တောင်သူလယ်သမားနှင့် မိသားစုအသက်နှင့် ထိခိုက်မှု အာမခံလုပ်ငန်း
၁၉၈၀ ပြည့်နှစ် မတ်လ ၂ ရက်နေ့မှ စတင်၍ တောင်သူ လယ်သမားနှင့် မိသားစုအသက်နှင့် ထိခိုက်မှုအာမခံလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။ ယင်းလုပ်ငန်းကို တိုင်းခုနစ်တိုင်းရှိ မြို့နယ် ပေါင်း ၅၀ တွင် ရှေ့ပြေးစမ်းသပ်ရေး အစီအစဉ်ဖြင့် စတင် အကောင်အထည်ဖော်ခဲ့သည်။ ရန်ကုန်တိုင်းတွင် ကျောက်တန်း၊ သန်လျင်၊ တိုက်ကြီး၊ ကွမ်းခြံကုန်း၊ သုံးခွ၊ လှည်းကူးနှင့် မှော်ဘီမြို့များတွင်လည်းကောင်း၊ ပဲခူးတိုင်းတွင် အုတ်ဖို၊ ဖြူး၊ ညောင်လေးပင်၊ လက်ပံတန်း၊ ကဝ၊ ပေါင်းတည်၊ သဲကုန်း၊ ပဲခူး၊ ကျောက်တံခါး၊ ဇီးကုန်း၊ ကြို့ပင်ကောက်နှင့် ပြည်မြို့များ တွင်လည်းကောင်း၊ မွန်ပြည်နယ်တွင် မုဒုံ၊ မော်လမြိုင်၊ ချောင်း ဆုံနှင့် ပေါင်မြို့များတွင်လည်းကောင်း၊ မန္တလေးတိုင်းတွင် ကျောက်ဆည်၊ ပုသိမ်ကြီး၊ ပျဉ်းမနား၊ မိတ္ထီလာနှင့် မြင်းခြံမြို့ များတွင်လည်းကောင်း၊ စစ်ကိုင်းတိုင်းတွင် စစ်ကိုင်း၊ ရွှေဘို၊ ရေဦး၊ ကောလင်းနှင့် ဝက်လက်မြို့များတွင်လည်းကောင်း၊ ဧရာဝတီ တိုင်းတွင် ပုသိမ်အရှေ့၊ ပုသိမ်အနောက်၊ ကျုံပျော်၊ ဟသင်္ာတ၊ မြန်အောင်၊ မြောင်းမြ၊ ဝါးခယ်မ၊ မော်လမြိုင် ကျွန်း၊ ဖျာပုံ၊ ဘိုကလေး၊ ပန်းတနော်နှင့် အဂင်္ပူမြို့များတွင် လည်းကောင်း၊ မကွေးတိုင်းတွင် မင်းဘူး၊ စလင်း၊ မကွေး၊ တောင်တွင်းကြီးနှင့် အောင်လံမြို့များတွင်လည်းကောင်း အသီးသီး စတင်ဆောင်ရွက်ခဲ့လေသည်။
တောင်သူလယ်သမားနှင့် မိသားစုအသက်နှင့် ထိခိုက်မှု အာခမံကို တောင်သူလယ်သမားအစည်းအရုံးဝင် တောင်သူ လယ်သမား၊ ၎င်းနှင့် ဆွေမျိုးတော်စပ်သူ တအိမ်တည်းအတူနေ တအိုးတည်းစားသူများလည်း ထား ရှိနိုင်သည်။ အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၆၀ ထက် မကျော်သေးသော မျက်မြင် အားဖြင့် ကျန်းမာရေး ပြည့်စုံသူများကို အာမခံဌာနမှ တာဝန် ယူ လက်ခံဆောင်ရွက်ပေးသည်။ ဆရာဝန်ထံတွင် ဆေးစစ်ခံရန် မလိုပေ။ အာမခံကြေးပေးသည်နှင့် အာမခံလက်မှတ်ကို ချက်ချင်း ထုတ်ပေးသည်။ အာမခံကိုလည်း ငွေပေးသည့် အချိန်ကစ၍ တာဝန်ယူလေသည်။
အာမခံလက်မှတ် တစ်စောင်စီကို အာမခံထားငွေ ကျပ် ၁၀၀ဝိ နှင့် သက်တမ်းသုံးလအတွက် ပုံသေ ပုံနှိပ်ထားသည်။ လက်မှတ်တစ်စောင်အတွက် အာမခံကြေးသည် သုံးကျပ်ဖြစ် သည်။ အာမခံထားရှိသူသည် သုံးလ၊ ခြောက်လ၊ ကိုးလ၊ ၁၂ လအထိ မိမိ၏ ဆန္ဒအရ လိုအပ်သလို အာမခံထားရှိနိုင်သည်။ အာမခံထားသူတစ်ဦးအနေဖြင့် အာမခံထားငွေ ကျပ် ၅၀၀ဝိ အထိ ထားခွင့်ရှိလေသည်။
အာမခံထားရှိသူသည် အာမခံထားရှိသည့် သက်တမ်း အတွင်း မည်သည့်အကြောင်းကြောင့်ဖြစ်စေ သေဆုံးလျှင်သော် လည်းကောင်း၊ ထိခိုက် ဒဏ်ရာ၇ရှိလျှင်သော်လည်းကောင်း အောက်တွင်ဖော်ပြထားသော အကျိုး ခံစားခွင့်များကို ၇ရှိမည် ဖြစ်လေသည်။
