တောပုန်းနတ်

ဝီကီပီးဒီးယား မှ

တောပုန်းနတ်သည် မြန်မာ့မိရိုးဖလာကိုးကွယ်ယုံကြည်ကြသည့် နတ်တစ်ပါး ဖြစ်သည်။[၁]

သမိုင်း[ပြင်ဆင်ရန်]

တောပုန်းနတ်သည် လူပျိုကြီးဘဝမှ နတ်ဖြစ်သွားသူ ဖြစ်သည်။ တောရွာရှိ မိန်းမပျိုများသည် တောထဲသို့ ရာသီအလိုက် ဖူးပွင့်နေကြသည့် ပန်းများကို ခူးရန် သွား၏။ ထိုအခါ တောပုန်းနတ်သည် နောက်ပိုးပိုးရင်း လိုက်သွားကာ ပန်းပင်ပေါ်သို့တက်၍ ပန်းများကို ခူးပေးခြင်း၊ ခါချပေးခြင်း၊ ခါချဉ်ထုပ်ကို တွေ့လျှင် ခါချဉ်များ ကျလာအောင် ပန်းကိုင်းကို ခါခြင်း လှုပ်ခြင်းများ ပြုလုပ်ပေးရာ အပင်ပေါက်ရှိ မိန်းမပျိုလေးတို့သည် ခါချဉ်ကိုက်သဖြင့် ထဘီကို ချွတ်၍ ခါခြင်းကို သဘောကျကာ ရယ်မောရင်း ပန်းပင်ပေါ်မှ ပြုတ်ကျကာ သေဆုံးလေရာ နတ်ဖြစ်ခဲ့သည်။[၁]

ကိုးကွယ်ယုံကြည်ခြင်း[ပြင်ဆင်ရန်]

ဗန်းမော်ခရိုင် ရွှေဘိုမြို့အနီးရှိ တောရွာများတွင် နေထိုင်သူများသည် တောပုန်းနတ်ကို ရိုသေကြသည်။ တောသလင်းလတွင် နတ်ကန္နားပွဲ ကျင်းပကြသည်။ ပွဲတွင် ထမင်းဖြူ၊ ငါးကြော်အပြင် ရွားတွင်းရှိ အပျိုများသည် ခါချဉ်ကို လိုက်ရှာပြီး ထောင်း၍ တင်မြှောက်ပသကြရသည်။

အချို့သော မိန်းမပျိုလေးများသည် ခါချဉ်ကိုက်ခံရ၍ ကုတ်ဖဲ့လျက် ထဘီ ချွတ်ဟန် ခါဟန် ပွတ်သပ်ဟန်များ ပြုလုပ်ကာ ကခုန်ကြသည်။ အချို့ကမူ ဤနတ်အား “နောက်ပိုးနတ်” ဟုလည်း ခေါ်ကြသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ဦးထွေးဟန် (ဇူလိုင် ၁၉၉၁)။ မြန်မာ့မိရိုးဖလာဓလေ့ နတ်သမိုင်း။ ရန်ကုန်: ရွှေပုရပိုက်စာပေ။ pp. ၂၁၂။