ပာယ်ရသည်။ နှစ်ပေါင်း (၄၀)လုံးလုံး ကန္တာရတောတွင် ဖြတ်သန်းကျင်လည်ခဲ့ကြသည့် ဣသရေလတို့၏ ဘဝခရီးစဉ်ဖြစ်၍ စိတ်ဝင်စား ဖွယ်ကောင်းသည်။ ခါနန်ပြည်သို့ ရှေ့ပြေးကင်းထောက်အဖြစ် သူလျှိုကြိုလွှတ်ခြင်း၊ ကောရ၏ ပုန်ကန်ခြားနားခြင်း၊ အာရုန်၏ တောင်ဝှေးအစို့ထွက်ခြင်း၊ ကြေးမြွေခေါင်း၊ ဗာလမ်နှင့် မြည်းအပြင် အခြားထင်ရှားသော ဖြစ်ရပ်များ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်သည်။

ထိုအဖြစ်အပျက်များကို ဟေဗြဲတို့၏သမိုင်းဟု မြင်ကောင်း မြင်နိုင်ကြသည်။ သို့သော် သမိုင်းဖြစ်စဉ်သာမဟုတ်ပါ။ ဝိညာဉ်ရေးရာ သင်ခန်းစာများစွာပါရှိသည်။ ဣသရေလလူမျိုးတို့၏ အမှားကို တွေ့မြင်ခြင်းဖြင့် ယုံကြည်သူတို့အသက်တာတွင် အပြစ်ဒုစရိုက်ရှောင်ရှားနိုင်သည်။ ထပ်မံမမှားနိုင်တော့ပါ။ ထို့ကြောင့် တောလည်ရာကျမ်းသည် အလွန်အရေးကြီးသော သင်ခန်းစာဖြစ်သည်။

၂။ ကျမ်းရေးသူ

ယုဒလူမျိုးများ ခံယူချက်နှင့် ခရစ်ယာန်ရှေးဆရာကြီးများ၏ သွန်သင်ချက်အရ တောလည်ရာကျမ်းကို ပညတ်တော်ဆရာကြီး မောရှေ စီရင်ရေးသားသည်ဟု သိရှိကြသည်။ ထိုအကြောင်း ဆွေးနွေးလျှင် ကျယ်ပြန့်ပါသည်။ အကြောင်းအရာ အသေးစိတ်ပါကို Pentateuch ကျမ်းများ မိတ်ဆက်တွင် ရေးသားထားပြီးဖြစ်သည်။

၃။ အချိန်ကာလ

ယုတ္တိဝါဒီပညာရှင်များက ယုဒသမိုင်းအရPentateuch ကျမ်းများထက် အလွန်နောက်ကျမှ ရေးသားခြင်း ဖြစ်သည်ဟု ဆိုကြသည်။ မည်သို့ပင်ဖြစ်စေ ဘီစီ ၁၄၀၆ ခန့်တွင် စီရင်သည်ဟု ရှေးရိုးဝါဒီသမားများနှင့် ယုံကြည်သူပညာရှင်းများက တွက်ချက်ထားသည်။ (Pentateuch ကျမ်း မိတ်ဆက်ကိုလည်းကြည့်ပါ။)

၄။ နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်

ဟေဗြဲကျမ်းမူက နာမည်ပေးထားသည့်အတိုင်း “ကန္တာရတောထဲတွင်” ဟုဆိုသည်နှင့် တပြိုင်နက် နောက်ခံသမိုင်းကြောင်းပေါ်လွင်ထင်ရှားသည်။ ကျမ်းစာနာမည်အတိုင်း အဲဂုတ္တုပြည်မှ သိနာတောင် ထိုမှတဆင့် ကတိတော်မြေတစ်ဘက်ကမ်းရှိ မောဘလွင်ပြင်ထိ နှစ်ပေါင်း(၃၈)နှစ်ခန့် ချီတက်လာကြသည့် ဣသရေလတို့၏ သမိုင်းစဉ်ဖြစ်သည်။ မယုံကြည်နိုင်လောက်အောင် အံ့ဩဖွယ်ရာကောင်းသည်မှာ ဘုရားသခင်က ခရီးစဉ်ကြိုတင် မပြောခြင်းဖြစ်သည်။ Seroggie က “ဘုရားသခင်၏ အလိုတော်အတိုင်းမဟုတ်ကြသောကြောင့် ဘုရားသခင်၏ ပြက္ခဒိန်အတိုင်း ကတိတော်မြေသို့ အေးဆေးစွာ မရောက်ကြ” ဟုဆိုသည်။

ဝတ်ပြုကိုးကွယ်ခြင်းက ဝိညာဉ်ရေးရာအမြင် ခံယူချက်ရှိကြရန် ဖိအားပေးသဖြင့် ဝိညာဉ်ရေးရာ ခံယူချက် တိုးတက်သကဲ့သို့ ဖောက်ပြန်ခြင်းလည်း ရှိကြသည်။ လူ့ဗီဇအကျင့်အတိုင်း ရှိနေကြသည်။ တောလည်ရာကျမ်းကို ဣသရေလတို့၏ သမိုင်းသက်သက်ဖြစ်သည်ဟု မရှုမြင်အပ်။ ယနေ့ခေတ်သစ် ခရစ်ယာန်များ သင်ယူရမည့် ဘဝသင်ခန်းစာ အပြည့်အဝရှိသည်။ ခရစ်ယာန်များ ကတိတော်အောင်မြေသို့ ချီတက်ရမည့် ပုံစံအဖြစ်တွေးမြင်ရသည်။ ရှေးဣသရေလတို့၏ စောဒကတက်ကြပုံ မယုံကြည်ခေါင်းမာကြပုံတို့ကို ရှုမြင်၍ ဘဝသင်ခန်းစာ ယူနိုင်ရသည်။