သေဆုံးခြင်းနှင့် အလုပ် လုံးဝမလုပ်နိုင်ခြင်းတို့အတွက် ကျပ် ၁၀၀ဝိ၊ မျက်စိတစ်ဘက်ကွယ်ခြင်း၊ လက်မောင်းရင်းမှ လက်ကောက်ဝတ်အထိ တစ်နေရာရာပြတ်ခြင်းနှင့် ပေါင်ရင်းမှ ခြေကျင်းဝတ်အထိ တစ်နေရာရာ ပြတ်ခြင်းတို့အတွက် ကျပ် ၅၀ဝိ၊ မေးရိုးကျိုးခြင်း၊ လက်မောင်းရင်းမှ လက်ကောက်ဝတ်ထိ တစ်နေရာရာ ကျိုးခြင်းနှင့် ဦးခေါင်းခွံ ကွဲခြင်းတို့အတွက် ကျပ် ၁၅ဝိ၊ လက်မတစ်ချောင်းပြတ်ခြင်း၊ ခြေမတစ်ချောင်း ပြတ်ခြင်း၊ နှာခေါင်းရိုးကျိုးခြင်း၊ လည်ပင်းမှ ခါရိုးတစ်လျှောက် အဆစ် တစ်ဆစ်ကျိုးခြင်း၊ နံရိုးတစ်ချောင်းကျိုးခြင်းနှင့် ညှပ်ရိုးကျိုးခြင်း တို့အတွက် ကျပ် ၁၀ဝိ၊ လက်မမှအပ ကျန်လက်ချောင်း တစ်ချောင်းပြတ်ခြင်းနှင့် ခြေမမှအပ ကျန်လက်ချောင်း တစ်ချောင်း ပြတ်ခြင်းတို့အတွက် ကျပ် ၅ဝိ၊ လက်ချောင်း တစ်ချောင်း သို့မဟုတ် ခြေချောင်းတစ်ချောင်း ကျိုးခြင်းအတွက် ကျပ် ၂၅ိ စသည်တို့ ဖြစ်လေသည်။
အာမခံထားသူသည် သေဆုံးသွားလျှင်ဖြစ်စေ၊ ရူးသွပ်သွား လျှင်ဖြစ်စေ အကျိုးခံစားခွင့်ကို အာမခံလက်မှတ်တွင် ဖော်ပြ ထားသည့် အကျိုးခံစားခွင့်ရှိသူအား ထုတ်ပေးသည်။ အာမခံ ထားသူသည် အာမခံထားသည့် ကာလအတွင်း အကြိမ်ကြိမ် ထိခိုက်ဒဏ်ရာရပါက အကြိမ်ကြိမ်အကျိုးခံစားခွင့်ရှိသော်လည်း အာမခံ လက်မှတ်တစ်စောင်အတွက် ကျပ် ၁၀၀ဝိ ထက် ကျော်လွန်ခွင့် မပြုချေ။
အာမခံထားရှိသည့် ကာလအတွင်း ထိခိုက်ဒဏ်ရာရခြင်း နှင့် သေဆုံးခြင်းသည် တစ်ပြိုင်တည်းမဟုတ်ပါက နှစ်မျိုးစလုံး ကို အကျိုးခံစားခွင့် ၇ရှိလေသည်။
စမ်းသပ်ဆောင်ရွက်သည့် ပြည်နယ်၊ တိုင်းခုနစ်တွင် အာမခံရုံးခွဲများ ဖွင့်၍ ငွေများကို ထိုရုံးခွဲများကပင် တိုက်ရိုက် ထုတ်ပေးသည်။ ပဲခူးနှင့် ဧရာဝတီတိုင်းတွင် နယ်မြေကျယ်ပြန့် ခြင်း၊ မြို့နယ်ဦးရေများခြင်းတို့ကြောင့် ရုံးခွဲနှစ်ခုစီ ဖွင့်ထား သည်။ ယင်းလုပ်ငန်း အဝဝတို့အတွက် ပါတီ၊ ကောင်စီနှင့် တောင်သူလယ်သမားအစည်းအရုံးတို့က ပါဝင်ဆောင်ရွက်ပေး လေသည်။ မြို့နယ်တစ်ခုစီအတွက် အာမခံအဖွဲ့ငယ်များ ဖွဲ့စည်း သတ်မှတ်၍ ဝန်ထမ်း ၁၂၆ ဦးကို ၁၉၈၀ ပြည့်နှစ် ဖေဖော်ဝါရီ လမှစ၍ စေလွှတ်ခဲ့သည်။
၁၉၈၀ ပြည့်နှစ် မတ်လ ၃ ရက်နေ့တွင် မိုးတွင်း နွားစာ အတွက် စုဆောင်းထားသော ကောက်ရိုးပုံပေါ်မှ လိမ့်ကျသူ လယ်ယာလုပ်သား ကိုထွန်းရွှေသည် လုပ်ငန်းကော်ပိုရေးရှင်းက ငွေကျပ် ၁၅ဝိ ကို ထုတ်ပေးခဲ့လေသည်။
ကျိုက်မရောမြို့နယ်တွင် ထိခိုက်သူ ခုနစ်ယောက်၊ သေဆုံး သူ ၁၄ ယောက်အတွက် စုစုပေါင်းကျပ်ငွေ ၁၉၈၅ဝိ ကို ဩဂုတ်လ ၃၀ ရက်နေ့တွင် အိမ်တိုင်ရာရောက် ထုတ်ပေး ခဲ့လေသည်။
ကိုးကား
[ပြင်ဆင်ရန်]မြန်မာ့စွယ်စုံကျမ်း အတွဲ ၅