တောရဲယို
Morinda coreia | |
---|---|
မျိုးရိုးခွဲခြားခြင်း | |
လောက: | Plantae |
Clade: | Angiosperms |
Clade: | Eudicots |
Clade: | Asterids |
မျိုးစဉ်: | Gentianales |
မျိုးရင်း: | Rubiaceae |
မျိုးဇာတ်: | Morindeae |
မျိုးစု: | Morinda |
မျိုးစိတ်: | M. coreia
|
ဒွိနာမ | |
Morinda coreia |
နီပါးဆေးပင် (တောရဲယို)သည် Rubiaceae မျိုးရင်းတွင် ပါဝင်သည်။ အင်္ဂလိပ်ဘာသာဖြင့် Aal သို့မဟုတ် Indian Mulberry ဟု ခေါ်ကြပြီးအပွင့်ပွင့်သည့် အပင်မျိုးဖြစ်သည်။
ပုံသဏ္ဌာန်
[ပြင်ဆင်ရန်]အပင်
[ပြင်ဆင်ရန်]အခေါက်အဝါရောင်ရှိ ၏ ။ အတွင်းခေါက် နီဝါရောင် ရှိသည်။
အရွက်
[ပြင်ဆင်ရန်]ရွက်လွှဲထွက် သည်။ ဘဲဥပုံ ရှိ၍ အဖျားချွန်သည်။ ရဲယိုရွက် နှင့်တူသည်။ သို့သော်အနည်းငယ် သေး သည်။ ရွက်ပြားပေါ် တွင် အမွေးနု ကလေးများ ရှိသည်။ ရွက်ရင်းတွင် ရွက်စွယ်ရှိ သည်။
အပွင့်
[ပြင်ဆင်ရန်]အဖြူရောင် ရှိ၏ ။ မွှေး၏ ။ တန်ခူးလ မှ ဝါဆိုလ အတွင်းပွင့် ၏။
အသီး
[ပြင်ဆင်ရန်]ရဲယိုသီး အငယ်နှင့် တူသည်။ လုံးဝိုင်းသည်။ အသားထူ သည်။ တန်ခူးလ မှ ဝါဆိုလ အတွင်းသီး ၏။
တွေ့နိုင်သောနေရာများ
[ပြင်ဆင်ရန်]မြန်မာနိုင်ငံ အပူပိုင်း ဒေသနှင့် ပဲခူး ရိုးမ တောင်ခြေ များ အတွင်း အများ အပြား ပေါက်ရောက်သည်။ သဘာဝ အလျောက် ပေါက်ရောက်သည်။
အသုံးဝင်ပုံ
[ပြင်ဆင်ရန်]အာနိသင်
[ပြင်ဆင်ရန်]မြန်မာ ဆေးကျမ်း များ အလို အရ နီပါးဆေး သည် ဝဖြိုးစေ၏ ၊ အဖျားကို ပယ်တတ်၏ ၊ မီးယပ်ကို မှန်စေ၏။ သွေးဝမ်း ၊ ရိုးရိုးဝမ်း သက်ခြင်းတို့ ၌ များစွာ အကျိုးရှိ၏။ အသက်ကို ရှည်စေ တတ်၏။
အရွက်
[ပြင်ဆင်ရန်]- အရွက်ကို ကြိတ်၍ အနာ ပေါ်တွင် အုံပေးပါ ကအနာ နုလျှင်ပိန် ပြီးရင့်လျှင် ပြည်ပေါက်၍ ပျောက်စေ၏။
- အရွက်ပြုတ် ရည်ကို မုန် ညင်းစေ့ နှင့် ရော၍ကလေးများ သွေးဝမ်း သွားသော် တိုက်ရ၏။
- အရွက်သို့မဟုတ် အခေါက်ကို ကြိတ် ၍ရသော အရည်ဖြင့် အကြောထုံး၊ အကြောတင်၊ အဆစ်အ ဆက် ရောင်ခြင်း ၊ နာကျင်ခြင်း ဖြစ်သော နေရာများ ပေါ် တွင် လိမ်းပေးပါ က ပျောက်ကင်း၏။
အသီး
[ပြင်ဆင်ရန်]- အသီးကို မီးဖုတ်၍ ဆားသင့်တော် ရုံထည့်ကြိတ် ပြီးသွားတိုက် ဆေးအဖြစ် သုံးပါက သွားနှင့်သွား ဖုံးများကို ခိုင်ခံ့စေ၏။
- အနာမှ သွေးစိမ်းယို သောအခါ တွင်၎င်းအ သီးခြောက်မှုန့် ကို သိပ်ပေးက ပျောက်၏ ။
အမြစ်
[ပြင်ဆင်ရန်]- အမြစ်ကို ဝမ်းနုတ်ဆေး အဖြစ်ဖော် စပ်အသုံး ပြု၏ ။