တောင်အုန်း

ဝီကီပီးဒီးယား မှ

‌တောင်အုန်းသည် ထန်းမျိုးဝင်‌သော အပင်မျိုးဖြစ်၏။ မြန်မာနိုင်ငံ အထက်ပိုင်း၊ ‌အောက်ပိုင်း ကုန်းမြင့်အနိမ့်ပိုင်းရှိ သစ်‌တောများ၌ ‌တောင်အုန်းကို ‌တွေ့ရသည်။ အချို့‌ဒေသများ၌ ထိုအပင်မျိုးချည်း ထူထပ်စွာ ‌ပေါက်‌ရောက်၏။ ရုက္ခ‌ဗေဒ အလိုအားဖြင့် ‌တောင်အုန်းကို ‘အာရင်ဂါးစက်ကာရီ ဖားရား’ဟု‌ခေါ်၍၊ ‘ပါမီး’မျိုးရင်းတွင် ပါဝင်သည်။ ‌တောင်အုန်း ပင်သည် မြင့်မား‌သောအပင်မျိုးဖြစ်၏။ အပင်၏ အလယ်အူ သားကို သာဂူပြုလုပ်နိုင်၍ ‌တောင်အုန်းတစ်ပင်မှ သာဂူ ‌ပေါင်ချိန် ၁၅၀ ခန့်ထွက်သည်ဟုဆို၏။

ပင်စည် ကို ‌ရေသွယ်ပိုက်များအဖြစ် အသုံးပြုနိုင်သည်။ အရွက်ရိုးတံ ရင်းရှိ အမည်း‌ရောင် ‌လျှော်မျှင်များကို ကြိုးကျစ်ရာ၌လည်းကောင်း၊ ဝက်မှင်ဘီး ပြုလုပ်ရာ၌လည်းကောင်း အသုံးပြုနိုင်‌လေသည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ ၅