တို့တိုင်းပြည် (ကဗျာ)

ဝီကီပီးဒီးယား မှ

တို့တိုင်းပြည်ကဗျာကို အမျိုးသားစာဆို ဆရာ ဇော်ဂျီ ရေးသားပြီး၊ ၁၉၃၅ ခုနှစ် ဩဂုတ်လထုတ် ကြီးပွားရေးမဂ္ဂဇင်း အတွဲ (၃) အမှတ် (၁၀) တွင် ပုံနှိပ်ဖော်ပြခဲ့သည်။ မြန်မာတို့အား မျိုးချစ်စိတ်ဓာတ် နိုးကြားတက်ကြွေစေလိုသည့် စေတနာဖြင့် ရေးဖွဲ့ထားကြောင်း ထင်ရှားစွာ တွေ့မြင်ရသည်။

ကဗျာစာသား[ပြင်ဆင်ရန်]

ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
စေတီစပါး များလည်းများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
ယာစကာမျိုး တညှိုးညှိုးနှင့်
ပုထိုးမြင့်မောင်း ကျောင်းကြိုကျောင်းကြား
လှည့်လည်သွားလျက်
မစားလေရ ဝမ်းမဝ၍
ဆွမ်းမျှမတင်နိုင် ရှိမည်တည်း။
ထလော့မြန်မာ အိုမြန်မာတို့
တို့ရွာတို့မြေ တို့ရွာမြေဝယ်
ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့်
သီးနှံချိုပျား များလည်းများ၏
များပါလေလဲ တမွဲမွဲနှင့်
ဆင်းရဲကာသာ ကာလကြာလျှင်
မြင်သာမြင်ရ မစားရ၍
တောကပြိတ္တာ ဖြစ်မည်တည်း။
ထလော့မြန်မာ မြန်မာထလော့
အားမပျော့နှင့် မလျော့လုံ့လ
သူကစ၍ ငါကအားလုံး
လက်ရုံးများမြောင် ဉာဏ်များမြောင်နှင့်
စွမ်းဆောင်ကြလေ ဆောင်ကြလေလော့
ဤမြေဤရွာ ဘယ်သူ့ရွာလဲ
ဤယာစပါး ဘယ်သူ့စပါးလဲ
ထားလော့တာဝန် ပွန်လော့လုပ်ငန်း
ဉာဏ်ရှေ့ပန်း၍
တစ်ဝမ်းတစ်စိတ် ညီစေသတည်း။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ဇော်ဂျီ (ဇွန် ၁၉၉၈)။ ဇော်ဂျီ ကဗျာပေါင်းချုပ်။ ရန်ကုန်: စာပေလောကစာအုပ်တိုက်။ p. ၁၀၃။