တိုပူကီ

ဝီကီပီးဒီးယား မှ
ငရုတ်ဆီဆမ်း ဆန်မုန့်ချောင်းကြော်အား မြင်ရပုံ

တိုပူကီ (ကိုရီးယား: 떡볶이) သည် ကိုရီးယားအစားအစာ ဆန်မုန့်ချောင်းကြော် ဖြစ်သည်။ ကြက်သွန်မြိတ်၊ ကြက်ဥပြုတ်၊ ငါးမုန့်တို့နှင့် တွဲစားလေ့ ရှိသည်။ အရသာစွက်ရန် ပဲဆီရည် သို့မဟုတ် ငရုတ်ဆီရည် ထည့်စား တတ်သည်။ ရှေးက ငရုတ်ဆီရည်ကိုသာ သုံးပြီး နောင်သော် နန်းသုံးနည်းဖြစ်သော ပဲဆီထည့်သည်ကလည်း လူထုကြား ရောက်လာသည်။ ယခုအခါ ရသာစွက်ရည်မျိုးစုံ သုံးလာကြပြီး သွားရည်စာဆိုင်၊ လမ်းဘေးဆိုင်တို့၏ မပါမဖြစ် စားစရာတစ်မျိုး ဖြစ်နေပြီ ဖြစ်သည်။