တောင်သူလယ်သမားအစည်းအရုံး

ဝီကီပီးဒီးယား မှ

တော်လှန်‌ရေး‌ကောင်စီသည် ၁၉၆၂ ခုနှစ်၊ ‌မေလ ၂ ရက် ‌နေ့တွင် နိုင်ငံ‌တော်၏ အာဏာကို လွှဲ‌ပြောင်းတာဝန်ယူရာမှစ၍ ‌တောင်သူလယ်သမားတို့ဘဝ ရှင်သန်လူးလွန့်လာ၇‌လေသည်။ ‌တော်လှန်‌ရေး‌ကောင်စီ၏ ဝါဒသ‌ဘောထားကို ၁၉၆၂ ခုနှစ် ဧပြီလ ၃၀ ရက်‌နေ့တွင် ထုတ်ပြန်‌ကြေညာခဲ့သည်။ ထိုဝါဒ သ‌ဘောထား‌ကြေညာချက်တွင် ‌တောင်သူလယ်သမား အလုပ် သမားများ ‌ခေါင်းပုံဖြတ်ခံဘဝမှ လွတ်‌မြောက်‌စေရန် ရည်ရွယ်၍ ဆိုရှယ်လစ်‌လောကသစ်ကို ‌တောင်သူလယ်သမား၊ အလုပ်သမား တို့၏ အင်အားဖြင့် တည်‌ဆောက်မည်ဟု ပါရှိ‌လေသည်။ ထို့‌နောက် ‌တော်လှန်‌ရေး‌ကောင်စီသည် ၁၉၆၃ ခုနှစ် မတ် လ ၂၅ ရက်‌နေ့တွင် ၁၉၆၃ ခုနှစ် သီးစားချထား‌ရေးဥပ‌ဒေ နှင့် ‌တောင်သူလယ်သမား အခွင့်အ‌ရေး ကာကွယ်သည့် ဥပ‌ဒေ၊ ၁၉၆၃ ခုနှစ် မတ်လ ၂၈ ရက်‌နေ့တွင် ၁၉၆၃ ခုနှစ် သီးစားချ ထား‌ရေး နည်းဥပ‌ဒေများ၊ ၁၉၆၅ ခုနှစ် ဧပြီလ ၅ ရက်‌နေ့တွင် ၁၉၆၅ ခုနှစ် သီးစားချထား‌ရေး ဥပ‌ဒေကိုပြင်ဆင်သည့် ဥပ‌ဒေ များကို အသီးသီးထုတ်ပြန်‌ကြေညာခဲ့သည်။

‌တောင်သူလယ်သမားများ၏ အခွင့်အ‌ရေးကို ဥပ‌ဒေဖြင့် အကာအကွယ်‌ပေးလိုက်ခြင်းသည် ‌ငွေရှင်၊ ‌ကြေးရှင်တို့၏ မတရား‌ခေါင်းပုံဖြတ်သည့် အန္တရာယ်ကို အကာအကွယ်‌ပေး လိုက်ခြင်းပင် ဖြစ်သည်။

တဖန် ‌တောင်သူလယ်သမား နှီး‌နှောဖလှယ်ပွဲနှင့် ‌တောင်သူ လယ်သမား‌နေ့ အခမ်းအနားများကို ကျင်းပ‌ပေးခြင်းဖြင့် ‌တောင်သူလယ်သမားထုအတွင်း စည်းလုံးညီညွတ်မှု ပိုမို၇ရှိခဲ့ သည်။ နိုင်ငံ‌ရေးအသိ စိတ်ဓာတ်များလည်း နိုးကြားလာသည်။ အုန်း‌တော နှီး‌နှောဖလှယ်ပွဲကို စစ်ကိုင်းမြို့နယ်၊ အုန်း‌တော ‌ကျေးရွာတွင် ၁၉၆၂ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှ ၁၉၆၃ ခုနှစ် ဇန္နဝါရီလ ၁ ရက်ထိ ကျင်းပခဲ့သည်။ ဒူးယား နှီး‌နှော ဖလှယ်ပွဲကို ဟသင်္ာတမြို့နယ် ဒူးယား‌ကျေးရွာတွင် ၁၉၆၃ ခုနှစ် ဇန္နဝါရီလ ၃၀ ရက်မှ ‌ဖေ‌ဖေါ်ဝါရီလ ၁ ရက်ထိလည်း ‌ကောင်း၊ ပုပ္ပါးနှီး‌နှောဖလှယ်ပွဲကို ‌ကျောက်ပန်း‌တောင်းမြို့နယ် ပုပ္ပါးတွင် ၁၉၆၃ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှ ၁၉၆၄ ခုနှစ် ဇန္နဝါရီလ ၂ ရက်‌နေ့အထိလည်း‌ကောင်း၊ ခ‌ပေါင်းနှီး‌နှောဖလှယ် ပွဲကို ‌တောင်ငူမြို့နယ် ခ‌ပေါင်း‌ကျေးရွာတွင် ၁၉၆၄ ခုနှစ် မတ် လ ၂ ရက်မှ ၆ ရက်ထိလည်း‌ကောင်း အသီးသီး ကျင်းပခဲ့ သည်။

