တီကားလ်

ဝီကီပီးဒီးယား မှ
တီကားလ် အမျိုးသားဥယျာဉ်*
UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ

Tikal Temple1 2006 08 11.JPG
တည်ရှိသည့် နိုင်ငံ  ဂွါတီမာလာ
အမျိုးအစား အမျိုးစုံ
ရွေးချယ်သည့်စံနှုန်း i,iii,iv, ix, x
ကိုးကား ၆၄
ဒေသ** လက်တင်အမေရိက နှင့် ကာရစ်ဘီယံ
သတ်မှတ်ခြင်း မှတ်တမ်း
စတင်သတ်မှတ်ခြင်း ၁၉၇၉  (တတိယအကြိမ်)
* ယူနက်စကိုကမ္ဘာ့အမွေခံစာရင်းတွင် ရေးထိုးထားသောအမည်
** ယူနက်စကိုမှ ခွဲခြားသတ်မှတ်ထားသောဒေသ

တီကားလ် သည် ယခင်က ယက်စ်မြူတယ်ဟု အမည်တွင်ခဲ့ပုံရသော ရှေးဟောင်းမြို့တော်၏ အပျက်အစီးတစ်ခု ဖြစ်ကာ ဂွါတီမာလာနိုင်ငံ၏ မိုးသစ်တော တစ်ခု အတွင်းတွင် တွေ့ရသည်။[၁] စစ်တပ် အင်ဂျင်နီယာ တစ်ဦးဖြစ်သူ အမ်ဘရိုဆို တွတ် မှ ထိုအပျက်အစီးများအကြောင်းကို ဂွါတီမာလာ သတင်းစာ လာဂါစီတာ သို့ သတင်းပို့ခဲ့ပြီး သတင်းစာမှာ ထိုနေရာအား တီကားလ်ဟု အမည်ပေးခဲ့သည်။ ဘာလင် သိပ္ပံအကယ်ဒမီ မဂ္ဂဇင်းမှ ၁၈၅၃ ခုနှစ် အစီရင်ခံစာကို ထပ်မံ ထုတ်ပြန်လိုက်သော အခါတွင် ရှေးဟောင်းသုတေသန ပညာရှင်များ နှင့် ရတနာမုဆိုးများ ထိုမိုးသစ်တောသို့ စတင်သွားရောက်ကြသည်။ ယနေ့တွင် ကမ္ဘာလှည့်ခရီးသွားများကြောင့် မိုးသစ်တောကို ကူညီ ထိန်းသိမ်းပေးသကဲ့သို့ပင် ရှိသည်။ [၂] ထိုနေရာမှာ ကိုလံဘီယံ ခေတ်မတိုင်မီက မာယာ ယဉ်ကျေးမှု လူ့အဖွဲ့အစည်း ၏ အကြီးဆုံး ရှေးဟောင်းသုတေသန နယ်မြေ နှင့် မြို့ပြ ဌာန တစ်ခုပင် ဖြစ်သည်။ ပီတန်မြစ်ဝှမ်း ရှေးဟောင်းသုတေသနဒေသ အတွင်း တည်ရှိပြီး ယခုအခါ ဂွါတီမာလာနိုင်ငံ၏ မြောက်ပိုင်း ဖြစ်သည်။ အယ်လ်ပီတန် နယ်မြေ အတွင်း တည်ရှိပြီး ထိုဒေသသည် ဂွါတီမာလာနိုင်ငံ တီကားလ်အမျိုးသား ဥယျာဉ်၏ တစိတ်တဒေသဖြစ်ကာ ၁၉၇၉ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. Tikal Information။ CyArk။ 30 September 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 19 December 2014 တွင် ပြန်စစ်ပြီး။
  2. မော်ကွန်းတင်ပြီးမိတ္တူ။ 13 February 2015 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 23 July 2017 တွင် ပြန်စစ်ပြီး။