တုဂီလာမြစ်

ဝီကီပီးဒီးယား မှ
Tugela
Thukela
The Tugela River with the Amphitheatre in the background
The course of the Tugela river, from the west to the east border of KwaZulu-Natal.
အခြားအမည်(များ)Thukela
CountrySouth Africa
ProvinceKwaZulu-Natal
TownsBergville, Colenso
အချက်အလက်များ
မြစ်ဖျားခံရာDrakensberg
စီးဝင်ရာနေရာIndian Ocean
အလျား၅၀၂ km (၃၁၂ mi)
မြစ်ဝှမ်း အချက်အလက်များ
မြစ်ဝှမ်းအရွယ်၂၉,၁၀၀ km2 (၁၁,၂၀၀ sq mi)

တုဂီလာမြစ် (Zulu: Thukela; Afrikaans: Tugelarivier) သည် တောင်အာဖရိက၊ KwaZulu-Natal စီရင်စုတွင် တည်ရှိသည့် အကြီးဆုံးမြစ်တစ်ခု ဖြစ်သည်။ နိုင်ငံ၏ အရေးအပါဆုံးမြစ်များထဲတွင် ပါဝင်သည့် မြစ်တစ်စင်းလည်း ဖြစ်သည်။[၁]

မြစ်သည် Drakensberg တောင်များ၏ Mont-aux-Sources မှ မြစ်ဖျားခံ စီးစင်းလာခဲ့သည်။ မြစ်သည် တုဂီလာရေတံခွန်အဖြစ် ၉၄၇ မီတာ အောက်သို့ စီးဆင်းသွားသည်။ Mont-aux-Sources သည် တောင်အာဖရိက၏ အခြားသော အဓိကကျသည့် မြစ်နှစ်စင်းဖြစ်သည့် Orange နှင့် Vaal တို့၏ မြစ်လက်တက်များ မြစ်ဖျားခံရာ ဖြစ်သည်။Drakensberg တောင်တန်းများမှတစ်ဆင့် တုဂီလာမြစ်သည် KwaZulu-Natal ဒေသအလယ်ပိုင်းသို့ စီးဆင်းလာခဲ့ပြီး ၅၀၂ ကီလိုမီတာ (၃၁၂ မိုင်) ရှည်လျားသည်။ အိန္ဒိယမြစ်အတွင်းသို့ မစီးဝင်ခင်အထိ အရှည်ဖြစ်သည်။[၂] ရေဖမ်းဧရိယာသည် ခန့်မှန်းခြေ ၂၉၁၀၀ စတုရန်းကီလိုမီတာ (၁၁၂၀၀ စတုရန်းမိုင်) ရှိသည်။[၂] ရေဖမ်းဧရိယာတွင် ကုန်းမြေသည် စိုက်ပျိုးရေးအတွက် အဓိကတန်ဖိုးရှိပြီး စီးပွားဖြစ် သစ်တောများလည်း ရှိသည်။

မြစ်လက်တက်များ[ပြင်ဆင်ရန်]

British troops crossing the river during the Second Boer War

တုဂီလာမြစ်တွင် Drakensberg မှ ဖြစ်တည်လာခဲ့သည့် မြစ်လက်တက်များစွာ ရှိသည်။ အကြီးဆုံးသော မြစ်လက်တက်သည် Mzinyathi ("Buffalo") မြစ် (Majuba တောင်ကုန်းမှ စီးဆင်းသည်) ဖြစ်သည်။ ထိုမြစ်အပြင် အခြားသော မြစ်လက်တက်များမှာ တုဂီလာမြစ်သေး၊ Klip River, Mooi River, Blood River, Sundays River, Ingagani River နှင့် Bushman River တို့ ဖြစ်ကြသည်။ တည်နေရာ 28°43′04″S 30°38′41″E. တွင် တုဂီလာဖယ်ရီ (Tugela Ferry) ၏ အရှေ့ဘက် ၁၉ ကီလိုမီတာ (၁၂ မိုင်) တွင် တုဂီလာမြစ်သည် Buffalo မြစ်နှင့် ချိတ်ဆက်သွားသည်။

ဇီဝဆိုင်ရာ[ပြင်ဆင်ရန်]

Scaly Yellowfish (Labeobarbus natalensis) မျာကို တုဂီလာမြစ်တွင် တွေ့ရသည်။[၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Key rivers of South Africa။ MyFundi။ 2012-07-10 တွင် မူရင်းအား မော်ကွန်းတင်ပြီး။
  2. ၂.၀ ၂.၁ Proposal to establishment a Catchment Management Agency for the Thukela Water Management Area - Appendix A။ Department of Water Affairs and Forestry (July 2004)။ 2008-10-21 တွင် ပြန်စစ်ပြီး။
  3. Technical Report on the State of Yellowfishes in South Africa 2007။ 29 June 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 6 January 2020 တွင် ပြန်စစ်ပြီး။