တီ-၉၀

ဝီကီပီးဒီးယား မှ

တီ-၉၀ (အင်္ဂလိပ် : T-90) ဟာ ရုရှားရဲ့ တတိယမျိုးဆက် ပင်မတိုက်ပွဲဝင်တင့်ကားဖြစ်ပါတယ်။ T-72BM တင့်တွေကိုအခြေခံပြီး T-80 မှ အချို့ လက္ခဏာများကို ပေါင်းစပ်၍ထုတ်လုပ်ထားခြင်းဖြစ်သည်။

ပင်မလက်နက်အနေ[ပြင်ဆင်ရန်]

T-80 များကဲ့သို့ပင် 2A46M ၁၂၅ မမ ပြောင်းချောအ​မြောက်ကို တပ်ဆင်ထားပြီး အဆင့်မြင့်စနစ်ဖြစ်သော အလိုအလျှောက်ကျည်ဖြည့်စနစ်ကို တပ်ဆင်ထားပါတယ်။ 2A46M မှာ တင့်ဖျက်ကျည်အမျိုးမျိုးကို ပစ်ခတ်နိုင်ပြီး (9M119M Refleks ATGM)  လေဆာလမ်းညွှန် ပဲ့ထိန်းတင့်ဖျက် ဒုံးများကိုလည်း ပစ်ခတ်နိုင်ပါတယ်။ ၎င်းဒုံးပျံသည် အကွာအဝေး (၆)ကီလိုမီတာမှ ပစ်မှတ်ကို (၁၇.၅)စက္ကန့်အတွင်း ထိမှန်အောင် ပစ်ခတ်နိုင်ပြီး၊ သံချပ်ကာအထူ (၃၇)လက်မကို ဖောက်ထွင်းဝင်ရောက် နိုင်ပါတယ်။ ထို့အပြင် အနိမ့်ပျံသန်းလာသော လေယာဉ်၊ ရဟတ်ယာဉ်များကိုပင် ပစ်ချနိုင်စွမ်းရှိပါတယ်။ ရဟတ်ယာဉ်နှင့် ခြေလျင်တပ်များနှင့် ရင်ဆိုင်ရာတွင် ပိုမိုထိရောက်သော 3OF26 HE-FRAG ဟုခေါ်သော လေကွဲကျည်ကို အမြှောက်တပ်သားမှ သတ်မှတ် ထားသောအကွာအဝေးတစ်ခုသို့ ပစ်ခတ်ဖောက်ခွဲနိုင်သည့် (Ainet Fuse Setting System) ကို တပ်ဆင်ထားပါတယ်။

ပစ်ခတ်မှုထိန်းချုပ်စနစ်[ပြင်ဆင်ရန်]

ညအချိန်တွင်ပင် (၈၀၀၀)မီတာမှ တင့်ကားအရွယ်ခန့်ပစ်မှတ်ကို တိကျစွာပစ်ခတ် နိုင်ပြီး၊ နေ့အချိန်တွင် (၈)ကီလိုမီတာ အကွာမှ ပစ်မှတ်ကို ထောက်လှမ်းပစ်ခတ်နိုင်ပါတယ်။ မြင်းကောင်ရေ (၁၀၀၀)အား လောင်စာမျိုးစုံသုံး ဒီဇယ်အင်ဂျင်ကိုတပ်ဆင်ထားပြီး တစ်နာရီ (၆၀)ကီလိုမီတာနှုန်း မောင်းနှင်နိုင်ပါတယ်။

အကာအကွယ်စနစ်များ[ပြင်ဆင်ရန်]

ပထမအဆင့်- Composite Armour ၊ ဒုတိယအဆင့်- တတိယမျိုးဆက် Kontakt-5 ERA (Explosive Reactive Armour)၊ တတိယအဆင့်- Shtora-1 “curtain” Countermeasures Suite စသည်ဖြင့် အဆင့်(၃)ဆင့်ပါ Three Tiered Protection System ကိုတပ်ဆင်ထားသည်။ ERA စနစ်နှင့် Composite Armor တွေတပ်ဆင်ထားသော်လည်း အလေးချိန်မှာ ပုံမှန် Steel-only Armor အလေးချိန်ခန့်သာ ရှိပါတယ်။ Shtora-1 ဟာ မိမိ၏ တင့်ကားကို ရန်သူ့လေဆာလမ်းညွှန်စနစ်/ပစ်မှတ်ရှာစနစ်တို့မှ ထောက်လှမ်းသည်တွေ့ရှိပါက တင့်အဖွဲ့သားများကို ချက်ချင်း သတိပေးပြီး၊ အမြောက်တပ်သားကို ၎င်းပစ်မှတ်အားပစ်ခတ်နိုင်စေရန် အမြှောက်ဆုံလည်ကို အလိုအလျောက် လှည့်လည် ချိန်ရွယ်ပေးသည်။ ပစ်မှတ်မှတ်ပုံတင်ပြီးသည်ကိုသိသည်နှင့်တစ်ပြိုင်နက် မီးခိုးဗုံးပစ်လောင်ချာများကို အလိုအလျှောက်ပစ်ခတ်စေ၍ မီးခိုးမှိုင်းကာချစနစ်ကို ပြုလုပ်ပါတယ်။ Infrared Jammer မှလည်း အနီအောက်ရောင်ခြည် ပဲ့ထိန်းဒုံးပျံများကို Jam လုပ်၍ လမ်းလွှဲပေးနိုင်ပါတယ်။ အိန္ဒိယ၏ T-90S များတွင် Shtora-1 စနစ်မပါဝင်ပဲ LEDS-150 Land Electronic Defence System ကိုပြောင်းလဲတပ်ဆင်ထားပါတယ်။ စမ်းသပ်မှုများအရ T-90 ဟာ အမျိုးမျိုးသော RPG, ATGM, APFSDS စသည့်လက်နက်များဒဏ်ကို ခံနိုင်ရည်ရှိကြောင်း တွေ့ရှိရပါတယ်။ စစ်ဆင်ရေးတစ်ခုတွင် T-90 ကို RPG (၇)ချက်ထိမှန်သော်လည်း ပြင်းထန်စွာထိခိုက်ခြင်းမရှိပဲ ဆက်လက်တာဝန်ထမ်းဆောင်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ထပ်မံ၍ T-90 ကို Nuclear, Biological & Chemical (NBC) Protection Equipment များ၊ အလိုအလျောက် မီးငြိမ်းသတ်စနစ် စသည်များတပ်ဆင်ပေးထားပါတယ်။ မိမိတင့်မရောက်မီ သံလိုက်မိုင်းများကို ကြိုတင်Disable လုပ်နိုင်သည့်  (EMT-7) Electromagnetic-counter Mine System ကိုလည်းတပ်ဆင်ထားပါတယ်။ မိမိ၏တင့်ကားကို Infrared, Thermal, Radar-Thermal, and Radar bands တို့နှင့် Detect လုပ်နိုင်ချေကို လျှော့ချ ပေးနိုင်တဲ့ Nakidka Signature Reduction Suite ကိုလည်း တပ်ဆင်ပေးထားပါတယ်။

ကိုးကားချက်[ပြင်ဆင်ရန်]

https://myanmarmilitary.wordpress.com/2013/08/22/t-90-4-25-mil-2/