တောမီးလောင် တောကြောင်လက်ခမောင်းခတ်

ဝီကီပီးဒီးယား မှ

တောမီးလောင် တောကြောင်လက်ခမောင်းခတ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

တောမီးလောင်၍ တောတွင်းရှိ ယုန်ပုတတ်စသော သတ္တဝါငယ်များ ပြေးလွှားနေချိန်တွင် တောကြောင်က အခွင့်ကောင်းပေါ်ပြီဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်သကဲ့သို့ လူအများ ဘေးဒုက္ခရောက်၍ ကြံရာမရ ဖြစ်နေချိန်တွင် လူယုတ်မာများက အခွင့်ကောင်းပေါ်ပြီဟု ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြသည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "တောမီးလောင်သော်၊ တောကြောင်လက်ပမ်းခတ်သောငြမ်းသို့၊" [၁၂၆၆] မဃ * ၂၁၈
  • "တောမီးလောင် တောကြောင် လက်ခမောင်းခတ်ဆိုတဲ့ စကားကဲ့သို့..." [၁၂၈၁] နောင်ဝတ်၊ ပ။ ၁၃၁။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၈၆။