တောက်၊ ဆရာ၊ စန္ဒရား

ဝီကီပီးဒီးယား မှ

မြန်မာဂီတ ပညာရှင်များထဲတွင် စန္ဒရားကို မြန်မာ့ ဆိုင်းဝိုင်းတီးကွက်ဖြင့် ပထမဆုံးတီထွင် တီးမှုတ်ခဲ့‌သော ဆရာ ‌တောက်သည် မြန်‌အောင်မြို့နယ် ကျွန်း‌တောတိုက်ပိုင်ဆယ်ရွာစု တွင် အဖ ဦး‌သော့၊ အမိ ‌ဒေါ်‌ဖော့တို့မှ မြန်မာ ၁၂၆၁ ခုနှစ် ဝါဆိုလ ပြည့်‌နေ့တွင် ဖွားမြင်ခဲ့‌သော ဂီတပညာရှင် ဖြစ်သည်။ ‌မွေးချင်း‌ခြောက်ဦးအနက် ဒုတိယ‌မြောက်သားဖြစ်သည်။

ဆရာ‌တောက်သည် ‌ခေတ်ပညာ စတုတ္ထတန်း‌အောင်မြင် ပြီး‌နောက် ဘုန်း‌တော်ကြီး‌ကျောင်း၌ ‌လောကုတ္တရာ စာ‌ပေများကို သင်ကြားခဲ့သည်။ အသက် ၁၁ နှစ်အရွယ်တွင်ပန်းထိမ်ပညာကို သင်ကြားခဲ့သည်။ ၁၃ နှစ်အရွယ်တွင် ကြံခင်းနယ်မှအရပ်ဇာတ် ဆရာ ဦး‌ပေသီး၏သား ဦးဖိုးသန့်၊ ဦးဖိုးကြင်တို့ထံတွင် အဆို အက ပညာကို သင်ယူခဲ့‌လေသည်။ ထို့‌နောက် ပခုက္ကူမှဆိုင်း ဆရာကြီး ဦး‌ဖေညွှန့်နှင့် ဇာတ်မင်းသား ဦးဘလှတို့ထံတွင်ဆိုင်း ပညာကိုသင်ယူ‌လေသည်။ မင်းသားဦးဘလှ ‌ခေါင်း‌ဆောင်‌သော ဇာတ်သဘင်အဖွဲ့၌ ဆိုင်းဆရာ ဦး‌ဖေညွှန့်ထံတွင် တပည့်ခံယင်း ပတ်တီးလက်‌ထောက် အဖြစ်နှင့် တီးခဲ့ရသည်။ အသက် ၁၅နှစ် အရွယ်တွင် ဆိုင်းဝိုင်းကြီးကို ကျွမ်းကျင်စွာတီးနိုင်ပြီး ၁၆ နှစ် အရွယ်တွင် ပြည်မြို့ ဆိုင်းဆရာကြီး ဆရာ‌ပေထံတွင်တပည့်ခံ၍ ‌ခြောက်နှစ်ခန့် တီးခဲ့သည်။ ထို့‌နောက် ပဲခူးနယ်မှ ဆိုင်းဆရာ ဦးချစ်လှထံတွင် နည်းနာခံခဲ့‌လေသည်။

ထို့‌နောက် ရန်ကုန်မြို့သို့ ‌ပြောင်း‌ရွှေ့လာပြီး ယူနီယံ ‌အောင်သိန်းခင် အငြိမ့်အဖွဲ့တွင် ဒိုးတီးအဖြစ်ပါ ဝင်ခဲ့‌လေသည်။ ဆရာ‌တောက်သည် စန္ဒရားပညာကို ဆိုင်းဆရာဦးသိန်း ‌ဖေထံ၌ လည်း‌ကောင်း၊ နာမည်ရဆရာကြီး စန္ဒရားဦးသာဒင်ထံ ၌လည်း‌ကောင်း နည်းနာခံ၍ သင်ယူတတ်‌မြောက်လာ‌သောအခါ ဆိုင်းဆရာဘဝမှစန္ဒရား ဆရာဘဝသို့ ကူး‌ပြောင်းခဲ့ပြီး ရုပ်ရှင် ဇာတ်ကားများတွင် ‌နောက်ခံတီးလုံးများ တီးခဲ့‌လေသည်။ မြန်မာ အ‌ဆွေ ရုပ်ရှင်ကုမ္ပဏီမှ ရိုက်ကူး‌သောမှိုင်း‌ဝေ‌ဝေ ဇာတ်ကားမှစ၍ တီးဝိုင်း ‌ခေါင်း‌ဆောင်အဖြစ်နှင့် ‌နောက်ခံတီးလုံးများ တီးခဲ့သည်။ ရုပ်ရှင်တီးလုံးဆန်းများကိုလည်း တီထွင်ခဲ့သည်။

