တောင်သူလယ်သမားအစည်းအရုံးညီလာခံ (တတိယအကြိမ်)

ဝီကီပီးဒီးယား မှ

ြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသည် တိုင်းပြည်၏ လူများစု ကြီးလည်းဖြစ်၊ နိုင်ငံ၏ ကုန်ထုတ်လုပ်မှုတွင် အဓိကအင်အားစု ကြီးလည်းဖြစ်‌သော ‌တောင်သူလယ်သမားများ၏ စည်းလုံး ညီညွတ်မှုနှင့် အကျိုးစီးပွားကို ‌ရှေးရှုလျက် ‌တောင်သူလယ် သမား အစည်းအရုံးအဆင့်ဆင့်ကို ဆိုရှယ်လစ် ဒီမိုက‌ရေစီ အ‌ဆောက်အအုံနှင့်အညီ ဖွဲ့စည်းခဲ့သည်။ ထို့‌နောက် ‌တောင်သူ လယ်သမား အစည်းအရုံးညီလာခံများကို အစည်းအရုံးဖွဲ့စည်းပုံ အ‌ခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်း များနှင့်အညီ ‌လေးနှစ်တစ် ကြိမ် ကျင်းပခဲ့သည်။

ပထမအကြိမ် ‌တောင်သူလယ်သမား အစည်းအရုံးညီလာခံ ကို ၁၉ရရ ခုနှစ် ဇူလိုင်လတွင် ်လည်း‌ကောင်း၊ ဒုတိယအကြိမ် ‌တောင်သူလယ်သမားအစည်းအရုံး ညီလာခံကို ၁၉၈၁ ခုနှစ် နိုဝင်ဘာလတွင်လည်း‌ကောင်း အသီးသီးကျင်းပခဲ့ပြီးဖြစ်သည်။

တတိယအကြိမ် ‌တောင်သူလယ်သမား အစည်းအရုံး ညီလာခံကို ၁၉၈၅ ခုနှစ်နိုဝင်ဘာလ ၂၅ ရက်‌နေ့မှ ၂၈ ရက်‌နေ့အထိ ရန်ကုန်မြို့ ကျိုက္ကဆံကွင်းရှိ ဆရာစံခန်းမ၌ ကျင်းပခဲ့သည်။ ညီလာခံ သဘာပတိအဖွဲ့ဝင် များအဖြစ် ကချင်ပြည်နယ်မှ ဦးတင်ညို၊ ကယားပြည်နယ်မှ ဦးမီရယ်မြင့်၊ ကရင်ပြည်နယ်မှ ဦး‌စောလှထွန်း၊ ချင်းပြည်နယ်မှ ဦးလှဝင်း၊ စစ်ကိုင်းတိုင်းမှ ဦးပြူး၊ တနသင်္ာရီတိုင်းမှ ဦးထွန်းလှိုင်၊ ပဲခူးတိုင်းမှ ဦးချစ်တင်၊ မ‌ကွေးတိုင်းမှ ဦး‌မောင်တင်၊ မန္တ‌လေး တိုင်းမှ ဦးလှ‌ကျော်၊ မွန်ပြည်နယ်မှ ဦးပန်းတင်၊ ရခိုင်ပြည်နယ် မှ ဦးဘ‌စော၊ ရန်ကုန်တိုင်းမှ ဦးညွန့်‌မောင်၊ ရှမ်းပြည်နယ်မှ ဦးစိုင်းထွန်း‌အေးနှင့် ဧရာဝတီတိုင်းမှ ဦးအုန်းဟန် တို့ကို ‌ရွေးချယ်တင်‌မြှောက်ခဲ့သည်။

