တီးဇယ်ပင်

ဝီကီပီးဒီးယား မှ

တီးဇယ်ပင်သည် ဆူး‌လေပင်နှင့်တူ‌သော သစ်နုပင်မျိုးဖြစ် သည်။ ဆူး‌လေပင် ရုက္ခ‌ဗေဒ အလိုအားဖြင့် တီးဇယ်ပင် မျိုး ၃ မျိုးခန့်ရှိ၍၊ ယင်းတို့သည် ‘ဒစ်ပစာ‌ကေစီအီး’မျိုးရင်းတွင်ပါဝင်ကြသည်။ တီးဇယ်ပင်များသည် ဥ‌ရောပတိုက်နှင့်အာရှတိုက်‌မြောက်ပိုင်းတွင် မူလ‌ပေါက်‌ရောက်ကြသည်။

တီးဇယ်ပင်၏ အရွက်မှာ ရှည်၍ရိုးတံမပါ‌ပေ။ ပင်စည်၌ ဆူးများပါရှိသည်။ အပွင့်သည် သန်မာ‌သောပွင့်ခံ ရွက်များနှင့် ဝိုင်းလျက်ရှိသည်။ အပွင့်မှာ လတ်ဆတ်၍၊ အတွင်း၌ အ‌ခေါင်း ပါရှိသည်။ အ‌ရောင်မှာဖြူသည်။

သိုး‌မွေးထည်နှင့် အခြားအထည်မျိုးများ၌ အ‌မွေးထလာ အောင်ပြုလုပ်ရာတွင် တီးဇယ်အပွင့်‌ခြောက်များကို အသုံးပြုကြ သည်။ ထိုအပွင့်‌ခြောက်များကို ၂ ခြမ်းခွဲ၍၊ ဒလိမ့်တုံးတွင် တပ်ဆင်ပြီးလျှင် အထည်များကို ထိုဒလိမ့်တုံးဖြင့် တိုက်‌ပေးကြသည်။ ဤသို့လျှင် တီးဇယ်ပင်မှာ သိုး‌မွေးနှင့်အခြားအထည် လုပ်ငန်း၌ အသုံးဝင်‌သော‌ကြောင့် ကမ္ဘာအရပ်ရပ်တွင် တီးဇယ်ပင်ကို ‌ကောင်းစွာစိုက်ပျိုးယူကြသည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)