တိုဘက်စကိုမြို့

ဝီကီပီးဒီးယား မှ

တိုဘက်စကိုမြို့သည် ဖက်ဒရယ်ပြည်နယ်အုပ်ချုပ်ရေးတွင် ၃၁ ပြည်နယ်အတွင်းမှ တစ်ခုဖြစ်ပြီး မက္ကဆီကိုနိုင်ငံရှိ မြို့တစ်ခုသည်။၎င်းကို ၁၇ မြူနီစီပါယ် အတွင်း ခွဲခြားထားပြီး ၎င်း၏ မြို့တော်မှာ ဗီလာဟာမိုဆ(Villahermosa) ဖြစ်သည်။ ၎င်းမြို့သည် မက္ကဆီကိုနိုင်ငံ၏ တောင်ဘက်တွင် တည်ရှိသည်။ တီဟူရန့်ဒ်ပီးကျွန်းဆက် မြောက်ဘက်ပိုင်း၏ တဝက်ခန့်နှင့်လည်း ဆက်နေသည်။ အနောက်ဘက်တွင် ဗာရက်ရူဇ် ပြည်နယ်ဖြင့် နယ်နမိတ် ပိုင်းခြားပြီး၊ တောင်ဘက်တွင် ချိုင်းပက်စ် နှင့် အရှေ့မြောက်ပိုင်းတွင် ကမ်းပိချ်ပြည်နယ် တို့ဖြင့်လည်းကောင်း ပိုင်းခြား သတ်မှတ်ထားသည်။ အနောက်ဘက်တွင် မက္ကဆီကိုပင်လယ်ကွေ့ ကမ်းရိုးတန်းကြီး အထင်ကရရှိပြီး အရှေ့ဘက်တွင် ကွာတာမီလန်နိုင်ငံဖြင့် နယ်နမိတ် သတ်မှတ်ထားသည်။