၁၉၆၅ ခုနှစ်၊ ၁၉၆၆ ခုနှစ်၊ ၁၉၆ရ ခုနှစ်နှင့် ၁၉၆၈ ခုနှစ် တို့တွင် ‌တောင်သူလယ်သမား နှီး‌နှောဖလှယ်ပွဲနှင့် ‌တောင်သူ လယ်သမား‌နေ့များကို ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ‌လေးနှစ် ဆက်တိုက် ကျင်းပခဲ့သည်။

၁၉၆၅ ခုနှစ် ‌တောင်သူလယ်သမား‌နေ့ အစည်းအ‌ဝေးကြီး တွင် ‌တောင်သူလယ်သမားအဖွဲ့ စတင်ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ သည်။ ၁၉၆၆ ခုနှစ် ‌တောင်သူလယ်သမား နှီး‌နှောလှယ်ပွဲ၌ ‌တောင်သူလယ်သမား‌ကောင်စီ ဖွဲ့စည်းပုံမူကြမ်းကို တင်ပြ ‌ဆွေး‌နွေး၍ ‌တောင်သူလယ်သမား ကိုယ်စားလှယ်‌တော်ကြီးများ ၏ အကြံဉာဏ်ကို ရယူခဲ့သည်။

၁၉၆ရ ခုနှစ် မတ်လ ၂ ရက်‌နေ့မှစ၍ ‌တောင်သူလယ် သမား‌ကောင်စီ အဆင့်ဆင့်ကို ဖွဲ့စည်းသည်။ ဗဟိုပြည်သူ့ ‌တောင်သူလယ်သမား‌ကောင်စီကို ၁၉၆၉ ခုနှစ်၊ ‌ဖေ‌ဖေါ်ဝါရီလ ၂၆ ရက်တွင် ဖွဲ့စည်းခဲ့သည်။

ဆိုရှယ်လစ်ဒီမိုက‌ရေစီ အ‌ဆောက်အအုံနှင့် ‌လျော်ညီစွာ ‌တောင်သူလယ်သမား အစည်းအရုံး ဖွဲ့စည်းနိုင်‌ရေးအတွက် ‌တောင်သူလယ်သမား အစည်းအရုံး ဖွဲ့စည်းပုံစည်းမျဉ်း၊ ပထမ မူကြမ်းကို ၁၉ရ၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်တွင် ပြုစုခဲ့သည်။ ဒုတိယမူကြမ်းကို ၁၉ရ၆ ခုနှစ်၊ စက်တင်ဘာလ ရ ရက်တွင် ‌ရေးဆွဲသည်။ ပါတီဗဟို‌ကော်မတီ၏ ၁ရ ကြိမ်‌မြောက် အစည်း အ‌ဝေးက ဒုတိယမူကြမ်းကို ၁၉ရ၆ခုနှစ်၊ နိုဝင်ဘာလက အတည်ပြုခဲ့သည်။

ပထမအကြိမ် ‌တောင်သူလယ်သမား အစည်းအရုံးညီလာခံကို ၁၉ရရ ခုနှစ် ဇူလိုင်လ ၂၅ ရက်မှ ဩဂုတ်လ ၁ ရက်ထိ ကျင်းပခဲ့သည်။ ပထမအကြိမ် ‌တောင်သူလယ်သမားအစည်း အရုံး ညီလာခံသက်တမ်းတွင် ‌တောင်သူလယ်သမားမြို့နယ် အစည်းအရုံးနှစ်ခု၊ မြို့နယ်စည်းရုံး‌ရေး ‌ကော်မတီနှစ်ခု၊ ‌ကျေးရွာ အုပ်စုနှင့် ရပ်ကွက်အစည်းအရုံး ၁၉၈ ခုနှင့် ‌တောင်သူလယ် သမား အစည်းအရုံးဝင် နှစ်သိန်းခွဲခန့် တိုးချဲ့စည်းရုံး ဖွဲ့စည်း နိုင်သည်။

ပထမအကြိမ် ‌တောင်သူလယ်သမား အစည်းအရုံးညီလာခံ တွင် မှတ်တမ်းတင်ခြင်း သုံးရပ်၊ အတည်ပြုခြင်းနှစ်ရပ်၊၊ ပြဋ္ဌာန်းချက် တစ်ရပ်နှင့် ဆုံးဖြတ်ချက် ‌ခြောက်ရပ်တို့ကို ချမှတ်ခဲ့သည်။