မိမိတို့ ဘဝက ခရီးသည်ဘဝတွင် ဣသရေလတို့ကဲ့သို့  အမှားအယင်းမရှိအောင် သင်ခန်းစာယူတတ်ရမည်။ ထိုသင်ခန်းစာသည် မင်္ဂလာသတင်းကောင်းဖြစ်သည်။ ယုံကြည်ခြင်းသစ္စာရှိသူများ၏ ဝိညာဉ်ရေးရာ အသက်တာကို ဘုရားသခင်ကာကွယ်ကာ စောင့်ထိန်းပါသည်။ (ယုံကြည်သူ သမ္မာကျမ်းအနက်ဖွင့် ရောမအခန်းကြီး ၆၈ကိုလည်း ဖတ်ကြည့်ပါ)။

ပါဝင်သည့်အချက်များ

၁။ သိနာတောင်ပေါ်မှ နောက်ဆုံးနေ့ရက်များ (၁:၁–၁၀:၁၀)

(က) သန်းခေါင်စာရင်းကောက်ယူခြင်းနှင့် လူမျိုးအလိုက်စုဖွဲ့ခြင်း (အခန်း ၁-၂)

(ခ) လေဝိအမျိုးဦးရေနှင့် တာတန်ဝတ္တရာ (အခန်း ၃-၄)

(ဂ) စင်ကြယ်ခြင်းနှင့် ဝန်ခံခြင်း (၅:၁-၁၀)

(ဃ) မနာလိုသဝန်တိုဖြင်း ပညတ်တရား (၅:၁၁-၃၁)

(င) နာဇရိသစ္စာ (အခန်း၆)

(စ) မင်းမျိုးမင်းနွယ် ခန့်အပ်ခြင်း (အခန်း ၇)

(ဆ) တဲတော်အမှုအရာ (အခန်း ၈)

(ဇ) ပသခါပါဲ မိုးတမ်တိုင်နင့် ငွေတံပိုးများ (၉:၁-၁၀:၁၀)

၂။      သိနာတောင်ပေါ်မှ နောက်ဆုံးနေ့ရက်များ (၁:၁–၁၀:၁၀)

(က) သိနာ​တောင်မှထွက်ခွာခြင်း (၁၀:၁၁-၃၆)

(ခ) တပ်ကွင်းတွင် ပုန်ကန်ကြခြင်း (အခန်း ၁၁)

(ဂ) အာရုန်နှင့် မိရိအံတို့ ပုန်ကန်ကြခြင်း (အခန်း ၁၂)

(ဃ) ကတိတော်မြေသို့ သူလျှိုစေလွှတ်ခြင်း (အခန်း ၁၃-၁၄)

(င) ပညတ်တော်အမျိုးမျိုး (အခန်း ၁၅)

(စ) တောရပုန်ကန်ခြင်း (အခန်း ၁၆-၁၇)

(ဆ) လေဝိအမျိုးသို့ အမိန့်ညွှန်ကြားချက် (အခန်း ၁၈-၁၉)

(ဇ) မောရှေ၏အပြစ်များ (၂၀:၁-၁၃)

(ဈ) အာရုန်ကွယ်လွန်ခြင်း (၂၀:၁၄-၂၉)

(ည) ကြေးဝါမြွေရုပ် (၂၀:၁-၂၂:၁)

၃။ မောဘလွင်ပြင်တွင် (၂၂:၂–၃၆:၁၃)

         (က) ပရောဖက်ဗာလမ် (၂၂:၂-၂၅:၁၈)

၁။ ဗာလက်က ဗာလမ်အား ဆင့်ခေါ်ခြင်း (၂၂:၂-၄၀)

၂။ ဗာလမ်၏ဗျာဒိတ်စကား (၂၂:၄၁-၂၄:၂၅)

၃။ ဗာလမ်က ဣသရေလတို့ ဖျက်ဆီးခြင်း (အခန်း ၂၅)

(ခ) ဒုတိယအကြိမ် သန်းခေါင်စာရင်းကောက်ယူခြင်း (အခန်း ၂၆)

(ဂ) သမီးများ အမွေခံစားခွင့် (၂၇:၁-၁၁)

(ဃ) မောရှေလက်ထောက်ယောရှု (၂၇:၁၂-၁၃)

(င) ယဇ်ပူဇော်ခြင်းနှင့် ကတိသစ္စာပြုခြင်း (အခန်း ၂၈-၃၀)

(စ) မိဒျန်လူမျိုး ဖျက်ဆီးခြင်း (အခန်း ၃၁)

(ဆ) ရုဗင်၊ ဂဒ်တို့က တစ်ဝက် မနာရှေအမျိုးက တစ်ဝက် အမွေဆက်ခံခြင်း (အခန်း ၃၂)

(ဇ) ဣသရေလတပ်စခန်း ပြန်လည်ကြည့်ရှုခြင်း (အခန်း ၃၃)

(ဈ) ကတိတော်မြနယ်နိမိန် (အခန်း ၃၄)

(ည) လေဝိအမျိုး မြို့ကြီးပြကြီး (၃၅:၁-၅)

(ဋ) ကြီးလေးသောအပြစ်ဒဏ်နှင့် မှီခိုရာဘေးမဲ့မြို့ (၃၅:၆-၃၄)

(ဌ) ထိမ်းမြားလက်ထပ်သော သမီးများအမွေ ဆက်ခံခွင့် (အခန်း ၃၆)

TAGS: တောလည်ရာကျမ်း

ကိုးကား[ပြင်ဆင်ရန်]