တောင်အမေရိက ဘုံဈေး

ဝီကီပီးဒီးယား မှ
တောင်အမေရိက ဘုံဈေး
တောင်အမေရိက ဘုံဈေး 2005

တောင်အမေရိကဘုံဈေးဟု လူသိများသည့် မာကိုဆာအဖွဲ့သည် တောင်အမေရိက၏ ထိပ်တန်းကုန်သွယ်ရေး အုပ်စုဖြစ်သည်။

မာကိုဆာအဖွဲ့ဝင် နိုင်ငံများအတွင်း ကုန်စည်များ၊ အရင်းအနှီး၊ ဝန်ဆောင်မှုနှင့်တကွ ပြည်သူများ အကန့်အသတ်မရှိ လွတ်လပ်စွာ သွားလာဝင်ထွက် ပို့ဆောင်နိုင်ရေး ရည်ရွယ်ကာ ဖွဲ့စည်းခြင်းဖြစ်သည်။

တောင်အမေရိကဘုံဈေး (မာကိုဆာ) သည် ပြည်သူသန်း ၂၅၀ ကျော် မှီတင်းနေထိုင်သည့် ဒေသကို အကျုံးဝင်ပတ်သက်ပြီး တောင်အမေရိကတိုက် စီးပွားရေးလှုပ်ရှားမှု တစ်ခုလုံး၏ လေးပုံသုံးပုံကျော်တွင် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

မာကိုဆာအဖွဲ့ကို အဆန်းရှင်းသဘောတူ စာချုပ်အရ အာဂျင်တီးနားဘရာဇီးပါရာဂွေးနှင့် ဥရုဂွေးနိုင်ငံတို့က ၁၉၉၁ ခုနှစ် မတ်လတွင် ဖွဲ့စည်းခဲ့သည်။ ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံတို့သည် အဖွဲ့၏ စီးပွားရေး အင်အားကြီးနိုင်ငံများ ဖြစ်သည်။

မာကိုဆာအဖွဲ့၏ အကောက်ခွန်မူဝါဒများက သွင်းကုန်နှင့် ပို့ကုန်များကို စည်းမျဉ်းစည်းကမ်းဖြင့် ထိန်းညှိပေးသည်။ အဖွဲ့ဝင်ချင်း ဖြစ်ပွားသော ဝါဏိဇ္ဇပဋိပက္ခများကို အဖွဲ့က ဖျန်ဖြေပေးသည်။

မူလ ၄ နိုင်ငံအပြင် ဗင်နီဇွဲလား၊ ဘိုလီးဗီးယား၊ ချီလီ၊ ကိုလံဘီယာ၊ အီကွေဒေါ၊ ပီရူး စသည့် အခြားသော ၆ နိုင်ငံမှာလည်း အဖွဲ့ဝင်နိုင်ငံများ ဖြစ်သည်။