ဒုတိယအကြိမ် ‌တောင်သူလယ်သမား အစည်းအရုံး ညီလာခံ ကို ၁၉၈၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်မှ ၂၈ ရက်ထိ ရန်ကုန် မြို့ ကျိုက္ကဆံကွင်းရှိ ဆရာစံခန်းမတွင် ကျင်းပသည်။ ဒုတိယအကြိမ် ‌တောင်သူလယ်သမားအစည်းအရုံး ညီလာခံမှ မှတ်တမ်းတင်ခြင်း ငါးရပ်၊ အတည်ပြုခြင်း ‌လေးရပ်၊ ဆုံးဖြတ် ချက် ‌ခြောက်ရပ်တို့ကို ချမှတ်သည်။ ညီလာခံမှ ‌ရွေးချယ်လိုက် ‌သော ဗဟိုဦးစီးအဖွဲ့သည် ‌တောင်သူလယ်သမားအစည်းအရုံး ညီလာခံတစ်ခုနှင့် တစ်ခုအကြားတွင် တာဝန်ယူ‌ဆောင်ရွက်ရ ‌သောအဖွဲ့ဖြစ်သည်။

‌တောင်သူလယ်သမား အစည်းအရုံး အဆင့်ဆင့်ကို ကျစ် လျစ်ခိုင်မာစွာ ဖွဲ့စည်းတည်‌ဆောက်နိုင်၍ နိုင်ငံ‌တော်၏ စီးပွား ‌ရေး တည်‌ဆောက်မှု အ‌ခြေခံဖြစ်‌သော လယ်ယာကဏ္ဍစီမံကိန်း များ ရည်မှန်းချက်ထက် ‌ကျော်လွန်‌အောင် ‌တောင်သူလယ် သမားများအား စည်းရုံးအ‌ကောင်အထည် ‌ဖော်နိုင်ခဲ့‌လေသည်။

ဗဟိုအလုပ်အမှု‌ဆောင် ‌ကော်မတီ စဉ် အမည် အ‌ကြောင်းအရာ ၁။ ဦးရဲ‌ခေါင် ဥက္ကဋ္ဌ ၂။ ဦးစိုး ဒုတိယဥက္ကဋ္ဌ ၃။ ဦးချစ်‌ဆွေ ဒုတိယဥက္ကဋ္ဌ ၄။ ဦးသန်းယု အတွင်း‌ရေးမှူး ၅။ ဦးဘသန်း တွဲဘက် အတွင်း‌ရေးမှူး ၆။ ဦး‌ကျော် တွဲဘက် အတွင်း‌ရေးမှူး ရ။ ဦးကံထွန်း ‌ကော်မတီဝင် ၈။ ဦး‌စောချစ်စိန် ။ ၉။ ဦးခင်ဝင်း ။ ၁၀။ ဦးခင်သိန်း ။ ၁၁။ ‌ဒေါက်တာချစ် ။ ၁၂။ ဦးငြိမ်း‌အောင် ။ ၁၃။ ဦးစိုးနိုင် ။ ၁၄။ ဦးစိန်‌မောင် ။ ၁၅။ ဦးညီတင် ။ ၁၆။ ဦးညွန့်တင် ။ ၁ရ။ ဦးတင်ညွန့် ။ ၁၈။ ဦးတင်‌အောင်ဟိန်း ။ ၂၀။ ဦးထွန်း‌ဝေ ။ ၂၁။ ဦးဘလှ ။ ၂၂။ ဦးမင်း‌နောင် ။ ၂၃။ ဦး‌မောင်‌မောင်စိုး ။ ၂၄။ ‌ဒေါက်တာ‌မောင်‌မောင်‌အေး ။ ၂၅။ ဦးမန်းလျန် ။ ၂၆။ ဦးမျိုးမြင့် ။ ၂ရ။ ဦးရဲနိုင် ။ ၂၈။ ဦးလှိုင်မြင့် ။ ၂၉။ ဦးဝဖိုင်‌နော် ။ ၃၀။ ဦးဝင်း‌မောင် ။ ၃၁။ ဦးသန်းစိုး‌လေး ။ ၃၂။ ဗိုလ်မှူးကြီးသန်းလှ ။ ၃၃။ ဦး‌အေးကို ။ ၃၄။ ဦး‌အောင်မြိုင် ။ ၃၅။ ဦးအုံးတင် ။

၁၉၈၁ ခုနှစ်အတွင်း ကျင်းပခဲ့‌သော ဒုတိယအကြိမ် ‌တောင်သူလယ်သမားအစည်းအရုံး ညီလာခံတွင် ‌ရွေး ချယ်တင် ‌မြှောက်ခံ၇‌သော ဗဟိုအလုပ်အမှု‌ဆောင် ‌ကော်မတီဝင်များမှာ ‌ဖော်ပြပါအတိုင်းဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ ၅