တတိယအကြိမ် ‌တောင်သူလယ်သမား အစည်းအရုံးညီ လာခံတွင် ‌တောင်သူလယ်သမား အစည်းအရုံး ဗဟိုဦးစီးအဖွဲ့၏ အစီရင်ခံစာကို တင်သွင်းခြင်း၊ ညီလာခံကိုယ်စားလှယ်များက အစီရင်ခံစာကို ‌ထောက်ခံအကြံပြု‌ဆွေး‌နွေးခြင်း၊ ညီလာခံ သက်တမ်းတစ်‌လျှောက် ဦး‌ဆောင်သွားရမည့် ဗဟိုဦးစီးအဖွဲ့ဝင် သစ်များ ‌ရွေးချယ်တင်‌မြောက်ခြင်းနှင့် ဗဟိုအလုပ်မှု‌ဆောင် ‌ကော်မတီကို ‌ရွေးချယ်တင်‌မြှောက်ခြင်းတို့ကို ‌ဆောင်ရွက်ခဲ့ သည်။ ထို့ပြင် ‌ရှေ့‌လေးနှစ်သက်တမ်းအတွင်း အ‌ကောင်အထည် ‌ဖေါ်‌ဆောင်ရွက်ရမည့် ‌ရှေ့လုပ်ငန်းစဉ်များ ကို ချမှတ်ခဲ့သည်။ ‌တောင်သူလယ်သမား အစည်းအရုံး အဆင့်ဆင့်က ‌ဆောင်ရွက်ရမည့် ‌ရှေ့လုပ်ငန်းစဉ်များတွင် ‌ဒေသဖွံ့ဖြိုး‌ရေး စီမံကိန်းများ ‌အောင်မြင်ရန်၊ အထူးအထွက်တိုးသီးနှံများ စီမံကိန်းအတိုင်း ‌အောင်မြင်ရန်နှင့် မျိုး‌ကောင်းမျိုးသန့် သီးနှံများ၇ရှိ‌ရေး၊ သစ်‌တောမပြုန်းတီး‌ရေး၊ ‌ကျေးရွာသုံး ထင်းစိုက်ခင်းများ ထူ‌ထောင်‌ရေး စ‌သောအချက်များပါဝင်သည်။

ထို့ပြင် စည်းရုံး‌ရေးနှင့်စပ်လျဉ်း၍ ‌တောင်သူလယ်သမား အစည်းအရုံးဝင်များ တိုးချဲ့စည်းရုံး‌ရေးနှင့် အ‌ခြေအ‌နေ‌ပေးသည့် ‌ဒေသများတွင် တိုးချဲ့ဖွဲ့စည်း‌ရေးလုပ်ငန်းများကို ဆက်လက် ‌ဆောင်ရွက်ရန်၊ ‌တောင်သူ လယ်သမားအစည်းအရုံး အဆင့်ဆင့် ၏ ဖွဲ့စည်းမှု ကျစ်လျစ်ခိုင်မာ‌ရေးနှင့် စည်းရုံးလှုပ်ရှားမှု သွက်လက်ထက်မြက်‌ရေးလုပ်ငန်းများကို ဆက်လက်‌ဆောင်ရွက် ရန်၊ ‌တောင်သူလယ်သမားအစည်းအရုံး အဆင့်ဆင့်ရှိ အစည်း အရုံးဝင်များအား အစည်းအရုံး၏ တာဝန်များနှင့် တစ်ဦးချင်း တာဝန်များကို နားလည်သ‌ဘော‌ပေါက်ပြီး တာဝန် ‌ကျေပွန်စွာ ထမ်း‌ဆောင်လာ‌စေ‌ရေးနှင့် ‌ခေတ်မီ စိုက်ပျိုး‌မွေးမြူ‌ရေး နည်းပညာများ ကျယ်ပြန့်လာ‌ရေးအတွက် ‌ဆောင်ရွက်ရန် စသည့် ‌ရှေ့လုပ်ငန်းစဉ်များလည်း ပါရှိသည်။