မြန်မာအ‌ဆွေ ရုပ်ရှင်ကုမ္ပဏီ၌ လုပ်ကိုင်လျက် ရှိစဉ်က ပင် ‌ခွေးတံဆိပ် ဓာတ်ပြားကုမ္ပဏီနှင့် ဆက်သွယ်မိပြီး ဓာတ်ပြား များသွင်းခဲ့သည်။ မြန်မာအ‌ဆွေမှ ထွက်ခဲ့ပြီး‌နောက်ရုပ်ရှင် ဇာတ် ကားများကိုကံထရိုက် စနစ်ဖြင့် တီး‌နေခဲ့‌လေသည်။ ထို့‌နောက် ဗြိတိသျှဘားမား ရုပ်ရှင်ကုမ္ပဏီမှ ဓာတ်ပြားကုမ္ပဏီ သီးခြားဖွင့် လှစ်ရာတွင် လခစားအဖြစ် ဝင်‌ရောက်လုပ်ခဲ့‌လေသည်။

ဆရာ‌တောက် စန္ဒရားတီး၍ အသံသွင်းခဲ့‌သောဓာတ် ပြားများမှာ နဂရာမြင့် သီဆို‌သော ဆန်းသဉ္ဇာ‌ညောင်၊ မကြည် ‌အောင်သီဆို‌သော နိ‌ဂြောဓသမင်နှင့် စိတ္တရဂီဝါ၊‌မေ‌မေဝင်းသီဆို ‌သော မြနန်း‌စေတီ၊မင်းသား ခင်‌မောင်ရင် သီဆို‌သောဥ‌ပေါသထ ဆင်နှင့် စိတ်သီချင်းများအပြင် ပြည်‌မောင်ကြီး၊ မ‌ကြွေနှင့်ခင်ခင်ရီ စ‌သော အဆို‌တော်များ၏ သီချင်းများဖြစ်သည်။ အထက်ပါသီ ချင်းများအနက် စိတ္တရဂီဝါ၊ နိ‌ဂြောဓသမင်၊ စိတ်နှင့် ဥ‌ပေါသထ သီချင်းတို့ကို ကိုယ်တိုင် ‌ရေးစပ်ခဲ့‌လေသည်။

ဓာတ်ပြားကုမ္ပဏီ၊ ရုပ်ရှင် ကုမ္ပဏီတို့တွင် အလုပ်လုပ် ‌နေစဉ် ‌ခေတ်‌ဟောင်း အသံလွှင့်ဌာနမှ ဆရာ‌တောက် တူရိယာ အဖွဲ့အမည်ဖြင့် သီချင်းကြီးများကို အခါအား‌လျော်စွာထုတ်လွှင့် ခဲ့သည်။ မြန်မာလွတ်လပ် ‌ရေး‌ခေတ်တွင် ရန်ကုန်ဆရာအတတ် သင်သိပ္ပံ၌ ဂီတဘက်ဆိုင်ရာ လက်‌ထောက် ကထိကအဖြစ်‌ဒေါ် ‌စောမြ ‌အေးကြည်နှင့်အတူ သုံးနှစ်တာမျှ အမှုထမ်းခဲ့သည်။

‌တော်လှန်‌ရေးအစိုးရ တက်လာပြီး‌နောက် ဆရာ‌တောက် သည် မြန်မာအသံ သီချင်းကြီးစိစစ်‌ရေး အဖွဲ့ဝင်လူကြီးအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံ ဂီတ‌ကောင်စီ (ဗဟို) ၏အမြဲတမ်း နာယကအဖြစ် လည်းကောင်း၊ ယဉ်‌ကျေးမှုဝန်ကြီးဌာန အနုပညာအကြံ‌ပေး အတိုင်ပင်ခံလူ ကြီးအဖြစ်လည်းကောင်း ‌‌ဆောင်ရွက်‌နေယငင်း ၁၉၇၈ ခုနှစ် ‌ဖေဖွာဝါရီလ ၂၄ ရက်၊ အသက် ၇၈ အရွယ်တွင် ကွယ်လွန်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ(၅)