တိုင်း၍ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်

ဝီကီပီးဒီးယား မှ

တိုင်း၍ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့် ဟူသည်မှာ မြန်မာစကားပုံတစ်ခု ဖြစ်သည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

မိမိကိုယ်နှင့် တိုင်း၍ ရက်ထားသကဲ့သို့သော ပက္ကလာကို မိုးရွာသည့်အချိန်နှင့် တိုက်ဆိုင်စွာ အခန့်သင့်ရသကဲ့သို့ အကြောင်းနှစ်ရပ်သည် အခန့်သင့်စွာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်သည်။ [၁]

မူလရင်းမြစ်[ပြင်ဆင်ရန်]

  • "တိုင်း၍ရက်တဲ့ပက္ကလာ၊ မိုးရွာသည်နှင့် မှာ၍ထားသည့်နှယ် အလားသင့်ဆိုသကဲ့သို့၊" [၁၁၅၂-ခန့်] ကျည်း။ ၁၄၂။
  • "ငွေထုပ်ချင်းတူ၊ လူရွယ်ချင်းမျှ၊ အလှချင်းနတ်ဖက်၊ တိုင်း၍ရက်တဲ့ ပက္ကလာ၊ မိုးရွာသည်နှင့် အခန့်သင့်၊ အခွင့်ဆီဆိုင်၊ အတိုင်အလှည့်၊ အစပ်ဖြင့်တည့်လှပေါ့။" [၁၂၂၅-ခန့်] ရေသည်။ ၄၀။

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. မြန်မာစကားပုံ (စတုတ္ထအကြိမ်တည်းဖြတ်ထုတ်ဝေခြင်း ed.)။ မြန်မာစာအဖွဲ့ဦးစီးဌာန။ ဇွန် ၂၀၀၈။ p. နှာ-၉၁။