တတိယအကြိမ် ‌တောင်သူလယ်သမား အစည်းအရုံး ညီလာခံ ကျင်းပ‌နေချိန်အထိ ‌တောင်သူလယ်သမား အစည်း အရုံး အဆင့်ဆင့်ဖွဲ့စည်းမှုမှာ မြို့နယ်အစည်းအရုံး ၂ရ၂ ခုနှင့် မြို့နယ်စည်းရုံး‌ရေး‌ကော်မတီ ခုနစ်ခု၊ ‌ကျေးရွာအုပ်စု ရပ်ကွက် အစည်းအရုံး ၁၃၁၉၂ ခုကို ဖွဲ့စည်းနိုင်ခဲ့ပြီး ‌တောင်သူလယ် သမား အစည်းအရုံးဝင် ‌ပေါင်း ရ၅ရရရ၃၃ ဦး ရှိခဲ့ပြီဖြစ် သည်။

တတိယအကြိမ် ‌တောင်သူလယ်သမား အစည်းအရုံး ညီလာခံတွင် မှတ်တမ်းတင်ခြင်း‌လေးရပ်၊ အတည်ပြုခြင်း ‌လေးရပ်နှင့် ဆုံးဖြတ်ခြင်းနှစ်ရပ်တို့ကို ပြုလုပ်ခဲ့ပြီး ‌တောင်သူ လယ်သမား အစည်းအရုံး ဗဟိုဦးစီးအဖွဲ့ ဗဟိုအလုပ်အမှု ‌ဆောင်‌ကော်မတီဝင် ၃၅ ဦးကို ‌ရွေးချယ်တင်‌မြှောက်ခဲ့သည်။ ‌တောင်သူလယ်သမားအစည်းအရုံး ဗဟိုဦးစီးအဖွဲ့ ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီဝင်များ ၁။ ဗိုလ်မှူးချုပ်သန်းညွန့် ဥက္ကဋ္ဌ ၂။ ဦးချစ်‌ဆွေ ဒုတိယဥက္ကဋ္ဌ ၃။ ဦး‌အောင်ကျင် ဒုတိယဥက္ကဋ္ဌ ၄။ ဦးစံထွန်း အတွင်း‌ရေးမှူး ၅။ ဦး‌ကျော် တွဲဖက်အတွင်း‌ရေးမှူး ၆။ ဦးညွန့်တင် တွဲဖက်အတွင်း‌ရေးမှူး ရ။ ဦးကံထွန်း ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၈။ ဦး‌စော‌ကျော်စိန် ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၉။ ဦးခင်‌မောင်ဝင်း ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၁၀။ ‌ဒေါက်တာချစ် ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၁၁။ ဦးစံညွန့် ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၁၂။ ဦးစံသိန်း ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၁၃။ ဦးစံဝင်း ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၁၄။ ဦးစိန်‌မောင် ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၁၅။ ဦးညို‌အေး ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၁၆။ ဦးတင်‌မောင် ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၁ရ။ ဦးတင်ဝမ်း ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၁၈။ ဦးထွန်းတင် ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၁၉။ ဦးပြား‌မောင် ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၂၀။ ဦးမာဃ(ခ)ဦးဆားကြီး ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၂၁။ ဦး‌မောင်‌မောင်လတ်(ခ)ဦး‌သောင်းထွန်း

ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၂၂။ ဦးဗိုလ်မှူးကြီး‌မောင်‌မောင်‌အေး ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၂၃။ ဦး‌မောင်အုန်း ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၂၄။ ဦးမန်းလျန် ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၂၅။ ဗိုလ်မှူးကြီးရန်‌နောင်စိုး ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၂၆။ ဦးလဘန်လ ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၂ရ။ ဦးဝဖိုင်‌နော် ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၂၈။ ဦးဝင်း‌မောင် ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၂၉။ ‌ဒေါက်တာမန်းသက်စံ ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၃၀။ ဦး‌အေးကို ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၃၁။ ‌ဒေါ်‌အေးမြင့် ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၃၂။ ဦးအင်ဒီ‌ဇော်‌တောင် ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၃၃။ ဗိုလ်မှူးကြီး‌အောင်ဝင်း ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၃၄။ ဦးအုန်းကြိုင် ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ ၃၅။ ဦးအုန်း‌ရွှေ ဗဟိုအလုပ်မှု‌ဆောင်‌ကော်မတီ

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ ၅