တောင်လဲရာ မြက်ပြတ်

ဝီကီပီးဒီးယား မှ

တောင်လဲရာ မြက်ပြတ် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

တောင်ပြိုလဲရာတွင် တောင်နှင့် မကင်းသော မြက်ပင်များစွာ ပျက်စီးရသကဲ့သို့ မှီခိုအားထားရာ ပျက်စီးသောအခါ မှီခိုသူတို့ပါ ဒုက္ခရောက်ရသည်။ အခြားဆိုလိုရင်းတစ်ခုမှာ တောင်လဲပြိုရာတွင် တောင်၏ဝန်းကျင်ရှိ မြက်ပင်များ ပျက်စီးရသကဲ့သို့ အင်အားကြီးမားသော အခါတစ်ခု ပျက်စီးသောအခါ ပတ်ဝန်းကျင်မှ အင်အားနည်းသော အရာများပါ ပျက်စီးရသည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "ငါတို့ မင်းဧကရာဇ်နှစ်ပါး အမျက်ရှိ၍ ရန်စစ်ကြီးစွာ ဖြစ်သောကာလ ခပ်သိမ်းသော ရဲမက်ဗိုလ်ပါအပေါင်းတို့သည် တောင်လဲရာ မြက်ပြတ်ဘိသကဲ့သို့ ကြီးစွာသော ဘေးဘယသို့ ရောက်ကြလိမ့်မည် ဖြစ်သည်။" [၁၀၈၀-ခန့်] ကုလား၊ ပ။ ၄၁၅။
  • "တောင်လဲရာ မြက်ပြတ်ဆိုသလို မောင်တို့ သမီးယောက်ဖအချင်းချင်း အတွင်းမီး လောင်ကြသည့်အရေးနှင့် ဆင်းရဲသား ကျွန်တော်မျိုးလေးများကို ဘေးမထိပါစေနှင့်။" [၁၂၈၁] နောင်ဝတ်၊ ပ။ ၁၈၂။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၉၀။