တူနီးရှား လူထုအုံကြွမှု

ဝီကီပီးဒီးယား မှ
၂၀၁၀ - ၂၀၁၁ တူနီးရှား လူထုအုံကြွမှု
နေ့ရက်၂၀၁၀ ဒီဇင်ဘာ ၁၈ – ဖြစ်ပွားဆဲ
ထိခိုက်သူများ
သေဆုံးသူ(များ)၂၁၉+[၂]
ဒဏ်ရာရသူ၉၄ [၁]

တူနီးရှား လူထုအုံကြွမှုသည် ၂၀၁၀ ခုနှစ် ဒီဇင်ဘာလမှစ၍ တူနီးရှားနိုင်ငံတလွှား ဖြစ်ပွားသည့် ဆန္ဒပြမှုများဖြစ်သည်။ တူနီးရှားနိုင်ငံ၏ ကိုယ်စားပြုပန်းမှာ စံပယ်ပန်း ဖြစ်သောကြောင့် စံပယ်ဖြူ တော်လှန်ရေးဟုလည်း အမည်တွင်သည်။ အလုပ်လက်မဲ့မှု၊ ကုန်ဈေးနှုန်းမြင့်မားမှု၊ အဂတိလိုက်စားမှု၊ လွတ်လပ်စွာ ပြောဆိုခွင့်မရှိမှု၊ ဆင်းရဲနွမ်းပါးမှု စသည့် အကြောင်းအရင်းများကြောင့် ဆန္ဒပြမှုများ စတင်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။[၃][၄] ဆန္ဒပြမှုများသည် နှစ်ပေါင်း ၃၀ အတွင်း အတိုင်းအတာအကြီးမားဆုံး နိုင်ငံရေးနှင့် လူမှုရေး မတည်ငြိမ်မှုကြီး တစ်ရပ်ဖြစ်ပြီး[၅][၆] ဆန္ဒပြမှုအတွင်း ဒဏ်ရာရသူ၊ သေဆုံးသူများ ရှိခဲ့သည်။ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် အသက် ၂၆ နှစ်အရွယ် တရားမဝင် ကုန်စိမ်းသည် မိုဟာမက် ဘိုအာဇီဇီ (Mohammed Bouazizi) မိမိကိုယ်ကို မီးရှို့ဆန္ဒပြရာမှ လူထုအုံကြွမှုများ စတင်ခဲ့သည်။[၇] အုံကြွမှုဖြစ်ပွားပြီး ၂၈ ရက်မြောက်နေ့ ၂၀၁၁ ဇန္နဝါရီ ၁၅ ရက်နေ့တွင် သမ္မတ ဘန်အာလီ (Zine El Abidine Ben Ali) ၂၃ နှစ်ကြာ သက်တမ်း အဆုံးသတ်ကာ ရာထူးမှ ဆင်းပေးခဲ့ရသည်။ တဆက်တည်းတွင် ဘန်အာလီနှင့် မိသားစုဝင်အချို့သည် ဆော်ဒီအာရေဗျသို့ ထွက်ပြေးတိမ်းရှောင်သွားသည်။[၈][၉] တူနီးရှား ဆန္ဒပြမှုသည် အီဂျစ် အပါအဝင် အာဖရိက မြောက်ပိုင်းနှင့် အရှေ့အလယ်ပိုင်းဒေသများသို့ ဂရက်လှိုင်းများ ရိုက်ခတ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Gov't: More than 78 deaths in Tunisian unrest
  2. BBC News - Tunisia protests against Ben Ali left 200 dead, says UN။ Bbc.co.uk (2009-05-16)။ 2011-02-01 တွင် ပြန်စစ်ပြီး။
  3. Spencer၊ Richard။ Tunisia riots: Reform or be overthrown, US tells Arab states amid fresh riots။ Telegraph။ 28 April 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-01-14 တွင် ပြန်စစ်ပြီး။
  4. Ryan၊ Yasmine။ Tunisia's bitter cyberwar။ Al Jazeera English။ 2011-01-14 တွင် ပြန်စစ်ပြီး။
  5. Tunisia's Protest Wave: Where It Comes From and What It Means for Ben Ali | The Middle East Channel။ Mideast.foreignpolicy.com (2011-01-03)။ 15 November 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2011-01-14 တွင် ပြန်စစ်ပြီး။
  6. Borger, Julian။ "Tunisian president vows to punish rioters after worst unrest in a decade"၊ The Guardian၊ Guardian Media Group၊ 29 December 2010။ 29 December 2010 တွင် ပြန်စစ်ပြီး 
  7. Tunisia suicide protester Mohammed Bouazizi dies, BBC, January 5, 2011.
  8. Wyre Davies (2010-12-15)။ BBC News – Tunisia: President Zine al-Abidine Ben Ali forced out။ Bbc.co.uk။ 2011-01-14 တွင် ပြန်စစ်ပြီး။
  9. Uprising in Tunisia: People Power topples Ben Ali regime။ Indybay (2011-01-16)။ 2011-01-26 တွင် ပြန်စစ်ပြီး။